ဘာစီလိုနာတွင် မက်ဆီပြီးလျှင် အချမ်းသာဆုံးကစားသမားအဖြစ် မာတင်ဘရစ်ဝေး ရပ်တည်နေ

မာတင်ဘရစ်ဝေးဟာဘာစီလိုနာသမိုင်းမှာအံ့ဩစရာအကောင်းဆုံးခေါ်ယူခံရသူတစ်ဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမယ့်ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့ဘာစီလိုနာမှာမက်ဆီပြီးလျှင်အချမ်းသာဆုံးကစားသမာအးဖြစ်ရပ်တည်နေတာပါ။

ဘာစီလိုနာဟာတိုက်စစ်ပိုင်းအတွက်အရေးတကြီးလိုအပ်ချက်အဖြစ် မစ်ဒယ်ဘရော့တွင်ကျရှုံးခဲ့တဲ့ဒိန်းမတ်တိုက်စစ်မှူးကိုခေါ်ယူခဲ့တာပါ။

ဘာစီလိုနာဟာ၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလတုန်းကတိုက်စစ်မှူးအရေးပေါ်လိုအပ်နေတာကြောင့်မာတင်ဘရစ်ဝေးကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။မာတင်ဘရစ်ဝေးဟာဘာစီလိုနာကစားသမားအဖြစ်မိတ်ဆက်ပွဲပြုလုပ်ရာမှာဘောလုံးကျွမ်းကျင်မှုပြသရာမှာလွဲမှားမှုတွေဖြစ်ပြီးအရှက်ကွဲခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဘာစီလိုနာသို့ရောက်လာပြီးနောက်ပိုင်းမှာကလပ်အတွက်၅၃ပွဲအထိ ကစားခွင့်ရရှိထားပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာဒိန်းမတ်ကိုဆီမီးဖိုင်နယ်သို့ရောက်အောင်အဓိကနေရာကူညီနိုင်ခဲ့ပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာအရေးပေါ်ငွေကြေးလိုအပ်ချက်ကြောင့်မာတင်ဘရစ်ဝေးကိုရောင်းချသွားဖို့ရှိနေပါတယ်။

Forbes ရဲ့ဖော်ပြချက်အရနူးကမ့်မှာဒိန်းမတ်တိုက်စစ်မှူးထက်ကြွယ်ဝချမ်းသာသူအဖြစ် လီယွန်နယ်မက်ဆီတစ်ဦးတည်းသာရှိကြောင်းသိရပါတယ်။မက်ဆီဟာတစ်ပတ်လုပ်ခယူရို၁.၃၆သန်းရရှိနေမှုနဲ့အတူဘာစီလိုနာမှာအချမ်းသာဆုံးကစားသမားအဖြစ်ရပ်တည်နေတာအံ့ဩစရာတော့မဟုတ်ပါဘူး။

ဒါပေမယ့်ဘရစ်ဝေးဟာလည်းကောင်းမွန်တဲ့ရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်ထားမှုနဲ့အတူ ဘာစီလိုနာမှာလုပ်ခမြင့်မြင့်မားမားမရပေမယ့်လည်းဒုတိယအချမ်းသာဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ပြောရမယ်ဆိုရင်သူဟာ၂၀၁၇ခုနှစ်တုန်းက အိမ်ခြံမြေစီးပွားရေးမှာဒေါ်လာ၈၅၀၀၀၀ ရင်းနှီးမြှပ်နှံမှုပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ရင်းနှီးမြှပ်နှံမှုပြုလုပ်မှုကကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ယခုအခါမှာဘရစ်ဝေးရဲ့လုပ်ငန်းဟာတန်ဖိုးဒေါ်လာ၂၅၀,၀၀၀,၀၀၀ အထိရှိနေပြီဖြစ်ပါတယ်။

မစ်ဒယ်ဘရော့မှာကစားစဉ်ကပွဲ၄၀ကစားရာမှာ၉ဂိုးတည်းသာသွင်းနိုင်ခဲ့တဲ့သူဟာသူ့ဇနီးသည်နှင့်အတူအဝတ်အစားထုတ်လုပ်ရေးလုပ်ငန်းလည်းလုပ်ဆောင်ထားသလို ဘာစီလိုနာမှာစားသောက်ဆိုင်တစ်ဆိုင်လည်းဖွင့်လှစ်ထားပါတယ်။

မက်ဆီဟာယခုလအစောပိုင်းတုန်းကဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ဘရစ်ဝေးကိုဘာစီလိုနာရဲ့အချမ်းသာဆုံးကစားသမားလို့တောင်ပြောလို့ရပါတယ်။

တကယ်လို့များဘာစီလိုနာအနေဖြင့်မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက်ငွေကြေးအခက်အခဲပြဿနာတွေရှိနေတယ်ဆိုရင် ဘရစ်ဝေးဆီကအကူအညီတောင်းမယ်ဆိုရင်တောင်တောင်းလို့ရပါသေးတယ်။

