ဘာစီလိုနာတွင် မက်ဆီရဲ့ ကျောနံပါတ် ၁၀ အား မရယူရတဲ့အကြောင်းရင်းကို အဂွဲရိုးဖွင့်ဟလာ

ဆာဂျီယိုအဂွဲရိုးကဘာစီလိုနာတွင်ကျောနံပါတ်၁၀အားရယူနိုင်မယ့်အခွင့်အရေးအားပယ်ချခဲ့မှုမှာလီယွန်နယ်မက်ဆီအားမလေးမစားလုပ်သလိုဖြစ်မလာလိုမှုကြောင့်လို့ဖွင့်ဟသွားပါတယ်။

မက်ဆီဟာယခုနွေရာသီတွင်ဘာစီလိုနာမှမထင်မှတ်ဘဲထွက်ခွာကာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့သွားခဲ့ပါတယ်။ဒါကြောင့်ဘာစီလိုနာရဲ့ကျောနံပါတ်၁၀မှာလည်းပိုင်ရှင်မဲ့လစ်လပ်သွားခဲ့ပါတယ်။

ယခုနွေရာသီတွင်မန်စီးတီးမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာတဲ့ဆာဂျီယိုအဂွဲရိုးဟာမက်ဆီရဲ့ကျောနံပါတ်၁၀ကိုဆက်ခံရန်ဘာစီလိုနာရဲ့ကမ်းလှမ်းမှုခံခဲ့ရပါတယ်။

ဒါပေမယ့်လည်းမန်စီးတီးစတားဟောင်းဟာအချစ်ဆုံးသူငယ်ချင်းဖြစ်သူလီယွန်နယ်မက်ဆီအားသစ္စာရှိတဲ့အနေဖြင့်ကျောနံပါတ်၁၀ကိုငြင်းဆိုခဲ့ပါတယ်။

အဂွဲရိုးက “ဘာစီလိုနာမှာကျောနံပါတ်၁၀ကိုဝတ်ဆင်ဖို့ငြင်းဆန်တာလား။ကျွန်တော်မဝတ်ဆင်လိုတာတော့မဟုတ်ပါဘူး။ဒါပေမယ့်မက်ဆီအပေါ်မလေးမစားလုပ်သလိုဖြစ်လာမှာစိုးလို့ပါ”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာကော်တင်ဟိုကိုလည်းကျောနံပါတ်၁၀ရန်ကမ်းလှမ်းခဲ့ပေမယ့်နောက်ဆုံးမှာမက်ဆီရဲ့ကျောနံပါတ်၁၀ကို လူငယ်ပါရမီရှင်ကစားသမားအန်ဆူးဖာတီကလက်ခံသွားခဲ့ပါတယ်။

အသက်၁၈နှစ်အရွယ်ရှိစပိန်လက်ရွေးစင်ဖာတီဟာမက်ဆီကဲ့သို့ပင်ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးတစ်နေ့တွင်ဘာစီလိုနာရဲ့ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်လာမယ့်သူအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

အဂွဲရိုးကတော့ဘာစီလိုနာမှာကျောနံပါတ်၁၉ကိုပဲဝတ်ဆင်ကစားသွားပါမယ်။အသက်၃၃နှစ်ရှိတိုက်စစ်မှူးဟာလေ့ကျင့်ခန်းအစီအစဉ်မှာခြေသလုံးဒဏ်ရာရရှိခဲ့မှုနဲ့အတူအနားယူနေရပြီးဘာစီလိုနာအတွက်တစ်ပွဲမျှမကစားရသေးပါဘူး။

ဒါပေမယ့်သူဟာလာမယ့်လမှာဘာစီလိုနာအတွက်ပြန်ကစားနိုင်မှာဖြစ်ပါမယ်။ဘာစီလိုနာဟာလာမယ့်လမှာအက်သလက်တီကို၊ဗလင်စီယာ၊ရီးရဲလ်မက်ဒရစ်တို့နဲ့ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဘာစီလိုနာတြင္ မက္ဆီရဲ႕ ေက်ာနံပါတ္ ၁၀ အား မရယူရတဲ့အေၾကာင္းရင္းကို အဂြဲ႐ိုးဖြင့္ဟလာ

