ဘာစီလိုနာစွန့်ပစ်ခံဘဝမှ လာလီဂါဖလားဆွတ်ခူးနိုင်ပြီးနောက် မိသားစုနှင့်ဖုန်းပြောရာတွင် ငိုယိုနေခဲ့တဲ့ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာဗယ်လာဒိုးလစ်ကိုအနိုင်ရရှိကာအက်သလက်တီကိုနှင့်အတူလာလီဂါဖလားဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မိသားစုနှင့် Face Time ဗီဒီယိုဖုန်းခေါ်ရာတွင်ငိုယိုနေခဲ့ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကဗီလာရီးရဲလ်ကိုအနိုင်ရရှိခဲ့သော်လည်းဒီယေဂိုဆီမြွန်နီရဲ့အက်သလက်တီကိုဟာဗယ်လာဒိုးလစ်ကိုအနိုင်ရယူနိုင်ခဲ့ပြီးတဲ့နောက်လာလီဂါချန်ပီယံဖြစ်ခဲ့ပါတယ်။

ဗယ်လာဒိုးလစ်ဟာအော်စကာပလာနိုရဲ့ဂိုးဖြင့်အက်သလက်တီကိုအားတုန်လှုပ်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ဒုတိယပိုင်းမှာအိန်ဂျယ်ကော်ရီရာကအက်သလက်တီကိုအတွက်ချေပဂိုးသွင်းခဲ့ပြီးဆွာရက်ဇ်ကအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဆွာရက်ဇ်ဟာစက်တင်ဘာလတုန်းကနည်းပြရော်နယ်ကိုးမန်းကအလိုမရှိမှုကြောင့်အက်သလက်တီကိုသို့ပြောင်းခဲ့ရပါတယ်။အသက်၃၄နှစ်ရှိလီဗာပူးတိုက်စစ်မှူးဟောင်းဟာအက်သလက်တီကိုအတွက်လာလီဂါဂိုး၂၁ဂိုးသွင်းယူကာလာလီဂါဖလားရရှိအောင်ကူညီနိုင်ခဲ့ပါတယ်။

သူဟာလာလီဂါဂိုးအများဆုံးသွင်းယူသူများစာရင်းမှာဂိုးသွင်းဘုရင်လီယွန်နယ်မက်ဆီ၊ဘန်ဇီးမား၊မိုရီနိုတို့နောက်တွင်ရပ်တည်နိုင်ခဲ့ပါတယ်။

ZawGyi

ဘာစီလိုနာစြန႔္ပစ္ခံဘဝမွ လာလီဂါဖလားဆြတ္ခူးႏိုင္ၿပီးေနာက္ မိသားစုႏွင့္ဖုန္းေျပာရာတြင္ ငိုယိုေနခဲ့တဲ့ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာဗယ္လာဒိုးလစ္ကိုအႏိုင္ရရွိကာအက္သလက္တီကိုႏွင့္အတူလာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးတဲ့ေနာက္မိသားစုႏွင့္ Face Time ဗီဒီယိုဖုန္းေခၚရာတြင္ငိုယိုေနခဲ့ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ကဗီလာရီးရဲလ္ကိုအႏိုင္ရရွိခဲ့ေသာ္လည္းဒီေယဂိုဆီႁမြန္နီရဲ႕အက္သလက္တီကိုဟာဗယ္လာဒိုးလစ္ကိုအႏိုင္ရယူႏိုင္ခဲ့ၿပီးတဲ့ေနာက္လာလီဂါခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဗယ္လာဒိုးလစ္ဟာေအာ္စကာပလာႏိုရဲ႕ဂိုးျဖင့္အက္သလက္တီကိုအားတုန္လႈပ္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ဒုတိယပိုင္းမွာအိန္ဂ်ယ္ေကာ္ရီရာကအက္သလက္တီကိုအတြက္ေခ်ပဂိုးသြင္းခဲ့ၿပီးဆြာရက္ဇ္ကအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဆြာရက္ဇ္ဟာစက္တင္ဘာလတုန္းကနည္းျပေရာ္နယ္ကိုးမန္းကအလိုမရွိမႈေၾကာင့္အက္သလက္တီကိုသို႔ေျပာင္းခဲ့ရပါတယ္။အသက္၃၄ႏွစ္ရွိလီဗာပူးတိုက္စစ္မႉးေဟာင္းဟာအက္သလက္တီကိုအတြက္လာလီဂါဂိုး၂၁ဂိုးသြင္းယူကာလာလီဂါဖလားရရွိေအာင္ကူညီႏိုင္ခဲ့ပါတယ္။

သူဟာလာလီဂါဂိုးအမ်ားဆုံးသြင္းယူသူမ်ားစာရင္းမွာဂိုးသြင္းဘုရင္လီယြန္နယ္မက္ဆီ၊ဘန္ဇီးမား၊မိုရီႏိုတို႔ေနာက္တြင္ရပ္တည္ႏိုင္ခဲ့ပါတယ္။