
အက်သလက်တီကိုမက်ဒရစ်ဟာဘာစီလိုနာစတားမမ်ဖစ်ဒီပေးကိုပြောင်းရွှေ့ကြေးပေါင်၂.၆သန်း(ယူရို၃သန်း)ဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။
အသက်၂၈နှစ်ရှိနယ်သာလန်စတားဟာလိုင်ယွန်မှထွက်ခွာကာဘာစီလိုနာသို့၂နှစ်ခွဲစာချုပ်ဖြင့်ပြောင်းလာပြီးနောက် လာမယ့်နွေရာသီတွင်စာချုပ်သက်တမ်းကုန့်ဆုံးမဲ့သူလည်းဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ကြေညာချက်အရဒီပေးရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အနာဂတ်တွင်အက်သလက်တီကိုရဲ့တောင်ပံကစားသမားယန်နစ်ခ်ကာရက်စ်ကိုအားနူးကမ့်သို့ခေါ်ဆောင်နိုင်မဲ့အချက်လည်းပါဝင်ကြောင်းသိရပါတယ်။
ယူနိုက်တက်တောင်ပံကစားသမားဟောင်းဒီပေးဟာယခုရာသီတွင်ဘာစီလိုနာအတွက်၄ပွဲတည်းသာကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။
သူဟာ၂၀၂၁ခုနှစ်နွေရာသီတွင်ဘာစီလိုနာသို့လိုင်ယွန်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီးနောက်၄၂ပွဲကစားကာ၁၄ဂိုးသွင်းပေးထားပါတယ်။
ဘာစီလိုနာဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပေါ်တူဂီစတားဖီးလစ်ကိုချဲလ်ဆီးသို့အငှားချလိုက်ပြီးနောက် ဒီပေးကိုအစားထိုးခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။
ZawGyi
ဘာစီလိုနာစတားဒီေပးကို အက္သလက္တီကို ေခၚယူအားျဖည့္
အက္သလက္တီကိုမက္ဒရစ္ဟာဘာစီလိုနာစတားမမ္ဖစ္ဒီေပးကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၂.၆သန္း(ယူ႐ို၃သန္း)ျဖင့္ေခၚယူအားျဖည့္လိုက္ပါတယ္။
အသက္၂၈ႏွစ္ရွိနယ္သာလန္စတားဟာလိုင္ယြန္မွထြက္ခြာကာဘာစီလိုနာသို႔၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းလာၿပီးေနာက္ လာမယ့္ေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန႔္ဆုံးမဲ့သူလည္းျဖစ္ပါတယ္။
ဘာစီလိုနာရဲ႕ေၾကညာခ်က္အရဒီေပးရဲ႕အေျပာင္းအေ႐ႊ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ အနာဂတ္တြင္အက္သလက္တီကိုရဲ႕ေတာင္ပံကစားသမားယန္နစ္ခ္ကာရက္စ္ကိုအားႏူးကမ့္သို႔ေခၚေဆာင္ႏိုင္မဲ့အခ်က္လည္းပါဝင္ေၾကာင္းသိရပါတယ္။
ယူႏိုက္တက္ေတာင္ပံကစားသမားေဟာင္းဒီေပးဟာယခုရာသီတြင္ဘာစီလိုနာအတြက္၄ပြဲတည္းသာကစားခြင့္ရထားသူလည္းျဖစ္ပါတယ္။
သူဟာ၂၀၂၁ခုႏွစ္ေႏြရာသီတြင္ဘာစီလိုနာသို႔လိုင္ယြန္မွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာၿပီးေနာက္၄၂ပြဲကစားကာ၁၄ဂိုးသြင္းေပးထားပါတယ္။
ဘာစီလိုနာဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေပၚတူဂီစတားဖီးလစ္ကိုခ်ဲလ္ဆီးသို႔အငွားခ်လိုက္ၿပီးေနာက္ ဒီေပးကိုအစားထိုးေခၚယူလိုက္တာလည္းျဖစ္ပါတယ္။