ဘာစီလိုနာနှင့်အာဆင်နယ်နည်းပြရာထူးအား ရယူရန် ကွန်တီစိတ်ဝင်စားခြင်းမရှိ

အန်တိုနီယိုကွန်တီဟာဘာစီလိုနာနှင့်အာဆင်နယ်နည်းပြရာထူးတို့အတွက်ရှေ့ဆုံးမှသတင်းထွက်နေပေမယ့်လည်းယင်းအသင်းနည်းပြရာထူးကိုရယူရန်ဆန္ဒမရှိကြောင်းသိရပါတယ်။

အသက်၅၂နှစ်ရှိအန်တိုနီယိုကွန်တီဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်အင်တာမီလန်ကို၁၁နှစ်အတွင်းပထမဆုံးစကူဒက်တိုဖလားရရှိအောင်ဦးဆောင်ပေးခဲ့ပြီးတဲ့နောက် ထွက်ခွာလာခဲ့ကာအသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

ကွန်တီဟာအင်တာမီလန်နှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပြီးလာမယ့်ဘောလုံးရာသီအထိစီးရီးအေကလပ်အသင်းတစ်သင်းကိုကိုင်တွယ်ခွင့်မရှိပါဘူး။

အာဆင်နယ်နှင့်ဘာစီလိုနာတို့ဟာယခုရာသီတွင်ရလဒ်မကောင်းမှုကြောင့်နည်းပြအာတီတာ၊နည်းပြကိုးမန်းတို့နဲ့လမ်းခွဲတော့မယ်လို့သတင်းထွက်နေပြီးကွန်တီကလျာထားစာရင်းတွင်ပါဝင်နေပါတယ်။

ဒါပေမယ့်လည်းကွန်တီဟာရာသီတစ်ဝက်ကျိုးခါနီးအချိန်တွင်ကလပ်တစ်ခုကိုကိုင်တွယ်လိုခြင်းမရှိဘဲလာမယ့်နွေရာသီတွင်မှကလပ်ကိုစတင်ကိုင်တွယ်ပြီးကိုယ်ပိုင်စီမံကိန်းချမှတ်ရေးဆွဲလိုနေပါတယ်။

ကွန်တီဟာချဲလ်ဆီးကိုကိုင်တွယ်ခဲ့ဖူးကာ၂၀၁၇ခုနှစ်တုန်းပရီးမီးယားလိဂ်ဖလားရရှိအောင်စွမ်းဆောင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူဖြစ်ပါတယ်။

ဒါပေမယ့်မီဒီယာအချို့တို့ရဲ့ဖော်ပြချက်အရကွန်တီဟာမန်ယူဘက်ကဆိုးလ်ရှားကိုသာထုတ်ပယ်ကာအစားထိုးရန်ကမ်းလှမ်းမှုပြုလုပ်လာလျှင်ကိုင်တွယ်ရန်ဆန္ဒရှိလာနိုင်ကြောင်းသိရပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္အာဆင္နယ္နည္းျပရာထူးအား ရယူရန္ ကြန္တီစိတ္ဝင္စားျခင္းမရွိ

အန္တိုနီယိုကြန္တီဟာဘာစီလိုနာႏွင့္အာဆင္နယ္နည္းျပရာထူးတို႔အတြက္ေရွ႕ဆုံးမွသတင္းထြက္ေနေပမယ့္လည္းယင္းအသင္းနည္းျပရာထူးကိုရယူရန္ဆႏၵမရွိေၾကာင္းသိရပါတယ္။

အသက္၅၂ႏွစ္ရွိအန္တိုနီယိုကြန္တီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္အင္တာမီလန္ကို၁၁ႏွစ္အတြင္းပထမဆုံးစကူဒက္တိုဖလားရရွိေအာင္ဦးေဆာင္ေပးခဲ့ၿပီးတဲ့ေနာက္ ထြက္ခြာလာခဲ့ကာအသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

ကြန္တီဟာအင္တာမီလန္ႏွင့္ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္ၿပီးလာမယ့္ေဘာလုံးရာသီအထိစီးရီးေအကလပ္အသင္းတစ္သင္းကိုကိုင္တြယ္ခြင့္မရွိပါဘူး။

အာဆင္နယ္ႏွင့္ဘာစီလိုနာတို႔ဟာယခုရာသီတြင္ရလဒ္မေကာင္းမႈေၾကာင့္နည္းျပအာတီတာ၊နည္းျပကိုးမန္းတို႔နဲ႔လမ္းခြဲေတာ့မယ္လို႔သတင္းထြက္ေနၿပီးကြန္တီကလ်ာထားစာရင္းတြင္ပါဝင္ေနပါတယ္။

ဒါေပမယ့္လည္းကြန္တီဟာရာသီတစ္ဝက္က်ိဳးခါနီးအခ်ိန္တြင္ကလပ္တစ္ခုကိုကိုင္တြယ္လိုျခင္းမရွိဘဲလာမယ့္ေႏြရာသီတြင္မွကလပ္ကိုစတင္ကိုင္တြယ္ၿပီးကိုယ္ပိုင္စီမံကိန္းခ်မွတ္ေရးဆြဲလိုေနပါတယ္။

ကြန္တီဟာခ်ဲလ္ဆီးကိုကိုင္တြယ္ခဲ့ဖူးကာ၂၀၁၇ခုႏွစ္တုန္းပရီးမီးယားလိဂ္ဖလားရရွိေအာင္စြမ္းေဆာင္ခဲ့တာေၾကာင့္ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိသူျဖစ္ပါတယ္။

ဒါေပမယ့္မီဒီယာအခ်ိဳ႕တို႔ရဲ႕ေဖာ္ျပခ်က္အရကြန္တီဟာမန္ယူဘက္ကဆိုးလ္ရွားကိုသာထုတ္ပယ္ကာအစားထိုးရန္ကမ္းလွမ္းမႈျပဳလုပ္လာလွ်င္ကိုင္တြယ္ရန္ဆႏၵရွိလာႏိုင္ေၾကာင္းသိရပါတယ္။