ဘာစီလိုနာနည်းပြအဖွဲ့တွင် အရည်အချင်းမရှိသူများပြားနေမှုကြောင့် နည်းပြအဖွဲ့ဝင်သစ် မဖြစ်မနေ ထည့်သွင်းဖို့ လိုနေတဲ့ ဇာဗီး

ဘာစီလိုနာနည်းပြဇာဗီးဟာသူ့ရဲ့နည်းပြအဖွဲ့တွင်အတွေ့အကြုံမရှိသူများသာရှိနေမှုကြောင့် နည်းပြအဖွဲ့ဝင်ကိုအပြောင်းအလဲမဖြစ်မနေလုပ်ရန်လိုအပ်နေကြောင်းသိရပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်ကြားရက်တုန်းကအင်တာမီလန်ကဗစ်တိုးရီးယားပါဇန်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိသွားပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်မှနှစ်နှစ်ဆက်ထွက်ခွာရကာယူရိုပါလိဂ်ဆင်းကစားရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာနွေရာသီတွင်အသင်းကိုပေါင်သန်းတစ်ရာကျော်အသုံးပြုကာကစားသမားအားဖြည့်မှုများပြုလုပ်ပြီးနောက်အသင်းကိုပိုမိုတည်ငြိမ်အောင်လုပ်ဆောင်လာပေမဲ့ဖိအားပိုမိုများပြားနေပါတယ်။

ယနေ့တွင် SPORT ရဲ့ဖော်ပြလာမှုအရဘာစီလိုနာတွင်အဓိကပြဿနာရင်းမြစ်မှာဇာဗီးရဲ့နည်းပြအဖွဲ့ဝင်အားနည်းမှုဖြစ်နေကြောင်းသိရပါတယ်။

ဘာစီလိုနာတွင်ဇာဗီးရဲ့ညာလက်ရုံးမှာအစ်ကိုဖြစ်သူအော်စကာဖြစ်ပါတယ်။အသက်၄၆နှစ်ရှိအော်စကာဟာASPIRE academy နှင့်အယ်လ်ဆက်ဒ်တွင်ဇာဗီးလက်အောက်မှာအလုပ်လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံသာရှိသူဖြစ်ပါတယ်။ သူကသဘောထားပျော့ပျောင်းသူဖြစ်ရာ ဘာစီလိုနာအဝတ်အစားလဲခန်းတွင်ဩဇာသက်ရောက်မှုအလွန်နည်းပါတယ်။

အခြားလက်ထောက်တစ်ဦးဖြစ်တဲ့ဆာဂျီယိုအယ်လီဂရီမှာလည်း အဆင့်တန်းလိဂ်အသင်းများတွင်သာကင်းထောက်အဖြစ်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။၂၀၁၆ခုနှစ်တုန်းကတတိယတန်းကလပ်ရူဘီရဲ့ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ကြံ့ခိုင်ရေးနည်းပြအိုင်ဗန်တောရက်စ်မှာဇာဗီးရဲ့ငယ်သူငယ်ချင်းဖြစ်ပါတယ်။၎င်းမှာလည်းအဗီလာတွင်ထမ်းဆောင်ဖူးတဲ့အတွေ့အကြုံသာရှိသူဖြစ်ပါတယ်။ဒါ့အပြင်Analysts မှာလည်းထိပ်တန်းအတွေ့အကြုံမရှိသူဖြစ်နေပါတယ်။

ဒါကြောင့်လည်းSPORT ကဇာဗီးအနေဖြင့်အသင်းရဲ့အခြေအနေပိုမိုကောင်းမွန်ရေးအတွက် နည်းပြအဖွဲ့ဝင်ကိုအပြောင်းအလဲအချို့လုပ်ဆောင်ရန်လိုအပ်နေကြောင်းထောက်ပြလာပါတယ်။

ZawGyi

ဘာစီလိုနာနည္းျပအဖြဲ႕တြင္ အရည္အခ်င္းမရွိသူမ်ားျပားေနမႈေၾကာင့္ နည္းျပအဖြဲ႕ဝင္သစ္ မျဖစ္မေန ထည့္သြင္းဖို႔ လိုေနတဲ့ ဇာဗီး

