ဘာစီလိုနာတွင် ဆက်ကစားရန် မက်ဆီကို နည်းပြကိုးမန်းတိုက်တွန်း

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကလီယွန်နယ်မက်ဆီအနေဖြင့်ဘာစီလိုနာရဲ့အနာဂတ်စီမံကိန်းအပေါ်တွင်သံသယမဝင်သင့်ကြောင်းပြောကြားကာနျူးကမ့်တွင်ဆက်ကစားရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

လီယွန်နယ်မက်ဆီဦးဆောင်တဲ့ဘာစီလိုနာဟာမနေ့ညတုန်းကပီအက်စ်ဂျီကိုနှစ်ကျော့ပေါင်းရလဒ်၅-၂ဂိုးဖြင့်ရှုံးနိမ့်ကာချန်ပီယံလိဂ်၁၆သင်းအဆင့်မှထွက်ခွာခဲ့ရပါတယ်။

ကိုးမန်းကBallon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားနိုင်တဲ့မက်ဆီအားနျူးကမ့်တွင်ဆက်ကစားရန်တိုက်တွန်း သွားခဲ့သော်လည်းအနာဂတ်ကိုကိုယ်တိုင်သာဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်းဆိုသွားပါတယ်။

ကိုးမန်းက “မက်ဆီအနေနဲ့သူ့ကိုယ်ပိုင်အနာဂတ်ကိုဘဲဆုံးဖြတ်ပိုင်ခွင့်ရှိနေပါတယ်။ဒါနဲ့ပတ်သက်ပြီးဘယ်သူမှ ဘာမှမလုပ်နိုင်ပါဘူး။အသင်းဟာလည်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတယ်ဆိုတာသူမြင်နိုင်ပါတယ်။ကျွန်တော်တို့အပြောင်းအလဲလုပ်ခဲ့တယ်။လူငယ်တွေကတော့ပိုကောင်းလာကြပါလိမ့်မယ်။ဒီအသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူ့အနေနဲ့သံသယမဝင်သင့်ပါဘူး”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ဘာစီလိုနာဥက္ကဌသစ်အဖြစ်လာပေါ်တာရွေးချယ်ခြင်းခံရမှုနဲ့အတူနျူးကမ့်တွင်မက်ဆီဆက်လက်ကစားနိုင်သေးတယ်လို့လည်းအားလုံးက ယူဆနေကြပါတယ်။

ZawGyi

ဘာစီလိုနာတြင္ ဆက္ကစားရန္ မက္ဆီကို နည္းျပကိုးမန္းတိုက္တြန္း

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကလီယြန္နယ္မက္ဆီအေနျဖင့္ဘာစီလိုနာရဲ႕အနာဂတ္စီမံကိန္းအေပၚတြင္သံသယမဝင္သင့္ေၾကာင္းေျပာၾကားကာန်ဴးကမ့္တြင္ဆက္ကစားရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

လီယြန္နယ္မက္ဆီဦးေဆာင္တဲ့ဘာစီလိုနာဟာမေန႔ညတုန္းကပီအက္စ္ဂ်ီကိုႏွစ္ေက်ာ့ေပါင္းရလဒ္၅-၂ဂိုးျဖင့္ရႈံးနိမ့္ကာခ်န္ပီယံလိဂ္၁၆သင္းအဆင့္မွထြက္ခြာခဲ့ရပါတယ္။

ကိုးမန္းကBallon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားႏိုင္တဲ့မက္ဆီအားန်ဴးကမ့္တြင္ဆက္ကစားရန္တိုက္တြန္း သြားခဲ့ေသာ္လည္းအနာဂတ္ကိုကိုယ္တိုင္သာဆုံးျဖတ္ပိုင္ခြင့္ရွိေၾကာင္းဆိုသြားပါတယ္။

ကိုးမန္းက “မက္ဆီအေနနဲ႔သူ႔ကိုယ္ပိုင္အနာဂတ္ကိုဘဲဆုံးျဖတ္ပိုင္ခြင့္ရွိေနပါတယ္။ဒါနဲ႔ပတ္သက္ၿပီးဘယ္သူမွ ဘာမွမလုပ္ႏိုင္ပါဘူး။အသင္းဟာလည္းမွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနတယ္ဆိုတာသူျမင္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔အေျပာင္းအလဲလုပ္ခဲ့တယ္။လူငယ္ေတြကေတာ့ပိုေကာင္းလာၾကပါလိမ့္မယ္။ဒီအသင္းရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးသူ႔အေနနဲ႔သံသယမဝင္သင့္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာယခုရာသီအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ဘာစီလိုနာဥကၠဌသစ္အျဖစ္လာေပၚတာေ႐ြးခ်ယ္ျခင္းခံရမႈနဲ႔အတူန်ဴးကမ့္တြင္မက္ဆီဆက္လက္ကစားႏိုင္ေသးတယ္လို႔လည္းအားလုံးက ယူဆေနၾကပါတယ္။