ဘာစီလိုနာနှုတ်ဆက်သတင်းစာရှင်းပွဲတွင် မက်ဆီသုံးခဲ့တဲ့ တစ်ရှူးအား ဒေါ်လာ ၁ သန်းဖြင့် အရောင်းစာရင်းတင်လာ

လက်ရှိအချိန်မှာမက်ဆီရဲ့ဘာစီလိုနာအင်္ကျီနှင့်ပီအက်စ်ဂျီအင်္ကျီတို့ကရောင်းအားအကြီးအကျယ်ကောင်းနေပါတယ်။

ဒါပေမယ့်မက်ဆီရဲ့အမှတ်တရပစ္စည်းတွေထဲကတစ်ခုကလည်းအားလုံးရဲ့မျက်စိကျစရာတစ်ခုဖြစ်လာခဲ့ပါတယ်။

မက်ဆီရဲ့အမှတ်တရပစ္စည်းတစ်ခုကို ဒေါ်လာ ၁ သန်းဖြင့်အရောင်းစာရင်းတင်လာပါတယ်။ပရိသတ်တွေကမက်ဆီရဲ့အမှတ်တရပစ္စည်းကတစ်ခုခုထူးခြားဖြစ်လာမယ်လို့ယူဆကြောင်း ယူဆပါလိမ့်မယ်။

မဟုတ်ပါဘူး။လုံးဝမဟုတ်ပါဘူး။

ဒေါ်လာ ၁သန်းဖြင့်အရောင်းစာရင်းတင်လာတဲ့မက်ဆီရဲ့အမှတ်တရပစ္စည်းက ဘာစီလိုနာနှုတ်ဆက်သတင်းစာရှင်းလင်းပွဲတုန်းကမက်ဆီမျက်ရည်သုတ်ခဲ့တဲ့တစ်ရှူးဖြစ်ပါတယ်။

မက်ဆီဟာဘာစီလိုနာတွင်၂၁နှစ်ကြာကစားပြီးနောက်ယခုလအစောပိုင်းတုန်းကပြုလုပ်တဲ့နှုတ်ဆက်သတင်းစာရှင်းလင်းပွဲမှာမျက်ရည်ကျခဲ့ပြီးဇနီးသည်ထံမှတစ်ရှူးရယူကာမျက်ရည်သုတ်ခဲ့ပါတယ်။

မက်ဆီဟာယင်းတစ်ရှူးဖြင့်မျက်ရည်များကိုသုတ်ပြီးနောက်လွှင့်ပစ်ခဲ့ပါတယ်။ယင်းတစ်ရှူးကိုယင်းသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့တဲ့ရှေ့တန်းမှအမည်မဖော်လိုသူလူတစ်ဦးကကောက်ယူထားခဲ့ပါတယ်။

ယခုအခါယင်းလူဟာမက်ဆီမျက်ရည်သုတ်ခဲ့တဲ့တစ်ရှူးကိုဒေါ်လာ၁သန်းဖြင့်လေလံတင်ရောင်းချလာပြီဖြစ်ပါတယ်။

ယခုအဖြစ်အပျက်ကိုကြည့်ရင်လူတစ်ယောက်ရဲ့စွန့်ပစ်ပစ္စည်းကအခြားလူတစ်ဦးအတွက်ရတနာသိုက်တစ်ခုဖြစ်နေတာတွေ့ရပါတယ်။

ZawGyi





မဟုတ်ပါဘူး။လုံးဝမဟုတ်ပါဘူး။