ဆာဂ်ီယိုအဂြဲ႐ိုးကဘာစီလိုနာတြင္ေက်ာနံပါတ္၁၀အားရယူႏိုင္မယ့္အခြင့္အေရးအားပယ္ခ်ခဲ့မႈမွာလီယြန္နယ္မက္ဆီအားမေလးမစားလုပ္သလိုျဖစ္မလာလိုမႈေၾကာင့္လို႔ဖြင့္ဟသြားပါတယ္။

မက္ဆီဟာယခုေႏြရာသီတြင္ဘာစီလိုနာမွမထင္မွတ္ဘဲထြက္ခြာကာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ဒါေၾကာင့္ဘာစီလိုနာရဲ႕ေက်ာနံပါတ္၁၀မွာလည္းပိုင္ရွင္မဲ့လစ္လပ္သြားခဲ့ပါတယ္။

ယခုေႏြရာသီတြင္မန္စီးတီးမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာတဲ့ဆာဂ်ီယိုအဂြဲ႐ိုးဟာမက္ဆီရဲ႕ေက်ာနံပါတ္၁၀ကိုဆက္ခံရန္ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈခံခဲ့ရပါတယ္။

ဒါေပမယ့္လည္းမန္စီးတီးစတားေဟာင္းဟာအခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သူလီယြန္နယ္မက္ဆီအားသစၥာရွိတဲ့အေနျဖင့္ေက်ာနံပါတ္၁၀ကိုျငင္းဆိုခဲ့ပါတယ္။

အဂြဲ႐ိုးက “ဘာစီလိုနာမွာေက်ာနံပါတ္၁၀ကိုဝတ္ဆင္ဖို႔ျငင္းဆန္တာလား။ကြၽန္ေတာ္မဝတ္ဆင္လိုတာေတာ့မဟုတ္ပါဘူး။ဒါေပမယ့္မက္ဆီအေပၚမေလးမစားလုပ္သလိုျဖစ္လာမွာစိုးလို႔ပါ”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာေကာ္တင္ဟိုကိုလည္းေက်ာနံပါတ္၁၀ရန္ကမ္းလွမ္းခဲ့ေပမယ့္ေနာက္ဆုံးမွာမက္ဆီရဲ႕ေက်ာနံပါတ္၁၀ကို လူငယ္ပါရမီရွင္ကစားသမားအန္ဆူးဖာတီကလက္ခံသြားခဲ့ပါတယ္။

အသက္၁၈ႏွစ္အ႐ြယ္ရွိစပိန္လက္ေ႐ြးစင္ဖာတီဟာမက္ဆီကဲ့သို႔ပင္ဘာစီလိုနာအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီးတစ္ေန႔တြင္ဘာစီလိုနာရဲ႕ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးျဖစ္လာမယ့္သူအျဖစ္သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

အဂြဲ႐ိုးကေတာ့ဘာစီလိုနာမွာေက်ာနံပါတ္၁၉ကိုပဲဝတ္ဆင္ကစားသြားပါမယ္။အသက္၃၃ႏွစ္ရွိတိုက္စစ္မႉးဟာေလ့က်င့္ခန္းအစီအစဥ္မွာေျခသလုံးဒဏ္ရာရရွိခဲ့မႈနဲ႔အတူအနားယူေနရၿပီးဘာစီလိုနာအတြက္တစ္ပြဲမွ်မကစားရေသးပါဘူး။

ဒါေပမယ့္သူဟာလာမယ့္လမွာဘာစီလိုနာအတြက္ျပန္ကစားႏိုင္မွာျဖစ္ပါမယ္။ဘာစီလိုနာဟာလာမယ့္လမွာအက္သလက္တီကို၊ဗလင္စီယာ၊ရီးရဲလ္မက္ဒရစ္တို႔နဲ႔ရင္ဆိုင္ကစားရပါမယ္။