ဘာစီလိုနာတွင် ပြဿနာတက်ခဲ့တဲ့ မိုရီဘာကို ပေါင် ၁၄ သန်းဖြင့် လိုက်ဇစ်ခေါ်ယူ
လိုက်ဇစ်ဟာဘာစီလိုနာကွင်းလယ်ကစားသမားလိုက်စ်မိုရီဘာအားပြောင်းရွှေ့ကြေးပေါင်၁၄သန်းဖြင့်ခေါ်ယူလိုက်ပါတယ်။ဂီနီအလယ်တန်းကစားသမားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်များတွင်စပါးစ်သို့ရောက်မယ်လို့သတင်းများစွာထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်လိုက်ဇစ်ဟာစပါးစ်ထက်လက်ဦးမှုရယူပြီးအသက်၁၈နှစ်ရှိမိုရီဘာအားငါးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။
မိုရီဘာဟာဘာစီလိုနာနှင့်တစ်နှစ်ကျန်စာချုပ်အားသက်တမ်းတိုးချုပ်ဆိုရန်ငြင်းဆိုနေမှုနဲ့အတူပထမအသင်း၊အရန်အသင်းတို့မှဖယ်ရှားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
မိုရီဘာဟာစပါးစ်ရဲ့ကမ်းလှမ်းမှုကိုစိတ်ဝင်စားခဲ့ပေမယ့်ချန်ပီယံလိဂ်ကစားခွင့်မရရှိမှုနဲ့အတူလိုက်ဇစ်ကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။လိုက်ဇစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကဘွန်ဒက်စ်လီဂါတွင်အဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။
မိုရီဘာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘာစီလိုနာအတွက်၁၄ပွဲကစားခဲ့သူဖြစ်ပါတယ်။
ZawGyi
pmnews