ဘာစီလိုနာနှင့်ပွဲတွင် နေမာကို ပီအက်စ်ဂျီအရဲစွန့်အသုံးပြုမည်မဟုတ်

ပီအက်စ်ဂျီကယနေ့ညတွင်ဘာစီလိုနာနှင့်ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင်တိုက်စစ်မှူးနေမာကိုအရဲစွန့်အသုံးပြုသွားမည်မဟုတ်ကြောင်းအတည်ပြုသွားပါတယ်။

အသက်၂၉နှစ်ရှိဘရာဇီးတိုက်စစ်မှူးဟာဖေဖော်ဝါရီလ၁၀ရက်နေ့တုန်းကကိန်းနှင့်ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲ တွင်ဒဏ်ရာရရှိကာအနားယူလာခဲ့ရပါတယ်။

သူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်းဆင်းလာနိုင်မှုနဲ့အတူယနေ့ညတွင်ကစားမယ့်အသင်း ဟောင်းနှင့်ပွဲစဉ်တွင်ပါဝင်လာနိုင်တယ်လို့သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာဘာစီလိုနာနှင့်ပွဲစဉ်တွင်နေမာအားအသုံးပြုမှုကြောင့်ဒဏ်ရာပြန်ပေါ်ကာ အခြေအနေဆိုးရွားလာမည်ကိုစိုးရိမ်နေပါတယ်။

နေမာအပြင်ကိုဗစ်ကြောင့်ကွာရန်တင်းဝင်နေတဲ့တိုက်စစ်မှူးကိန်းမှာလည်းဘာစီလိုနာနှင့်ပွဲစဉ်တွင်ပါဝင်လာဦးမှာမဟုတ်ပါဘူး။

ပီအက်စ်ဂျီဟာပထမအကျော့တုန်းကနျူးကမ့်ကွင်းတွင်ဘာစီလိုနာကိုအမ်ဘက်ပီခြေစွမ်းပြကစားနိုင်မှုနဲ့အတူ၄-၁ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ရာကွာတားဖိုင်နယ်သို့တက်လှမ်းရန်အခွင့်အလမ်းကောင်းနေပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္ပြဲတြင္ ေနမာကို ပီအက္စ္ဂ်ီအရဲစြန႔္အသုံးျပဳမည္မဟုတ္

ပီအက္စ္ဂ်ီကယေန႔ညတြင္ဘာစီလိုနာႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္တြင္တိုက္စစ္မႉးေနမာကိုအရဲစြန႔္အသုံးျပဳသြားမည္မဟုတ္ေၾကာင္းအတည္ျပဳသြားပါတယ္။

အသက္၂၉ႏွစ္ရွိဘရာဇီးတိုက္စစ္မႉးဟာေဖေဖာ္ဝါရီလ၁၀ရက္ေန႔တုန္းကကိန္းႏွင့္ျပင္သစ္ရႈံးထြက္ဖလားၿပိဳင္ပြဲ တြင္ဒဏ္ရာရရွိကာအနားယူလာခဲ့ရပါတယ္။

သူဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာေလ့က်င့္ခန္းဆင္းလာႏိုင္မႈနဲ႔အတူယေန႔ညတြင္ကစားမယ့္အသင္း ေဟာင္းႏွင့္ပြဲစဥ္တြင္ပါဝင္လာႏိုင္တယ္လို႔သတင္းထြက္ေပၚခဲ့ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုဟာဘာစီလိုနာႏွင့္ပြဲစဥ္တြင္ေနမာအားအသုံးျပဳမႈေၾကာင့္ဒဏ္ရာျပန္ေပၚကာ အေျခအေနဆိုး႐ြားလာမည္ကိုစိုးရိမ္ေနပါတယ္။

ေနမာအျပင္ကိုဗစ္ေၾကာင့္ကြာရန္တင္းဝင္ေနတဲ့တိုက္စစ္မႉးကိန္းမွာလည္းဘာစီလိုနာႏွင့္ပြဲစဥ္တြင္ပါဝင္လာဦးမွာမဟုတ္ပါဘူး။

ပီအက္စ္ဂ်ီဟာပထမအေက်ာ့တုန္းကန်ဴးကမ့္ကြင္းတြင္ဘာစီလိုနာကိုအမ္ဘက္ပီေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူ၄-၁ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ရာကြာတားဖိုင္နယ္သို႔တက္လွမ္းရန္အခြင့္အလမ္းေကာင္းေနပါတယ္။