ZawGyi

ဘာစီလိုနာတြင္ မက္ဆီၿပီးလွ်င္ အခ်မ္းသာဆုံးကစားသမားအျဖစ္ မာတင္ဘရစ္ေဝး ရပ္တည္ေန

မာတင္ဘရစ္ေဝးဟာဘာစီလိုနာသမိုင္းမွာအံ့ဩစရာအေကာင္းဆုံးေခၚယူခံရသူတစ္ဦး ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ဒါေပမယ့္ပိုၿပီးေတာ့အံ့ဩစရာေကာင္းတာကေတာ့ဘာစီလိုနာမွာမက္ဆီၿပီးလွ်င္အခ်မ္းသာဆုံးကစားသမာအးျဖစ္ရပ္တည္ေနတာပါ။

ဘာစီလိုနာဟာတိုက္စစ္ပိုင္းအတြက္အေရးတႀကီးလိုအပ္ခ်က္အျဖစ္ မစ္ဒယ္ဘေရာ့တြင္က်ရႈံးခဲ့တဲ့ဒိန္းမတ္တိုက္စစ္မႉးကိုေခၚယူခဲ့တာပါ။

ဘာစီလိုနာဟာ၂၀၂၀ခုႏွစ္၊ေဖေဖာ္ဝါရီလတုန္းကတိုက္စစ္မႉးအေရးေပၚလိုအပ္ေနတာေၾကာင့္မာတင္ဘရစ္ေဝးကိုေခၚယူခဲ့တာျဖစ္ပါတယ္။မာတင္ဘရစ္ေဝးဟာဘာစီလိုနာကစားသမားအျဖစ္မိတ္ဆက္ပြဲျပဳလုပ္ရာမွာေဘာလုံးကြၽမ္းက်င္မႈျပသရာမွာလြဲမွားမႈေတြျဖစ္ၿပီးအရွက္ကြဲခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ပိုင္းမွာကလပ္အတြက္၅၃ပြဲအထိ ကစားခြင့္ရရွိထားပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဒိန္းမတ္ကိုဆီမီးဖိုင္နယ္သို႔ေရာက္ေအာင္အဓိကေနရာကူညီႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ဘာစီလိုနာဟာအေရးေပၚေငြေၾကးလိုအပ္ခ်က္ေၾကာင့္မာတင္ဘရစ္ေဝးကိုေရာင္းခ်သြားဖို႔ရွိေနပါတယ္။

Forbes ရဲ႕ေဖာ္ျပခ်က္အရႏူးကမ့္မွာဒိန္းမတ္တိုက္စစ္မႉးထက္ႂကြယ္ဝခ်မ္းသာသူအျဖစ္ လီယြန္နယ္မက္ဆီတစ္ဦးတည္းသာရွိေၾကာင္းသိရပါတယ္။မက္ဆီဟာတစ္ပတ္လုပ္ခယူ႐ို၁.၃၆သန္းရရွိေနမႈနဲ႔အတူဘာစီလိုနာမွာအခ်မ္းသာဆုံးကစားသမားအျဖစ္ရပ္တည္ေနတာအံ့ဩစရာေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္ဘရစ္ေဝးဟာလည္းေကာင္းမြန္တဲ့ရင္းႏွီးျမႇပ္ႏွံမႈမ်ားလုပ္ေဆာင္ထားမႈနဲ႔အတူ ဘာစီလိုနာမွာလုပ္ချမင့္ျမင့္မားမားမရေပမယ့္လည္းဒုတိယအခ်မ္းသာဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ေျပာရမယ္ဆိုရင္သူဟာ၂၀၁၇ခုႏွစ္တုန္းက အိမ္ၿခံေျမစီးပြားေရးမွာေဒၚလာ၈၅၀၀၀၀ ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ခဲ့ပါတယ္။

သူ႔ရဲ႕ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္မႈကေကာင္းမြန္တဲ့ေ႐ြးခ်ယ္မႈျဖစ္ခဲ့ပါတယ္။ယခုအခါမွာဘရစ္ေဝးရဲ႕လုပ္ငန္းဟာတန္ဖိုးေဒၚလာ၂၅၀,၀၀၀,၀၀၀ အထိရွိေနၿပီျဖစ္ပါတယ္။

မစ္ဒယ္ဘေရာ့မွာကစားစဥ္ကပြဲ၄၀ကစားရာမွာ၉ဂိုးတည္းသာသြင္းႏိုင္ခဲ့တဲ့သူဟာသူ႔ဇနီးသည္ႏွင့္အတူအဝတ္အစားထုတ္လုပ္ေရးလုပ္ငန္းလည္းလုပ္ေဆာင္ထားသလို ဘာစီလိုနာမွာစားေသာက္ဆိုင္တစ္ဆိုင္လည္းဖြင့္လွစ္ထားပါတယ္။

 

မက္ဆီဟာယခုလအေစာပိုင္းတုန္းကဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးျဖစ္ပါတယ္။ဒါေၾကာင့္ဘရစ္ေဝးကိုဘာစီလိုနာရဲ႕အခ်မ္းသာဆုံးကစားသမားလို႔ေတာင္ေျပာလို႔ရပါတယ္။

တကယ္လို႔မ်ားဘာစီလိုနာအေနျဖင့္မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ေငြေၾကးအခက္အခဲျပႆနာေတြရွိေနတယ္ဆိုရင္ ဘရစ္ေဝးဆီကအကူအညီေတာင္းမယ္ဆိုရင္ေတာင္ေတာင္းလို႔ရပါေသးတယ္။