အနာဂတ်မရေမရာဖြစ်မှုနဲ့ရင်ဆိုင်နေရကြောင်း ကိုးလ်မန်းဖွင့်ဟ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကနျူးကမ့်တွင်တောင်းဆိုမှုအလွန်များပြားမှုနဲ့အတူဘာစီလိုနာနည်းပြအနာဂတ်မရေမရာဖြစ်မှုနဲ့ရင်ဆိုင်နေရကြောင်းဝန်ခံပြောကြားလားပါတယ်။

ဘာစီလိုနာဟာနွေရာသီတုန်းကမက်ဆီအသင်းပြောင်းရန်တောင်းဆိုမှု၊ဖလားလက်မဲ့ဖြစ်မှု၊ဥက္ကဌအပြောင်းအလဲ ဖြစ်မှုများနှင့်အတူအပြောင်းအလဲများစွာကြုံခဲ့ရပါတယ်။

နွေရာသီတုန်းကကစားသမားခေါ်ယူအားဖြည့်မှုမယ်မယ်ရရမရှိခဲ့တဲ့ဘာစီလိုနာဟာလာလီဂါအမှတ်ပေးဇယား အဆင့်၃နေရာမှာရပ်တည်နေပြီးချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့တွင်လည်းပီအက်စ်ဂျီကို၄-၁ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။အခြားတစ်ဖက်တွင်၎င်းတို့ဟာကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပထမအကျော့တွင်လည်းဆီဗီလာကို ၂-၀ဂိုးဖြင့်ရှုံးနိမ့်ထားပါတယ်။

ယနေ့ညတွင်ဆီဗီလာနှင့်ရင်ဆိုင်ကစားရမယ့်ဘာစီလိုနာနည်းပြကိုးမန်းက “ဘာစီလိုနာနည်းပြတစ်ယောက်ဖြစ်ရ တာဖိအားအမြဲများတယ်။နိုင်ပွဲမရပြီဆိုတာနဲ့နည်းပြအမှားဘဲ။အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကျွန်တော် မသိပါဘူး။အချိန်ကဘဲစကားပြောသွားပါလိမ့်မယ်။ကျွန်တော်ကတော့အကောင်းမြင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ကိုးမန်းဟာနွေရာသီတုန်းကဘာစီလိုနာကိုနှစ်နှစ်စာချုပ်ဖြင့်ရောက်လာသူဖြစ်ပါတယ်။ဒါပေမယ့်ဘာစီလိုနာဥက္ကဌ သစ်အပြောင်းအလဲဖြစ်လာမှာဖြစ်ရာအောင်မြင်မှုရယူနိုင်ပါကလည်းအနာဂတ်မသေချာပါဘူး။

အခြားတစ်ဖက်တွင်ကိုးမန်းရဲ့ကျန်းမာရေးအခြေအနေမှာလည်းစိုးရိမ်ရတဲ့အနေအထားမှာရှိပါတယ်။ကိုးမန်းရဲ့ဆီဗီလာနှင့်ပွဲအတွက်သတင်းစာရှင်းပွဲမှာလည်းရက်သတ္တပတ်အနည်းငယ်အတွင်းတွင်ဒုတိယအကြိမ်မြောက်နှာခေါင်းသွေးယိုစီးမှုဖြစ်မှုနဲ့အတူစောစောစီးစီးအဆုံးသတ်ခဲ့ရပါတယ်။

ZawGyi

ဘာစီလိုနာနည္းျပအနာဂတ္မေရမရာျဖစ္မႈနဲ႔ရင္ဆိုင္ေနရေၾကာင္း ကိုးလ္မန္းဖြင့္ဟ

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကန်ဴးကမ့္တြင္ေတာင္းဆိုမႈအလြန္မ်ားျပားမႈနဲ႔အတူဘာစီလိုနာနည္းျပအနာဂတ္မေရမရာျဖစ္မႈနဲ႔ရင္ဆိုင္ေနရေၾကာင္းဝန္ခံေျပာၾကားလားပါတယ္။

ဘာစီလိုနာဟာေႏြရာသီတုန္းကမက္ဆီအသင္းေျပာင္းရန္ေတာင္းဆိုမႈ၊ဖလားလက္မဲ့ျဖစ္မႈ၊ဥကၠဌအေျပာင္းအလဲ ျဖစ္မႈမ်ားႏွင့္အတူအေျပာင္းအလဲမ်ားစြာႀကဳံခဲ့ရပါတယ္။

ေႏြရာသီတုန္းကကစားသမားေခၚယူအားျဖည့္မႈမယ္မယ္ရရမရွိခဲ့တဲ့ဘာစီလိုနာဟာလာလီဂါအမွတ္ေပးဇယား အဆင့္၃ေနရာမွာရပ္တည္ေနၿပီးခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့တြင္လည္းပီအက္စ္ဂ်ီကို၄-၁ဂိုးျဖင့္ ရႈံးနိမ့္ထားပါတယ္။အျခားတစ္ဖက္တြင္၎တို႔ဟာကိုပါဒယ္ေရးဆီမီးဖိုင္နယ္ပထမအေက်ာ့တြင္လည္းဆီဗီလာကို ၂-၀ဂိုးျဖင့္ရႈံးနိမ့္ထားပါတယ္။

ယေန႔ညတြင္ဆီဗီလာႏွင့္ရင္ဆိုင္ကစားရမယ့္ဘာစီလိုနာနည္းျပကိုးမန္းက “ဘာစီလိုနာနည္းျပတစ္ေယာက္ျဖစ္ရ တာဖိအားအၿမဲမ်ားတယ္။ႏိုင္ပြဲမရၿပီဆိုတာနဲ႔နည္းျပအမွားဘဲ။အနာဂတ္မွာဘာေတြျဖစ္လာမလဲဆိုတာကြၽန္ေတာ္ မသိပါဘူး။အခ်ိန္ကဘဲစကားေျပာသြားပါလိမ့္မယ္။ကြၽန္ေတာ္ကေတာ့အေကာင္းျမင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကိုးမန္းဟာေႏြရာသီတုန္းကဘာစီလိုနာကိုႏွစ္ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာသူျဖစ္ပါတယ္။ဒါေပမယ့္ဘာစီလိုနာဥကၠဌ သစ္အေျပာင္းအလဲျဖစ္လာမွာျဖစ္ရာေအာင္ျမင္မႈရယူႏိုင္ပါကလည္းအနာဂတ္မေသခ်ာပါဘူး။

အျခားတစ္ဖက္တြင္ကိုးမန္းရဲ႕က်န္းမာေရးအေျခအေနမွာလည္းစိုးရိမ္ရတဲ့အေနအထားမွာရွိပါတယ္။ကိုးမန္းရဲ႕ဆီဗီလာႏွင့္ပြဲအတြက္သတင္းစာရွင္းပြဲမွာလည္းရက္သတၱပတ္အနည္းငယ္အတြင္းတြင္ဒုတိယအႀကိမ္ေျမာက္ႏွာေခါင္းေသြးယိုစီးမႈျဖစ္မႈနဲ႔အတူေစာေစာစီးစီးအဆုံးသတ္ခဲ့ရပါတယ္။