ဘာစီလိုနာနှင့်ပွဲတွင် လီဆန်ဒရိုမာတီနက်ဇ် ပါဝင်ကစားနိုင်မှာမဟုတ်လို့ ယူနိုက်တက်ပရိသတ်များအကြောက်လွန်နေ

မန်ချက်စတာယူနိုက်တက်ဗဟိုနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာဘာစီလိုနာနှင့်ယှဉ်ပြိုင်ကစားရမယ့်ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲပထမအကျော့ပွဲစဉ်ကိုပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

ယူနိုက်တက်ဟာဖေဖော်ဝါရီလ၁၆ရက်နေ့တွင် Spotify Nou Camp သို့သွားရောက်ကာကစားရမှာဖြစ်ပြီးတစ်ပတ်အကြာတွင်အိုးထရက်ဖို့ဒ်မှာပြန်လည်ဧည့်ခံကစားရပါမယ်။

ဒါပေမဲ့ယူနိုက်တက်ဟာနူးကမ့်သို့သွားရောက်ကစားရတဲ့ပွဲစဉ်မှာတော့ အဓိကနောက်ခံလူမာတီနက်ဇ်မှာပွဲပယ်ပြစ်ဒဏ်ကြောင့်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

မာတီနက်ဇ်ဟာနွေရာသီတွင်အေဂျက်စ်မှပြောင်းလာပြီးနောက်ယူနိုက်တက်တွင်အရေးပါတဲ့နောက်ခံလူအဖြစ်ကစားနေသူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကဆိုစီဒက်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အဝါကတ်ပြသခံရမှုကြောင့် အဝါကတ်သုံးကတ်ပြည့်သွားပြီဖြစ်ကာတစ်ပွဲပယ်ခံရပါမယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာဘာစီလိုနာနှင့်ပွဲစဉ်တွင်ရာဖေးလ်ဗာရန်းကို လင်ဒီလော့ဖ်(သို့မဟုတ်)ဟယ်ရီမက်ဂွိုင်းယားနှင့်အသုံးပြုလာရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ခံစစ်ဟာဘာစီလိုနာတိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးကိုထိန်းနိုင်ရေးအလွန်ခက်ခဲနေပါမယ်။ပိုလန်တိုက်စစ်မှူးဟာဘာစီလိုနာအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၈ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္ပြဲတြင္ လီဆန္ဒ႐ိုမာတီနက္ဇ္ ပါဝင္ကစားႏိုင္မွာမဟုတ္လို႔ ယူႏိုက္တက္ပရိသတ္မ်ားအေၾကာက္လြန္ေန

မန္ခ်က္စတာယူႏိုက္တက္ဗဟိုေနာက္ခံလူလီဆန္ဒ႐ိုမာတီနက္ဇ္ဟာဘာစီလိုနာႏွင့္ယွဥ္ၿပိဳင္ကစားရမယ့္ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ပြဲပထမအေက်ာ့ပြဲစဥ္ကိုပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။

ယူႏိုက္တက္ဟာေဖေဖာ္ဝါရီလ၁၆ရက္ေန႔တြင္ Spotify Nou Camp သို႔သြားေရာက္ကာကစားရမွာျဖစ္ၿပီးတစ္ပတ္အၾကာတြင္အိုးထရက္ဖို႔ဒ္မွာျပန္လည္ဧည့္ခံကစားရပါမယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာႏူးကမ့္သို႔သြားေရာက္ကစားရတဲ့ပြဲစဥ္မွာေတာ့ အဓိကေနာက္ခံလူမာတီနက္ဇ္မွာပြဲပယ္ျပစ္ဒဏ္ေၾကာင့္အသုံးျပဳႏိုင္မွာမဟုတ္ပါဘူး။

မာတီနက္ဇ္ဟာေႏြရာသီတြင္ေအဂ်က္စ္မွေျပာင္းလာၿပီးေနာက္ယူႏိုက္တက္တြင္အေရးပါတဲ့ေနာက္ခံလူအျဖစ္ကစားေနသူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ၾကာသပေတးေန႔တုန္းကဆိုစီဒက္ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္အဝါကတ္ျပသခံရမႈေၾကာင့္ အဝါကတ္သုံးကတ္ျပည့္သြားၿပီျဖစ္ကာတစ္ပြဲပယ္ခံရပါမယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ဟာဘာစီလိုနာႏွင့္ပြဲစဥ္တြင္ရာေဖးလ္ဗာရန္းကို လင္ဒီေလာ့ဖ္(သို႔မဟုတ္)ဟယ္ရီမက္ဂြိဳင္းယားႏွင့္အသုံးျပဳလာရေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ခံစစ္ဟာဘာစီလိုနာတိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးကိုထိန္းႏိုင္ေရးအလြန္ခက္ခဲေနပါမယ္။ပိုလန္တိုက္စစ္မႉးဟာဘာစီလိုနာအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၈ဂိုးသြင္းယူထားႏိုင္ပါတယ္။