ဘာစီလိုနာနည်းပြအဖြစ် ကိုးမန်း ဆက်ရှိမည်ဟု လာပေါ်တာ အတည်ပြု

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကရော်နယ်ကိုးမန်းမှာ၂၀၂၁-၂၂ဘောလုံးရာသီအား ဘာစီလိုနာနည်းပြအဖြစ်ဆက်လက်တာဝန်ယူသွားဦးမည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

ကိုးမန်းဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဆီတိန်းနေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရပြီးဘာစီလိုနာနှင့်တစ်နှစ်စာချုပ်ကျန်နေပါသေးတယ်။

ဒါပေမယ့်ဥက္ကဌသစ်လာပေါ်တာရောက်လာမှု၊၂၀၂၀-၂၁ဘောလုံးရာသီတွင်လာလီဂါနှင့်ချန်ပီယံလိဂ်တို့တွင်အောင်မြင်မှုမရရှိခဲ့မှုနဲ့အတူကိုးမန်းရဲ့ဘာစီလိုနာအနာဂတ်ဟာမရေမရာဖြစ်နေခဲ့ပါတယ်။

ကိုးမန်းနှင့်သူ့အေးဂျင့်တို့ဟာပြီးခဲ့တဲ့အပတ်တုန်းကလာပေါ်တာနှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်းအနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာဆုံးဖြတ်နိုင်ခဲ့ကြခြင်းမရှိပါဘူး။

ယနေ့မှာတော့လာပေါ်တာကကိုးမန်းမှာဘာစီလိုနာနည်းပြအဖြစ်ဆက်ရှိတော့မှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဘာစီလိုနာဟာလာမယ့်၂၀၂၁-၂၂ရာသီမှာရလဒ်ကောင်းရရှိအောင်စွမ်းဆောင်နိုင်ပါကကိုးမန်းကိုတစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှုပြုလုပ်သွားမည်ဟုလည်းသိရပါတယ်။

ဘာစီလိုနာဟာယခုနွေရာသီမှာဆာဂျီယိုအဂူရိုနှင့်အဲရစ်ဂါစီယာတို့အားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားပြီးဖြစ်ပါတယ်။၎င်းတို့ဟာလီဗာပူးနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ဝီနယ်ဒမ်ကိုလည်းမကြာမီခေါ်ယူသွားဖို့ရှိပါတယ်။

ZawGyi

ဘာစီလိုနာနည္းျပအျဖစ္ ကိုးမန္း ဆက္ရွိမည္ဟု လာေပၚတာ အတည္ျပဳ

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကေရာ္နယ္ကိုးမန္းမွာ၂၀၂၁-၂၂ေဘာလုံးရာသီအား ဘာစီလိုနာနည္းျပအျဖစ္ဆက္လက္တာဝန္ယူသြားဦးမည္ျဖစ္ေၾကာင္းအတည္ျပဳလိုက္ပါတယ္။

ကိုးမန္းဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကဆီတိန္းေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရၿပီးဘာစီလိုနာႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ေနပါေသးတယ္။

ဒါေပမယ့္ဥကၠဌသစ္လာေပၚတာေရာက္လာမႈ၊၂၀၂၀-၂၁ေဘာလုံးရာသီတြင္လာလီဂါႏွင့္ခ်န္ပီယံလိဂ္တို႔တြင္ေအာင္ျမင္မႈမရရွိခဲ့မႈနဲ႔အတူကိုးမန္းရဲ႕ဘာစီလိုနာအနာဂတ္ဟာမေရမရာျဖစ္ေနခဲ့ပါတယ္။

ကိုးမန္းႏွင့္သူ႔ေအးဂ်င့္တို႔ဟာၿပီးခဲ့တဲ့အပတ္တုန္းကလာေပၚတာႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္းအနာဂတ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာဆုံးျဖတ္ႏိုင္ခဲ့ၾကျခင္းမရွိပါဘူး။

ယေန႔မွာေတာ့လာေပၚတာကကိုးမန္းမွာဘာစီလိုနာနည္းျပအျဖစ္ဆက္ရွိေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာလာမယ့္၂၀၂၁-၂၂ရာသီမွာရလဒ္ေကာင္းရရွိေအာင္စြမ္းေဆာင္ႏိုင္ပါကကိုးမန္းကိုတစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုမႈျပဳလုပ္သြားမည္ဟုလည္းသိရပါတယ္။

ဘာစီလိုနာဟာယခုေႏြရာသီမွာဆာဂ်ီယိုအဂူ႐ိုႏွင့္အဲရစ္ဂါစီယာတို႔အားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူထားၿပီးျဖစ္ပါတယ္။၎တို႔ဟာလီဗာပူးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ဝီနယ္ဒမ္ကိုလည္းမၾကာမီေခၚယူသြားဖို႔ရွိပါတယ္။