ဘာစီလိုနာစတားဂါဗီကို စာချုပ်ပါအချက်အတိုင်း ငွေပေးပြီး ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းအပြိုင်ကြိုးပမ်းနေ

ချဲလ်ဆီးဟာဘာစီလိုနာကွင်းလယ်ကစားသမားဂါဗီကိုစာချုပ်ပါအချက်အတိုင်းပြောင်းရွှေ့ကြေးယူရိုသန်း၅၀ပေးကာခေါ်ယူရန်အသင့်ရှိနေကြောင်းသိရပါတယ်။

အသက်၁၇နှစ်ရှိကွင်းလယ်ကစားသမားဟာယခုရာသီတွင်ဘာစီလိုနာပထမအသင်းသို့တက်လှမ်းလာခဲ့သော်လည်းခြေစွမ်းပြကစားနိုင်မှုနဲ့အတူစပိန်လက်ရွေးစင်အသင်းတွင်ပါကစားခွင့်ရရှိနေပါတယ်။

သူ့ရဲ့စာချုပ်မှာ၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးနေဆဲဖြစ်ပါတယ်။

El Nactional ကချဲလ်ဆီးဟာအနာဂတ်တွင်တောက်ပလာဖို့သေချာနေတဲ့ဂါဗီကိုခေါ်ယူလိုနေပါတယ်။

ချဲလ်ဆီးဟာကွင်းလယ်တွင်ဂျော်ဂျင်ဟို၊အန်ဂိုလိုကန်တီ၊ကိုဗာဆစ်တို့ကိုအဓိကထားအသုံးပြုနေပြီးအရန်အဖြစ်ဆောလ်၊ဘာကလေ၊လိုတပ်ခ်ချက်ခ်တို့ရှိနေပါတယ်။

ဒါပေမယ့်ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာလူငယ်ကြယ်ပွင့်ဂါဗီကို အခြားကလပ်များထက်လက်ဦးမှုရယူရန်ဆန္ဒပြင်းပြနေပါတယ်။

ဘာစီလိုနာဟာလည်းဂါဗီရဲ့အနာဂတ်စိတ်ချရစေရန်စာချုပ်သစ်ချုပ်ဆိုလိုနေပြီးစာချုပ်သစ်အတွင်သူ့ကိုယူရိုသန်း၉၀၀ဖြင့်ခေါ်ယူရမယ့်အချက်ထည့်သွင်းလိုနေပါတယ်။

တကယ်တော့ဂါဗီကိုခေါ်ယူလိုနေတာချဲလ်ဆီးတစ်သင်းတည်းမဟုတ်ပါဘူး။မန်ယူ၊အာဆင်နယ်၊လီဗာပူး၊မန်စီးတီးနှင့်စပါးစ်တို့ကလည်းခေါ်ယူရန်စိတ်ဝင်စားနေကြပါတယ်။ဒါ့အပြင်ပီအက်စ်ဂျီ၊ဘိုင်ယန်မြူးနစ်နှင့်ဂျူဗင်တပ်တို့ကလည်းဂါဗီနှင့်ဘာစီလိုနာတို့ရဲ့စာချုပ်ကိစ္စဆွေးနွေးမှုကိုစောင့်ကြည့်နေပါတယ်။

ZawGyi

ဘာစီလိုနာစတားဂါဗီကို စာခ်ဳပ္ပါအခ်က္အတိုင္း ေငြေပးၿပီး ေခၚယူဖို႔ ပရီးမီးယားလိဂ္ထိပ္သီး ၆ သင္းအၿပိဳင္ႀကိဳးပမ္းေန

ခ်ဲလ္ဆီးဟာဘာစီလိုနာကြင္းလယ္ကစားသမားဂါဗီကိုစာခ်ဳပ္ပါအခ်က္အတိုင္းေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၅၀ေပးကာေခၚယူရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။

အသက္၁၇ႏွစ္ရွိကြင္းလယ္ကစားသမားဟာယခုရာသီတြင္ဘာစီလိုနာပထမအသင္းသို႔တက္လွမ္းလာခဲ့ေသာ္လည္းေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူစပိန္လက္ေ႐ြးစင္အသင္းတြင္ပါကစားခြင့္ရရွိေနပါတယ္။

သူ႔ရဲ႕စာခ်ဳပ္မွာ၂၀၂၃ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးေနဆဲျဖစ္ပါတယ္။

El Nactional ကခ်ဲလ္ဆီးဟာအနာဂတ္တြင္ေတာက္ပလာဖို႔ေသခ်ာေနတဲ့ဂါဗီကိုေခၚယူလိုေနပါတယ္။

ခ်ဲလ္ဆီးဟာကြင္းလယ္တြင္ေဂ်ာ္ဂ်င္ဟို၊အန္ဂိုလိုကန္တီ၊ကိုဗာဆစ္တို႔ကိုအဓိကထားအသုံးျပဳေနၿပီးအရန္အျဖစ္ေဆာလ္၊ဘာကေလ၊လိုတပ္ခ္ခ်က္ခ္တို႔ရွိေနပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာလူငယ္ၾကယ္ပြင့္ဂါဗီကို အျခားကလပ္မ်ားထက္လက္ဦးမႈရယူရန္ဆႏၵျပင္းျပေနပါတယ္။

ဘာစီလိုနာဟာလည္းဂါဗီရဲ႕အနာဂတ္စိတ္ခ်ရေစရန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနၿပီးစာခ်ဳပ္သစ္အတြင္သူ႔ကိုယူ႐ိုသန္း၉၀၀ျဖင့္ေခၚယူရမယ့္အခ်က္ထည့္သြင္းလိုေနပါတယ္။

တကယ္ေတာ့ဂါဗီကိုေခၚယူလိုေနတာခ်ဲလ္ဆီးတစ္သင္းတည္းမဟုတ္ပါဘူး။မန္ယူ၊အာဆင္နယ္၊လီဗာပူး၊မန္စီးတီးႏွင့္စပါးစ္တို႔ကလည္းေခၚယူရန္စိတ္ဝင္စားေနၾကပါတယ္။ဒါ့အျပင္ပီအက္စ္ဂ်ီ၊ဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ဴဗင္တပ္တို႔ကလည္းဂါဗီႏွင့္ဘာစီလိုနာတို႔ရဲ႕စာခ်ဳပ္ကိစၥေဆြးေႏြးမႈကိုေစာင့္ၾကည့္ေနပါတယ္။