
မန်ချက်စတာယူနိက်တက်ကွင်းလယ်ကစားသမားမာဆယ်ဆာဘစ်ဇာမှာ ဘာစီလိုနာနှင့်ယူရိုပါလိဂ်ပလေးအော့ဖ်ရှုံးထွက်ပထမအကျော့ပွဲစဉ်တွင်ပါဝင်လာမှာမဟုတ်ကြောင်းယူအီးအက်ဖ်အေကအတည်ပြုလာပါတယ်။
ဩစတြီးယားကွင်းလယ်ကစားသမားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်လိုက်ဇစ်မှယူနိုက်တက်သို့အငှားဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ယူနိုက်တက်ဟာဒူးဒဏ်ရာကြောင့်ရာသီအကုန်အထိအနားယူရမဲ့ခရစ္စတီယန်အဲရစ်ဆင်ရဲ့နေရာတွင်အစားထိုးရန်ဆာဘစ်ဇာကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
ဆာဘစ်ဇာဟာအဲရစ်တန်ဟက်လက်အောက်တွင်ယူနိုက်တက်အတွက်၃ပွဲကစားထားပြီးတနင်္ဂနွေနေ့တုန်းကလိဒ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပွဲချိန်ပြည့်ကစားခဲ့ပါတယ်။
ဒါပေမဲ့အအသက်၂၈နှစ်ရှိကွင်းလယ်ကစားသမားမှာကြာသပတေးနေ့နူးကမ့်သို့သွားရောက်ရင်ဆိုင်ရမဲ့ပွဲတွင်ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်းယူအီးအက်ဖ်အေကအတည်ပြုလာပါတယ်။
ဆာဘစ်ဇာဟာဘိုင်ယန်မြူးနစ်အတွက်ကစားစဉ်တုန်းကအင်တာမီလန်နှင့်ချန်ပီယံလိဂ်အုပ်စုပွဲတွင်အဝါကတ်ပြသခံခဲ့ရပြီးယင်းအဝါကတ်မှာသူ့ရဲ့ ချန်ပီယံလိဂ်၃ကြိမ်မြောက်အဝါကတ်ဖြစ်ပါတယ်။
သူဟာတတိယမြောက်အဝါကတ်ကြောင့်ပီအက်စ်ဂျီနှင့်ရင်ဆိုင်ရမဲ့ ဘိုင်ယန်မြူးနစ်ရဲ့ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကိုလွဲချော်ပါမယ်။
သူဟာဘိုင်ယန်မြူးနစ်တွင်မရှိတော့ပေမဲ့လည်းယူအီးအက်ဖ်အေကပင်ကြီးမှူးကျင်းပတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်လည်းယင်းပြစ်ဒဏ်ကိုကျခံလာရဦးမှာဖြစ်တာကြောင့်ဘာစီလိုနာနှင့်ပွဲမှဦ ယူနိုက်တက်အတွက်ကစားနိုင်မှာမဟုတ်ပါဘူး။
ဒါပေမဲ့ယူနိုက်တက်ဟာပရီးမီးယားလိဂ်တွင်ပွဲပယ်ခံထားရတဲ့ကက်စ်မီရိုမှာ နားချိန်အပြည့်အဝရရှိပြီးဘာစီလိုနာနှင့်ပွဲတွင်ပါဝင်ကစားလာနိုင်မှာဖြစ်လို့ကွင်းလယ်အတွက်တစုံတရာစိုးရိမ်စရာအနေအထားမှာမရှိပါဘူး။
ZawGyi
ဘာစီလိုနာႏွင့္ ယူ႐ိုပါလိဂ္ရႈံးထြက္ပေလးေအာ့ဖ္မွာ ပါဝင္ႏိုင္မွာမဟုတ္တဲ့ ယူႏိုက္တက္စတားကို ယူအီးအက္ဖ္ေအအတည္ျပဳလာ
မန္ခ်က္စတာယူနိက္တက္ကြင္းလယ္ကစားသမားမာဆယ္ဆာဘစ္ဇာမွာ ဘာစီလိုနာႏွင့္ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ရႈံးထြက္ပထမအေက်ာ့ပြဲစဥ္တြင္ပါဝင္လာမွာမဟုတ္ေၾကာင္းယူအီးအက္ဖ္ေအကအတည္ျပဳလာပါတယ္။
ဩစႀတီးယားကြင္းလယ္ကစားသမားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္လိုက္ဇစ္မွယူႏိုက္တက္သို႔အငွားျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။
ယူႏိုက္တက္ဟာဒူးဒဏ္ရာေၾကာင့္ရာသီအကုန္အထိအနားယူရမဲ့ခရစၥတီယန္အဲရစ္ဆင္ရဲ႕ေနရာတြင္အစားထိုးရန္ဆာဘစ္ဇာကိုေခၚယူခဲ့တာလည္းျဖစ္ပါတယ္။
ဆာဘစ္ဇာဟာအဲရစ္တန္ဟက္လက္ေအာက္တြင္ယူႏိုက္တက္အတြက္၃ပြဲကစားထားၿပီးတနဂၤေႏြေန႔တုန္းကလိဒ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပြဲခ်ိန္ျပည့္ကစားခဲ့ပါတယ္။
ဒါေပမဲ့အအသက္၂၈ႏွစ္ရွိကြင္းလယ္ကစားသမားမွာၾကာသပေတးေန႔ႏူးကမ့္သို႔သြားေရာက္ရင္ဆိုင္ရမဲ့ပြဲတြင္ပါဝင္ကစားႏိုင္မွာမဟုတ္ေၾကာင္းယူအီးအက္ဖ္ေအကအတည္ျပဳလာပါတယ္။
ဆာဘစ္ဇာဟာဘိုင္ယန္ျမဴးနစ္အတြက္ကစားစဥ္တုန္းကအင္တာမီလန္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲတြင္အဝါကတ္ျပသခံခဲ့ရၿပီးယင္းအဝါကတ္မွာသူ႔ရဲ႕ ခ်န္ပီယံလိဂ္၃ႀကိမ္ေျမာက္အဝါကတ္ျဖစ္ပါတယ္။
သူဟာတတိယေျမာက္အဝါကတ္ေၾကာင့္ပီအက္စ္ဂ်ီႏွင့္ရင္ဆိုင္ရမဲ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ခ်န္ပီယံလိဂ္ ၁၆သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။
သူဟာဘိုင္ယန္ျမဴးနစ္တြင္မရွိေတာ့ေပမဲ့လည္းယူအီးအက္ဖ္ေအကပင္ႀကီးမႉးက်င္းပတဲ့ယူ႐ိုပါလိဂ္ပြဲစဥ္တြင္လည္းယင္းျပစ္ဒဏ္ကိုက်ခံလာရဦးမွာျဖစ္တာေၾကာင့္ဘာစီလိုနာႏွင့္ပြဲမွဦ ယူႏိုက္တက္အတြက္ကစားႏိုင္မွာမဟုတ္ပါဘူး။
ဒါေပမဲ့ယူႏိုက္တက္ဟာပရီးမီးယားလိဂ္တြင္ပြဲပယ္ခံထားရတဲ့ကက္စ္မီ႐ိုမွာ နားခ်ိန္အျပည့္အဝရရွိၿပီးဘာစီလိုနာႏွင့္ပြဲတြင္ပါဝင္ကစားလာႏိုင္မွာျဖစ္လို႔ကြင္းလယ္အတြက္တစုံတရာစိုးရိမ္စရာအေနအထားမွာမရွိပါဘူး။