ဘာစီလိုနာဘက်က လိုအပ်ပါက ကစားပေးရန် အသင့်ရှိတဲ့ ဒါနီအဲလ်ဗက်စ်

ဒါနီအဲလ်ဗက်စ်ဟာပြီးခဲ့တဲ့လတုန်းကဆာအိုပေါ်လိုနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးအသင်းဟောင်းဘာစီလိုနာသို့ပြန်ပြောင်းကစားရန်တံခါးဖွင့်ပေးလာပါတယ်။

အသက်၃၈နှစ်ရှိအဲလ်ဗက်စ်ဟာပြီးခဲ့တဲ့လတုန်းကဘရာဇီးထိပ်သီးဆာအိုပေါ်လိုနှင့် ရုပ်ပုံလွှာအသုံးပြုခအတွက်ငွေကြေးမရရှိမှုနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲကာစာချုပ်ဖျက်သိမ်းခဲ့သူဖြစ်ပါတယ်။သူဟာလက်ရှိအချိန်မှာကလပ်လက်မဲ့ဖြစ်နေပါတယ်။

သူ့ကလပ်ဟောင်းဘာစီလိုနာဟာလာလီဂါတွင်ဆိုးရွားတဲ့တာထွက်နဲ့ရင်ဆိုင်နေရပြီးအမှတ်ပေးဇယားအဆင့်၉နေရာသို့ရောက်နေပြီးထိပ်ဆုံးမှဆိုစီဒက်နှင့်ရမှတ်၈မှတ်ကွာဟနေပါတယ်။

ဒါကြောင့်လည်းအဲလ်ဗက်စ်က “ဘာကာကသာကျွန်တော့်ကိုအလိုရှိတယ်ဆိုရင်တကယ့်ကိုအခွင့်အရေးကောင်းကြီးပေါ့ဗျာ။ကျွန်တော်ကသူတို့ကိုကျွန်တော်ထင်သလိုမျိုးမဖြစ်လာလို့စွန့်ခွာခဲ့တာပါ။ကျွန်တော်ထွက်ခွာလာပြီးတဲ့နောက်ဖြစ်ပျက်တာတွေကိုဘယ်သူမှမြင်ချင်မှာမဟုတ်ပါဘူး။တကယ်လို့ဘာကာကသာကျွန်တော့်ကိုအလိုရှိတယ်၊လိုချင်တယ်ဆိုရင်တော့ကျွန်တော့်ဘက်ကအသင့်ပါပဲ။ကျွန်တော့်ရဲ့ဒီကလပ်အပေါ်မှာထားတဲ့အချစ်၊လေးစားမှု၊မေတ္တာတွေကအရမ်းများပါတယ်။ဘာကာကလည်းကျွန်တော့်ကိုလိုတယ်လို့တွေးမိရုံဖုန်းလေးတစ်ချက်ခေါ်လိုက်ရုံပါပဲ။ကိုယ့်ကိုယ်ကိုလည်း ဘယ်နေရာမှာမဆိုလုပ်ပေးနိုင်စွမ်းရှိတုန်းပဲလို့ယုံကြည်နေတုန်းပါ။အခုဘာကာမှာကလေးတွေကအများသားဆိုတော့ပိုပြီးတော့တောင်ကျွန်တော့်ကိုလိုအပ်ပါတယ်”လို့ပြောကြားသွားပါတယ်။

သူဟာဘာစီလိုနာအတွက်၃၉၁ပွဲကစားကာအောင်မြင်မှုများစွာရရှိပြီးနောက်၂၀၁၆ခုနှစ်မှာထွက်ခွာခဲ့ပါတယ်။သူဟာဘာစီလိုနာနှင့်အတူလာလီဂါဖလား၆ကြိမ်၊ချန်ပီယံလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။အသက်၃၈နှစ်ရှိကစားသမားဟာကစားသမားဘဝတစ်လျှောက်ဆုဖလား၄၁ကြိမ်ဆွတ်ခူးထားကာသမိုင်းတစ်လျှောက်ဆုဖလားအအောင်မြင်ဆုံးသမားအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

