ဘာစီလိုနာနှင့်ပွဲမတိုင်မီ ရှာကီရာဆိုင်းပုဒ်ထောင်မှုကြောင့် ပီအက်စ်ဂျီပရိသတ်များဝေဖန်ခံရ

ပီအက်စ်ဂျီပရိသတ်များဟာဗုဒ္ဓဟူးနေ့တွင်ကစားရမယ့်ဘာစီလိုနာနှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မတိုင်မီရှာကီရာအားညဉ့်ငှက်အဖြစ်ရေးသားထားတဲ့ဆိုင်းပုဒ်အားကိုင်ဆောင်ကာတိုက်ခိုက်မှုအ တွက်ဝေဖန်ခြင်းခံနေရပါတယ်။

အသက်၄၄နှစ်ရှိကိုလံဘီယာပေါ့စတားဟာဗုဒ္ဓဟူးနေ့ညမှာပီအက်စ်ဂျီနှင့်ရင်ဆိုင်ကစားရမယ့်ဘာစီလိုနာအသင်းကိုခင်ပွန်းသည်ပီကေးနှင့်အတူအားပေးသွားပါမယ်။

ပီကေးဟာဒူးဒဏ်ရာပြဿနာရရှိထားတာကြောင့်မနက်ဖြန်ကစားရမယ့်ပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင် နိုင်မှာမဟုတ်ပါဘူး။

ပီအက်စ်ဂျီဟာစပိန်မြေမှာတုန်းကဘာစီလိုနာကို၄-၁ဂိုးဖြင့်အနိုင်ရရှိထားတာကြောင့်နောက်တစ်ဆင့်သို့တက်ဖို့ အခြေအနေကောင်းနေပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီပရိသတ်များဟာပြိုင်ဘက်ကိုတိုက်ခိုက်ဖို့အတွက်နောက်တွန့်ခြင်းမရှိပါဘူး။ပီအက်စ်ဂျီပရိသတ်များဟာပဲရစ်တွင် Shakira a La Jonquera လို့စာရေးသားထားတဲ့ ဆိုင်းပုဒ်ကိုထောင်ခဲ့တဲ့အပြင်မီးရှူးများပစ် ဖောက်ခဲ့ပါတယ်။ယင်းစာသားကပြင်သစ်-စပိန်နယ်စပ်ရှိမြို့တစ်မြို့ကိုညွှန်းသော်လည်းညဉ့်ငှက်လို့လည်း အဓိပ္ပါယ်ရှိပါတယ်။

ရှာကီရာဟာ၂၀၁၁ခုနှစ်မှစတင်ပြီးပီကေးနှင့်တွဲလာခဲ့တာဖြစ်ပြီးသားနှစ်ဦးမွေးဖွားထားပါတယ်။ယခုကဲ့သို့ပီအက်စ်ဂျီပရိသတ်များရဲ့လုပ်ရပ်မှာရှာကီရာအပေါ်မလေးမစားလုပ်သလိုဖြစ်နေမှုအတွက်အားလုံးကရှုံ့ချနေပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္ပြဲမတိုင္မီ ရွာကီရာဆိုင္းပုဒ္ေထာင္မႈေၾကာင့္ ပီအက္စ္ဂ်ီပရိသတ္မ်ားေဝဖန္ခံရ

ပီအက္စ္ဂ်ီပရိသတ္မ်ားဟာဗုဒၶဟူးေန႔တြင္ကစားရမယ့္ဘာစီလိုနာႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္မတိုင္မီရွာကီရာအားညဥ့္ငွက္အျဖစ္ေရးသားထားတဲ့ဆိုင္းပုဒ္အားကိုင္ေဆာင္ကာတိုက္ခိုက္မႈအ တြက္ေဝဖန္ျခင္းခံေနရပါတယ္။

အသက္၄၄ႏွစ္ရွိကိုလံဘီယာေပါ့စတားဟာဗုဒၶဟူးေန႔ညမွာပီအက္စ္ဂ်ီႏွင့္ရင္ဆိုင္ကစားရမယ့္ဘာစီလိုနာအသင္းကိုခင္ပြန္းသည္ပီေကးႏွင့္အတူအားေပးသြားပါမယ္။

ပီေကးဟာဒူးဒဏ္ရာျပႆနာရရွိထားတာေၾကာင့္မနက္ျဖန္ကစားရမယ့္ပီအက္စ္ဂ်ီႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာပါဝင္ ႏိုင္မွာမဟုတ္ပါဘူး။

ပီအက္စ္ဂ်ီဟာစပိန္ေျမမွာတုန္းကဘာစီလိုနာကို၄-၁ဂိုးျဖင့္အႏိုင္ရရွိထားတာေၾကာင့္ေနာက္တစ္ဆင့္သို႔တက္ဖို႔ အေျခအေနေကာင္းေနပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီပရိသတ္မ်ားဟာၿပိဳင္ဘက္ကိုတိုက္ခိုက္ဖို႔အတြက္ေနာက္တြန႔္ျခင္းမရွိပါဘူး။ပီအက္စ္ဂ်ီပရိသတ္မ်ားဟာပဲရစ္တြင္ Shakira a La Jonquera လို႔စာေရးသားထားတဲ့ဆိုင္းပုဒ္ကိုေထာင္ခဲ့တဲ့အျပင္မီးရႉးမ်ားပစ္ ေဖာက္ခဲ့ပါတယ္။ယင္းစာသားကျပင္သစ္-စပိန္နယ္စပ္ရွိၿမိဳ႕တစ္ၿမိဳ႕ကိုၫႊန္းေသာ္လည္းညဥ့္ငွက္လို႔လည္း အဓိပၸါယ္ရွိပါတယ္။

ရွာကီရာဟာ၂၀၁၁ခုႏွစ္မွစတင္ၿပီးပီေကးႏွင့္တြဲလာခဲ့တာျဖစ္ၿပီးသားႏွစ္ဦးေမြးဖြားထားပါတယ္။ယခုကဲ့သို႔ပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕လုပ္ရပ္မွာရွာကီရာအေပၚမေလးမစားလုပ္သလိုျဖစ္ေနမႈအတြက္အားလုံးကရႈံ႕ခ်ေနပါတယ္။