ဘာစီလိုနာနည်းပြကိုးမန်း ထုတ်ပယ်ခံရရန် ၉၉ ရာခိုင်နှုန်းသေချာနေ

Mundo Deportivo ရဲ့ဖော်ပြချက်အရရော်နယ်ကိုးမန်းဟာဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရရန်၉၉ရာခိုင်နှုန်းသေချာနေပြီဖြစ်ကြောင်းသိရပါတယ်။

ရော်နယ်ကိုးမန်းဟာပြီးခဲ့တဲ့နွေရာသီတုန်းကဘာစီလိုနာနည်းပြသစ်အဖြစ်၂နှစ်စာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီးစာချုပ်သက်တမ်းတစ်နှစ်ကျန်ပါသေးတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့တုန်းကရော်နယ်ကိုးမန်းနှင့်၂နာရီခွဲကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးဆွေးနွေးမှုမှာအဆင်ပြေကောင်းမွန်ခဲ့ပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာ၂၀၀၈ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ထိပ်ဆုံးနှစ်သင်းစာရင်းမဝင်မှုနဲ့အတူရော်နယ်ကိုးမန်းကိုထုတ်ပယ်ရန်ဆုံးဖြတ်ထားပါတယ်။

ကိုးမန်းဟာချန်ပီယံလိဂ်နှင့်လာလီဂါတို့မှာရုန်းကန်ခဲ့ရသော်လည်းဘာစီလိုနာကိုကိုပါဒယ်ရေးဖလားဆွတ်ခူးပေးထားပါတယ်။

ZawGyi





ကိုးမန်းဟာချန်ပီယံလိဂ်နှင့်လာလီဂါတို့မှာရုန်းကန်ရသော်လည်းဘာစီလိုနာကိုကိုပါဒယ်ရေးဖလားဆွတ်ခူးပေးထားပါတယ်။