ဘာစီလိုနာနှင့်၂နှစ်စာချုပ်သစ်ချုပ်ဆိုရန် မက်ဆီ သဘာတူညီမှုရရှိထားပြီးပြီ

လီယွန်နယ်မက်ဆီဟာဘာစီလိုနာနှင့်၂နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းစပိန်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာအာဂျင်တီးနားစူပါစတားရဲ့ဖခင်ဖြစ်သူနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက်၂၀၂၃ခုနှစ်၊ဇွန်လအထိစာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာ၂၀၂၀ခုနှစ်၊နွေရာသီတုန်းကဘာစီလိုနာမှထွက်ခွာရန်ကြိုးပမ်းခဲ့ဖူးပြီးမန်စီးတီးသို့ပြောင်းရွှေ့လုနီးပါးခဲ့ဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာကိုဗစ်ကပ်ဆိုက်မှုကြောင့်ငွေကြေးပြဿနာများစွာရင်ဆိုင်နေရပါတယ်။၎င်းတို့ဟာဒီပေး၊ဝီနယ်ဒမ်၊အဂူရိုတို့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပါတယ်။

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရမက်ဆီဟာဘာစီလိုနာနှင့်၂နှစ်စာချုပ်သစ်ချုပ်ဆိုရန်အကြမ်းဖျင်းသဘောတူညီမှုရရှိထားပြီးဖြစ်သော်လည်းလုပ်ခနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာအပြီးသတ်မှုမပြုလုပ်ရသေးကြောင်းသိရပါတယ်။မက်ဆီဟာဘာစီလိုနာမှာတစ်ပတ်လုပ်ခပေါင်၁သန်းရရှိနေတဲ့သူဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ မက္ဆီ သဘာတူညီမႈရရွိထားၿပီးၿပီ

လီယြန္နယ္မက္ဆီဟာဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာဟာအာဂ်င္တီးနားစူပါစတားရဲ႕ဖခင္ျဖစ္သူႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီးေနာက္၂၀၂၃ခုႏွစ္၊ဇြန္လအထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီဟာ၂၀၂၀ခုႏွစ္၊ေႏြရာသီတုန္းကဘာစီလိုနာမွထြက္ခြာရန္ႀကိဳးပမ္းခဲ့ဖူးၿပီးမန္စီးတီးသို႔ေျပာင္းေ႐ႊ႕လုနီးပါးခဲ့ျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာကိုဗစ္ကပ္ဆိုက္မႈေၾကာင့္ေငြေၾကးျပႆနာမ်ားစြာရင္ဆိုင္ေနရပါတယ္။၎တို႔ဟာဒီေပး၊ဝီနယ္ဒမ္၊အဂူ႐ိုတို႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိထားပါတယ္။

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အၾကမ္းဖ်င္းသေဘာတူညီမႈရရွိထားၿပီးျဖစ္ေသာ္လည္းလုပ္ခႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာအၿပီးသတ္မႈမျပဳလုပ္ရေသးေၾကာင္းသိရပါတယ္။မက္ဆီဟာဘာစီလိုနာမွာတစ္ပတ္လုပ္ခေပါင္၁သန္းရရွိေနတဲ့သူျဖစ္ပါတယ္။