ဘာစီလိုနာတွင် မက်ဆီဆက်ရှိနေလျှင် ဂရက်ဇ်မန်း ထွက်ခွာခွင့်တောင်းမည်

အန်တိုနီယိုဂရက်ဇ်မန်းဟာလီယွန်နယ်မက်ဆီသာစာချုပ်သစ်ချုပ်ဆိုကာဆက်ရှိနေလျှင် ဘာစီလိုနာအသင်းတာဝန်ရှိသူများထံသို့အသင်းပြောင်းခွင့်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့ဇွန်လအကုန်မှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။လက်ရှိအချိန်တွင်မက်ဆီနှင့်ဘာစီလိုနာနှစ်ဖက်စလုံးကစာချုပ်သစ်ချုပ်ဆိိုလိုနေသော်လည်းကလပ်ဘက်ကအသုံးစရိတ်လျှော့ချမှုပြုလုပ်ပြီးမှသာလျှင်စာချုပ်သစ်ချုပ်ဆိုနိုင်ပါမယ်။

ဘာစီလိုနာဟာကြွေးမြီများရှိနေမှု၊လုပ်ခအသုံးစရိတ်မြင့်မားနေမှုတို့ကြောင့်အသစ်ခေါ်ယူထားတဲ့အဂူရို၊ဂါစီယာ၊ဒီပေးနှင့်အီမာဆင်တို့အားလာလီဂါမှာမှတ်ပုံတင်ခွင့်မရသေးပါဘူး။

တစ်ဖက်တွင်မက်ဆီရဲ့အနာဂတ်မှာဂရက်ဇ်မန်းအတွက်ကလည်းအထူးအရေးပါတဲ့ကဏ္ဍကပါဝင်နေပါတယ်။

ဂရက်ဇ်မန်းကတကယ်လို့များအသင်းမှာမက်ဆီမရှိတော့ရင်အရေးပါတဲ့နေရာကကစားခွင့်ရရှိလာမယ်လို့ယုံကြည်နေပါတယ်။

တကယ်လို့များမက်ဆီသာစာချုပ်သစ်ချုပ်ဆိုကာဆက်ရှိနေမည်ဆိုပါကသူဟာဘာစီလိုနာအသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံကာအသင်းပြောင်းခွင့်တောင်းဆိုသွားပါမယ်။

တစ်ဖက်တွင်ဂရက်ဇ်မန်းဟာဒီပေးနှင့်အဂူရိုရောက်လာမှုကြောင့်ဘာစီလိုနာတွင်အရေးပါတဲ့သူဖြစ်လာနိုင်မယ့်အခွင့်အရေးနည်းပါးနေပါတယ်။

ဂရက်ဇ်မန်းဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကအက်သလက်တီကိုမှဘာစီလိုနာသို့ယူရိုသန်း၁၂၀ဖြင့်ရောက်လာခဲ့သူဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၇၉၅၀၀၀ရရှိနေပါတယ်။

ဒါကြောင့်ဂရက်ဇ်မန်းကိုခေါ်ယူနိုင်တဲ့ကလပ်အရေအတွက်ကအလွန်နည်းပါးနေပါတယ်။

လက်ရှိအချိန်တွင်မန်ယူကဆန်ချိုကိုခေါ်ယူထားပြီးဖြစ်သလိုမန်စီးတီးကလည်းဟယ်ရီကိန်းနှင့်ဂရဲလ်လစ်ရှ်တို့ကိုပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီသာအမ်ဘက်ပီကိုရီးရဲလ်မက်ဒရစ်သို့စေလွှတ်ရပါကဂရက်ဇ်မန်းကိုပစ်မှတ်ထားလာနိုင်ပါတယ်။

ZawGyi

ဘာစီလိုနာတြင္ မက္ဆီဆက္ရွိေနလွ်င္ ဂရက္ဇ္မန္း ထြက္ခြာခြင့္ေတာင္းမည္

အန္တိုနီယိုဂရက္ဇ္မန္းဟာလီယြန္နယ္မက္ဆီသာစာခ်ဳပ္သစ္ခ်ဳပ္ဆိုကာဆက္ရွိေနလွ်င္ ဘာစီလိုနာအသင္းတာဝန္ရွိသူမ်ားထံသို႔အသင္းေျပာင္းခြင့္ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ဇြန္လအကုန္မွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္မက္ဆီႏွင့္ဘာစီလိုနာႏွစ္ဖက္စလုံးကစာခ်ဳပ္သစ္ခ်ဳပ္ဆိိုလိုေနေသာ္လည္းကလပ္ဘက္ကအသုံးစရိတ္ေလွ်ာ့ခ်မႈျပဳလုပ္ၿပီးမွသာလွ်င္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ပါမယ္။

ဘာစီလိုနာဟာေႂကြးၿမီမ်ားရွိေနမႈ၊လုပ္ခအသုံးစရိတ္ျမင့္မားေနမႈတို႔ေၾကာင့္အသစ္ေခၚယူထားတဲ့အဂူ႐ို၊ဂါစီယာ၊ဒီေပးႏွင့္အီမာဆင္တို႔အားလာလီဂါမွာမွတ္ပုံတင္ခြင့္မရေသးပါဘူး။

တစ္ဖက္တြင္မက္ဆီရဲ႕အနာဂတ္မွာဂရက္ဇ္မန္းအတြက္ကလည္းအထူးအေရးပါတဲ့က႑ကပါဝင္ေနပါတယ္။

ဂရက္ဇ္မန္းကတကယ္လို႔မ်ားအသင္းမွာမက္ဆီမရွိေတာ့ရင္အေရးပါတဲ့ေနရာကကစားခြင့္ရရွိလာမယ္လို႔ယုံၾကည္ေနပါတယ္။

တကယ္လို႔မ်ားမက္ဆီသာစာခ်ဳပ္သစ္ခ်ဳပ္ဆိုကာဆက္ရွိေနမည္ဆိုပါကသူဟာဘာစီလိုနာအသင္းတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံကာအသင္းေျပာင္းခြင့္ေတာင္းဆိုသြားပါမယ္။

တစ္ဖက္တြင္ဂရက္ဇ္မန္းဟာဒီေပးႏွင့္အဂူ႐ိုေရာက္လာမႈေၾကာင့္ဘာစီလိုနာတြင္အေရးပါတဲ့သူျဖစ္လာႏိုင္မယ့္အခြင့္အေရးနည္းပါးေနပါတယ္။

ဂရက္ဇ္မန္းဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကအက္သလက္တီကိုမွဘာစီလိုနာသို႔ယူ႐ိုသန္း၁၂၀ျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၇၉၅၀၀၀ရရွိေနပါတယ္။

ဒါေၾကာင့္ဂရက္ဇ္မန္းကိုေခၚယူႏိုင္တဲ့ကလပ္အေရအတြက္ကအလြန္နည္းပါးေနပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူကဆန္ခ်ိဳကိုေခၚယူထားၿပီးျဖစ္သလိုမန္စီးတီးကလည္းဟယ္ရီကိန္းႏွင့္ဂရဲလ္လစ္ရွ္တို႔ကိုပစ္မွတ္ထားေနပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီသာအမ္ဘက္ပီကိုရီးရဲလ္မက္ဒရစ္သို႔ေစလႊတ္ရပါကဂရက္ဇ္မန္းကိုပစ္မွတ္ထားလာႏိုင္ပါတယ္။