ဘာစီလိုနာဘက္က လိုအပ္ပါက ကစားေပးရန္ အသင့္ရွိတဲ့ ဒါနီအဲလ္ဗက္စ္

ဒါနီအဲလ္ဗက္စ္ဟာၿပီးခဲ့တဲ့လတုန္းကဆာအိုေပၚလိုႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးအသင္းေဟာင္းဘာစီလိုနာသို႔ျပန္ေျပာင္းကစားရန္တံခါးဖြင့္ေပးလာပါတယ္။

အသက္၃၈ႏွစ္ရွိအဲလ္ဗက္စ္ဟာၿပီးခဲ့တဲ့လတုန္းကဘရာဇီးထိပ္သီးဆာအိုေပၚလိုႏွင့္ ႐ုပ္ပုံလႊာအသုံးျပဳခအတြက္ေငြေၾကးမရရွိမႈနဲ႔ပတ္သက္ၿပီးသေဘာထားကြဲလြဲကာစာခ်ဳပ္ဖ်က္သိမ္းခဲ့သူျဖစ္ပါတယ္။သူဟာလက္ရွိအခ်ိန္မွာကလပ္လက္မဲ့ျဖစ္ေနပါတယ္။

သူ႔ကလပ္ေဟာင္းဘာစီလိုနာဟာလာလီဂါတြင္ဆိုး႐ြားတဲ့တာထြက္နဲ႔ရင္ဆိုင္ေနရၿပီးအမွတ္ေပးဇယားအဆင့္၉ေနရာသို႔ေရာက္ေနၿပီးထိပ္ဆုံးမွဆိုစီဒက္ႏွင့္ရမွတ္၈မွတ္ကြာဟေနပါတယ္။

ဒါေၾကာင့္လည္းအဲလ္ဗက္စ္က “ဘာကာကသာကြၽန္ေတာ့္ကိုအလိုရွိတယ္ဆိုရင္တကယ့္ကိုအခြင့္အေရးေကာင္းႀကီးေပါ့ဗ်ာ။ကြၽန္ေတာ္ကသူတို႔ကိုကြၽန္ေတာ္ထင္သလိုမ်ိဳးမျဖစ္လာလို႔စြန႔္ခြာခဲ့တာပါ။ကြၽန္ေတာ္ထြက္ခြာလာၿပီးတဲ့ေနာက္ျဖစ္ပ်က္တာေတြကိုဘယ္သူမွျမင္ခ်င္မွာမဟုတ္ပါဘူး။တကယ္လို႔ဘာကာကသာကြၽန္ေတာ့္ကိုအလိုရွိတယ္၊လိုခ်င္တယ္ဆိုရင္ေတာ့ကြၽန္ေတာ့္ဘက္ကအသင့္ပါပဲ။ကြၽန္ေတာ့္ရဲ႕ဒီကလပ္အေပၚမွာထားတဲ့အခ်စ္၊ေလးစားမႈ၊ေမတၱာေတြကအရမ္းမ်ားပါတယ္။ဘာကာကလည္းကြၽန္ေတာ့္ကိုလိုတယ္လို႔ေတြးမိ႐ုံဖုန္းေလးတစ္ခ်က္ေခၚလိုက္႐ုံပါပဲ။ကိုယ့္ကိုယ္ကိုလည္း ဘယ္ေနရာမွာမဆိုလုပ္ေပးႏိုင္စြမ္းရွိတုန္းပဲလို႔ယုံၾကည္ေနတုန္းပါ။အခုဘာကာမွာကေလးေတြကအမ်ားသားဆိုေတာ့ပိုၿပီးေတာ့ေတာင္ကြၽန္ေတာ့္ကိုလိုအပ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

သူဟာဘာစီလိုနာအတြက္၃၉၁ပြဲကစားကာေအာင္ျမင္မႈမ်ားစြာရရွိၿပီးေနာက္၂၀၁၆ခုႏွစ္မွာထြက္ခြာခဲ့ပါတယ္။သူဟာဘာစီလိုနာႏွင့္အတူလာလီဂါဖလား၆ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။အသက္၃၈ႏွစ္ရွိကစားသမားဟာကစားသမားဘဝတစ္ေလွ်ာက္ဆုဖလား၄၁ႀကိမ္ဆြတ္ခူးထားကာသမိုင္းတစ္ေလွ်ာက္ဆုဖလားအေအာင္ျမင္ဆုံးသမားအျဖစ္ရပ္တည္ေနပါတယ္။