ဘာစီလိုနာနှင့်ပွဲ ၉၃ မိနစ်မှာ အနိုင်ရစေမယ့် သေချာပေါက်အခွင့်အရေးကို မယုံနိုင်စရာ ဖြုန်းတီးခဲ့တဲ့ ဘင်ဖီကာရဲ့ဆီဖီရိုဗစ်

ဘင်ဖီကာနည်းပြဂျော့ဂျီးဆပ်စ်ကသူ့ရဲ့နည်းပြသက်တမ်း နှစ်၃၀အတွင်းမှာအင်္ဂါနေ့တုန်းကဘာစီလိုနာနှင့်ချန်ပီယံလိဂ်ပွဲတွင်ဟာရစ်ဆီဖီရိုဗစ်ရဲ့နောက်ကျမိနစ်လွဲချော်မှုကဲ့သို့ လွဲချော်မှုမျိုးမမြင်ခဲ့ဖူးကြောင်းပြောကြားလာပါတယ်။

ပေါ်တူဂီထိပ်သီးကလပ်ဟာဇာဗီးရဲ့ဘာစီလိုနာကိုသေချာပေါက်အနိုင်ယူနိုင်မယ့်ကြီးမားတဲ့အခွင့်အရေးရရှိခဲ့ပါတယ်။ပွဲချိန်၉၂မိနစ်မှာတန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။

ဘင်ဖီကာရဲ့တန်ပြန်တိုက်စစ်ကစီစဉ်ထားသလိုဖြစ်ခဲ့ပါတယ်။ဒါဝင်းနူနက်ဇ်ကကစားဖော်ဆီဖီရိုဗစ်ကိုဘောလုံးပေးပို့ခဲ့ပါတယ်။ဆီဖီရိုဗစ်ဟာဘာစီလိုနာဂိုးသမားကိုကျော်ပြီးသွင်းကာမအောင်မြင်ခဲ့ပေမယ့် ဘောလုံးကိုဆက်လက်ရရှိနေခဲ့ကာရှေ့တွင်ဘာစီလိုနာနောက်ခံလူတစ်ဦးတည်းသာကျန်တော့တဲ့အနေအထားမျိုးတွင် ၁၀ကိုက်မပြည့်တဲ့အကွာအဝေးကနေကန်ခဲ့ရာလွဲချော်သွားခဲ့ပါတယ်။

ဆီဖီရိုဗစ်ရဲ့မယုံကြည်နိုင်စရာလွဲချော်မှုကိုမြင်တွေ့ရပြီးနောက်ဘင်ဖီကာနည်းပြဟာဒူးထောက်ကာအကြီးအကျယ်ယူကြုံးမရဖြစ်နေခဲ့ပါတယ်။

ပွဲအပြီးတွင်ဂျီးဆပ်စ်က “ကျွန်တော်ဟာနည်းပြတစ်ဦးအဖြစ်ကျင်လည်လာတဲ့နှစ်၃၀ရှိပါပြီ။ကျွန်တော့်ဘဝမှာဒါမျိုးတစ်ခါမှမမြင်ဖူးပါဘူး။ဒါပေမယ့်ကံဆိုးစွာကာဒါကကျွန်တော်နဲ့ဘင်ဖီကာကြုံခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

ဘင်ဖီကာဟာအုပ်စုနောက်ဆုံးပွဲအဖြစ်ဒိုင်နမိုကိဗ်နှင့်ရင်ဆိုင်ရပါမယ်။ဒုတိယနေရာမှဘာစီလိုနာဟာဘင်ဖီကာသာအနိုင်ရသွားမယ်ဆိုရင် ၁၆သင်းအဆင့်သို့တက်ရောက်ရန်ဘိုင်ယန်မြူးနစ်ကိုအဝေးကွင်းမှာအနိုင်ရရှိရန်လိုအပ်နေပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္ပြဲ ၉၃ မိနစ္မွာ အႏိုင္ရေစမယ့္ ေသခ်ာေပါက္အခြင့္အေရးကို မယုံႏိုင္စရာ ျဖဳန္းတီးခဲ့တဲ့ ဘင္ဖီကာရဲ႕ဆီဖီ႐ိုဗစ္