ဘာစီလိုနာနည္းျပဇာဗီးဟာသူ႔ရဲ႕နည္းျပအဖြဲ႕တြင္အေတြ႕အႀကဳံမရွိသူမ်ားသာရွိေနမႈေၾကာင့္ နည္းျပအဖြဲ႕ဝင္ကိုအေျပာင္းအလဲမျဖစ္မေနလုပ္ရန္လိုအပ္ေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္ၾကားရက္တုန္းကအင္တာမီလန္ကဗစ္တိုးရီးယားပါဇန္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိသြားၿပီးေနာက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွႏွစ္ႏွစ္ဆက္ထြက္ခြာရကာယူ႐ိုပါလိဂ္ဆင္းကစားရေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာေႏြရာသီတြင္အသင္းကိုေပါင္သန္းတစ္ရာေက်ာ္အသုံးျပဳကာကစားသမားအားျဖည့္မႈမ်ားျပဳလုပ္ၿပီးေနာက္အသင္းကိုပိုမိုတည္ၿငိမ္ေအာင္လုပ္ေဆာင္လာေပမဲ့ဖိအားပိုမိုမ်ားျပားေနပါတယ္။

ယေန႔တြင္ SPORT ရဲ႕ေဖာ္ျပလာမႈအရဘာစီလိုနာတြင္အဓိကျပႆနာရင္းျမစ္မွာဇာဗီးရဲ႕နည္းျပအဖြဲ႕ဝင္အားနည္းမႈျဖစ္ေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာတြင္ဇာဗီးရဲ႕ညာလက္႐ုံးမွာအစ္ကိုျဖစ္သူေအာ္စကာျဖစ္ပါတယ္။အသက္၄၆ႏွစ္ရွိေအာ္စကာဟာASPIRE academy ႏွင့္အယ္လ္ဆက္ဒ္တြင္ဇာဗီးလက္ေအာက္မွာအလုပ္လုပ္ခဲ့ဖူးတဲ့အေတြ႕အႀကဳံသာရွိသူျဖစ္ပါတယ္။ သူကသေဘာထားေပ်ာ့ေပ်ာင္းသူျဖစ္ရာ ဘာစီလိုနာအဝတ္အစားလဲခန္းတြင္ဩဇာသက္ေရာက္မႈအလြန္နည္းပါတယ္။

အျခားလက္ေထာက္တစ္ဦးျဖစ္တဲ့ဆာဂ်ီယိုအယ္လီဂရီမွာလည္း အဆင့္တန္းလိဂ္အသင္းမ်ားတြင္သာကင္းေထာက္အျဖစ္ထမ္းေဆာင္ဖူးသူျဖစ္ပါတယ္။၂၀၁၆ခုႏွစ္တုန္းကတတိယတန္းကလပ္႐ူဘီရဲ႕ထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ႀကံ့ခိုင္ေရးနည္းျပအိုင္ဗန္ေတာရက္စ္မွာဇာဗီးရဲ႕ငယ္သူငယ္ခ်င္းျဖစ္ပါတယ္။၎မွာလည္းအဗီလာတြင္ထမ္းေဆာင္ဖူးတဲ့အေတြ႕အႀကဳံသာရွိသူျဖစ္ပါတယ္။ဒါ့အျပင္Analysts မွာလည္းထိပ္တန္းအေတြ႕အႀကဳံမရွိသူျဖစ္ေနပါတယ္။

ဒါေၾကာင့္လည္းSPORT ကဇာဗီးအေနျဖင့္အသင္းရဲ႕အေျခအေနပိုမိုေကာင္းမြန္ေရးအတြက္ နည္းျပအဖြဲ႕ဝင္ကိုအေျပာင္းအလဲအခ်ိဳ႕လုပ္ေဆာင္ရန္လိုအပ္ေနေၾကာင္းေထာက္ျပလာပါတယ္။