ဘာစီလိုနာနှင့်အက်သလက်တီကိုအကြားသဘောတူညီမှုရသွားလို့ အရန်ခုံအိပ်မက်ဆိုးမှ လန့်နိုးလာတော့မယ့် ဂရက်ဇ်မန်း

ဘာစီလိုနာနှင့်အက်သလက်တီကိုတို့ဟာအပြောင်းအရွှေ့နှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိသွားမှုနှင့်အတူအန်တိုနီယိုဂရက်ဇ်မန်းမှာမက်ဒရစ်အခြေစိုက်ကလပ်သို့အပြီးသတ်ပြောင်းရွှေ့လာတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်သမားဂရက်ဇ်မန်းဟာ၂၀၂၁-၂၂ရာသီမှစတင်ကာအက်သလက်တီကိုသို့အငှားဖြင့်လာရောက်ကစားနေတာဖြစ်ပါတယ်။

ဒါပေမဲ့အက်သလက်တီကိုဟာယခုရာသီတွင်ဂရက်ဇ်မန်းရဲ့စာချုပ်ပါအချက်ကြောင့်ပွဲချိန်အကန့်အသတ်ဖြင့်သာအသုံးပြုနေပါတယ်။

အက်သလက်တီကိုနှင့်ဘာစီလိုနာတို့အကြားချုပ်ဆိုထားတဲ့စာချုပ်ပါအချက်အရဂရက်ဇ်မန်းဟာအက်သလက်တီကိုရဲ့ပွဲအားလုံးရဲ့တဝက်ကစားခွင့်ရရှိပါကအပြီးသတ်ခေါ်ယူရမယ့်အချက်ပါဝင်ပါတယ်။

အက်သလက်တီကိုဟာယခုရာသီတွင်ဂရက်ဇ်မန်းအားအသင်းရဲ့ပွဲ၁၄ပွဲတွင်အနည်းဆုံး၄၅မိနစ်ကစားခွင့်ရရှိပါက၂၀၂၃ခုနှစ်နွေရာသီတွင်ယူရိုသန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူရပါမယ်။

ဒါကြောင့်အက်သလက်တီကိုနည်းပြဒီယေဂိုဆီမြွန်နီဟာယခုရာသီတွင်ဂရက်ဇ်မန်းကိုပွဲချိန်မိနစ်၆၀ပြည့်မှသာလျှင်အရန်အဖြစ်ကစားစေပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့အက်သလက်တီကိုဟာယခင်သဘောတူညီထားတဲ့ပြောင်းရွှေ့ကြေးရဲ့တစ်ဝက် ယူရိုသန်း၂၀ဖြင့်ဂရက်ဇ်မန်းကိုခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း L’Equipe ကဖော်ပြလာပါတယ်။

ဒါကြောင့်လည်းဂရက်ဇ်မန်းဟာ၂၀၂၃ခုနှစ်နွေရာသီတွင်ဘာစီလိုနာမှအက်သလက်တီကိုသို့အပြီးသတ်စာချုပ်ဖြင့်ပြောင်းရွှေ့လာတော့မှာဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္အက္သလက္တီကိုအၾကားသေဘာတူညီမႈရသြားလို႔ အရန္ခုံအိပ္မက္ဆိုးမွ လန႔္ႏိုးလာေတာ့မယ့္ ဂရက္ဇ္မန္း

ဘာစီလိုနာႏွင့္အက္သလက္တီကိုတို႔ဟာအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးသေဘာတူညီမႈရရွိသြားမႈႏွင့္အတူအန္တိုနီယိုဂရက္ဇ္မန္းမွာမက္ဒရစ္အေျခစိုက္ကလပ္သို႔အၿပီးသတ္ေျပာင္းေ႐ႊ႕လာေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာတိုက္စစ္သမားဂရက္ဇ္မန္းဟာ၂၀၂၁-၂၂ရာသီမွစတင္ကာအက္သလက္တီကိုသို႔အငွားျဖင့္လာေရာက္ကစားေနတာျဖစ္ပါတယ္။

ဒါေပမဲ့အက္သလက္တီကိုဟာယခုရာသီတြင္ဂရက္ဇ္မန္းရဲ႕စာခ်ဳပ္ပါအခ်က္ေၾကာင့္ပြဲခ်ိန္အကန႔္အသတ္ျဖင့္သာအသုံးျပဳေနပါတယ္။

အက္သလက္တီကိုႏွင့္ဘာစီလိုနာတို႔အၾကားခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပါအခ်က္အရဂရက္ဇ္မန္းဟာအက္သလက္တီကိုရဲ႕ပြဲအားလုံးရဲ႕တဝက္ကစားခြင့္ရရွိပါကအၿပီးသတ္ေခၚယူရမယ့္အခ်က္ပါဝင္ပါတယ္။

အက္သလက္တီကိုဟာယခုရာသီတြင္ဂရက္ဇ္မန္းအားအသင္းရဲ႕ပြဲ၁၄ပြဲတြင္အနည္းဆုံး၄၅မိနစ္ကစားခြင့္ရရွိပါက၂၀၂၃ခုႏွစ္ေႏြရာသီတြင္ယူ႐ိုသန္း၄၀ျဖင့္အၿပီးသတ္ေခၚယူရပါမယ္။

ဒါေၾကာင့္အက္သလက္တီကိုနည္းျပဒီေယဂိုဆီႁမြန္နီဟာယခုရာသီတြင္ဂရက္ဇ္မန္းကိုပြဲခ်ိန္မိနစ္၆၀ျပည့္မွသာလွ်င္အရန္အျဖစ္ကစားေစပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့အက္သလက္တီကိုဟာယခင္သေဘာတူညီထားတဲ့ေျပာင္းေ႐ႊ႕ေၾကးရဲ႕တစ္ဝက္ ယူ႐ိုသန္း၂၀ျဖင့္ဂရက္ဇ္မန္းကိုေခၚယူရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း L’Equipe ကေဖာ္ျပလာပါတယ္။

ဒါေၾကာင့္လည္းဂရက္ဇ္မန္းဟာ၂၀၂၃ခုႏွစ္ေႏြရာသီတြင္ဘာစီလိုနာမွအက္သလက္တီကိုသို႔အၿပီးသတ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လာေတာ့မွာျဖစ္ပါတယ္။