ဘင္ဖီကာနည္းျပေဂ်ာ့ဂ်ီးဆပ္စ္ကသူ႔ရဲ႕နည္းျပသက္တမ္း ႏွစ္၃၀အတြင္းမွာအဂၤါေန႔တုန္းကဘာစီလိုနာႏွင့္ခ်န္ပီယံလိဂ္ပြဲတြင္ဟာရစ္ဆီဖီ႐ိုဗစ္ရဲ႕ေနာက္က်မိနစ္လြဲေခ်ာ္မႈကဲ့သို႔ လြဲေခ်ာ္မႈမ်ိဳးမျမင္ခဲ့ဖူးေၾကာင္းေျပာၾကားလာပါတယ္။

ေပၚတူဂီထိပ္သီးကလပ္ဟာဇာဗီးရဲ႕ဘာစီလိုနာကိုေသခ်ာေပါက္အႏိုင္ယူႏိုင္မယ့္ႀကီးမားတဲ့အခြင့္အေရးရရွိခဲ့ပါတယ္။ပြဲခ်ိန္၉၂မိနစ္မွာတန္ျပန္တိုက္စစ္ဆင္ခဲ့ပါတယ္။

ဘင္ဖီကာရဲ႕တန္ျပန္တိုက္စစ္ကစီစဥ္ထားသလိုျဖစ္ခဲ့ပါတယ္။ဒါဝင္းႏူနက္ဇ္ကကစားေဖာ္ဆီဖီ႐ိုဗစ္ကိုေဘာလုံးေပးပို႔ခဲ့ပါတယ္။ဆီဖီ႐ိုဗစ္ဟာဘာစီလိုနာဂိုးသမားကိုေက်ာ္ၿပီးသြင္းကာမေအာင္ျမင္ခဲ့ေပမယ့္ ေဘာလုံးကိုဆက္လက္ရရွိေနခဲ့ကာေရွ႕တြင္ဘာစီလိုနာေနာက္ခံလူတစ္ဦးတည္းသာက်န္ေတာ့တဲ့အေနအထားမ်ိဳးတြင္ ၁၀ကိုက္မျပည့္တဲ့အကြာအေဝးကေနကန္ခဲ့ရာလြဲေခ်ာ္သြားခဲ့ပါတယ္။

ဆီဖီ႐ိုဗစ္ရဲ႕မယုံၾကည္ႏိုင္စရာလြဲေခ်ာ္မႈကိုျမင္ေတြ႕ရၿပီးေနာက္ဘင္ဖီကာနည္းျပဟာဒူးေထာက္ကာအႀကီးအက်ယ္ယူႀကဳံးမရျဖစ္ေနခဲ့ပါတယ္။

ပြဲအၿပီးတြင္ဂ်ီးဆပ္စ္က “ကြၽန္ေတာ္ဟာနည္းျပတစ္ဦးအျဖစ္က်င္လည္လာတဲ့ႏွစ္၃၀ရွိပါၿပီ။ကြၽန္ေတာ့္ဘဝမွာဒါမ်ိဳးတစ္ခါမွမျမင္ဖူးပါဘူး။ဒါေပမယ့္ကံဆိုးစြာကာဒါကကြၽန္ေတာ္နဲ႔ဘင္ဖီကာႀကဳံခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘင္ဖီကာဟာအုပ္စုေနာက္ဆုံးပြဲအျဖစ္ဒိုင္နမိုကိဗ္ႏွင့္ရင္ဆိုင္ရပါမယ္။ဒုတိယေနရာမွဘာစီလိုနာဟာဘင္ဖီကာသာအႏိုင္ရသြားမယ္ဆိုရင္ ၁၆သင္းအဆင့္သို႔တက္ေရာက္ရန္ဘိုင္ယန္ျမဴးနစ္ကိုအေဝးကြင္းမွာအႏိုင္ရရွိရန္လိုအပ္ေနပါတယ္။