ဘာစီလိုနာနည်းပြဖြစ်လာပြီးနောက် ပထမဆုံးကစားသမားခေါ်ယူမှု ပြုလုပ်ဖို့ အချိန်မဆိုင်းဘဲ ပြုလုပ်နေတဲ့ ဇာဗီး

ဘာစီလိုနာနည်းပြဇာဗီးဟာနန်ဒက်ဇ်ဟာဘာစီလိုနာနည်းပြဖြစ်လာပြီးနောက် ချက်ချင်းပင်အချိန်အဆိုင်းဘဲသူ့ရဲ့ပထမဆုံးကစားသမားခေါ်ယူမှုပြုလုပ်ဖို့လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာသူ့ရဲ့ပထမဆုံးခေါ်ယူမှုအဖြစ်ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားကင်စလေကိုးမန်းကိုခေါ်ယူရန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ကင်စလေကိုးမန်းဟာယခုရာသီတွင်ဘိုင်ယန်မြူးနစ်တွင်အဓိကကကစားသမားအဖြစ်ခြေစွမ်းပြကစားနေသူဖြစ်ပြီးဘွန်ဒက်စ်လီဂါတွင်၂ဂိုးသွင်းယူထားနိုင်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာစိန်ခေါ်မှုသစ်ရင်ဆိုင်လိုနေပြီးနယ်မြေသို့ပြောင်းရွှေ့ကစားလိုနေပါတယ်။

SPORT ရဲ့ဖော်ပြချက်အရဇာဗီးဟာကိုးမန်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီးသူ့ရဲ့ပထမဆုံးခေါ်ယူမှုအဖြစ်ကိုးမန်းအားခေါ်ယူရန်ဆန္ဒပြင်းပြနေကြောင်းသိရပါတယ်။

ဇာဗီးဟာဘာစီလိုနာနည်းပြဖြစ်လာပြီးနောက်အသင်းရှိကစားသမားအချို့ကိုလည်းထွက်ခွာခွင့်ပေးရန်စီစဉ်ထားပြီးထိပ်ဆုံးမှပါဝင်နေတဲ့သူကတော့ဆီဗီလာမှအငှားဖြင့်လာရောက်ကစားနေတဲ့ဒီဂျောင်ဖြစ်ပါတယ်။

ကိုးမန်းဟာဘိုင်ယန်မြူးနစ်နှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်မပြေဖြစ်နေသူလည်းဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာနည္းျပျဖစ္လာၿပီးေနာက္ ပထမဆုံးကစားသမားေခၚယူမႈ ျပဳလုပ္ဖို႔ အခ်ိန္မဆိုင္းဘဲ ျပဳလုပ္ေနတဲ့ ဇာဗီး

ဘာစီလိုနာနည္းျပဇာဗီးဟာနန္ဒက္ဇ္ဟာဘာစီလိုနာနည္းျပျဖစ္လာၿပီးေနာက္ ခ်က္ခ်င္းပင္အခ်ိန္အဆိုင္းဘဲသူ႔ရဲ႕ပထမဆုံးကစားသမားေခၚယူမႈျပဳလုပ္ဖို႔လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာသူ႔ရဲ႕ပထမဆုံးေခၚယူမႈအျဖစ္ဘိုင္ယန္ျမဴးနစ္ေတာင္ပံကစားသမားကင္စေလကိုးမန္းကိုေခၚယူရန္လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

ကင္စေလကိုးမန္းဟာယခုရာသီတြင္ဘိုင္ယန္ျမဴးနစ္တြင္အဓိကကကစားသမားအျဖစ္ေျခစြမ္းျပကစားေနသူျဖစ္ၿပီးဘြန္ဒက္စ္လီဂါတြင္၂ဂိုးသြင္းယူထားႏိုင္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာစိန္ေခၚမႈသစ္ရင္ဆိုင္လိုေနၿပီးနယ္ေျမသို႔ေျပာင္းေ႐ႊ႕ကစားလိုေနပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရဇာဗီးဟာကိုးမန္းရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီးသူ႔ရဲ႕ပထမဆုံးေခၚယူမႈအျဖစ္ကိုးမန္းအားေခၚယူရန္ဆႏၵျပင္းျပေနေၾကာင္းသိရပါတယ္။

ဇာဗီးဟာဘာစီလိုနာနည္းျပျဖစ္လာၿပီးေနာက္အသင္းရွိကစားသမားအခ်ိဳ႕ကိုလည္းထြက္ခြာခြင့္ေပးရန္စီစဥ္ထားၿပီးထိပ္ဆုံးမွပါဝင္ေနတဲ့သူကေတာ့ဆီဗီလာမွအငွားျဖင့္လာေရာက္ကစားေနတဲ့ဒီေဂ်ာင္ျဖစ္ပါတယ္။

ကိုးမန္းဟာဘိုင္ယန္ျမဴးနစ္ႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆင္မေျပျဖစ္ေနသူလည္းျဖစ္ပါတယ္။