ဘာစီလိုနာမှာတုန်းကထက် ပီအက်စ်ဂျီမှာ မက်ဆီ ပိုကောင်းသလား?

လီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီမှာကစားတဲ့ပထမနှစ်ပွဲမှတ်တမ်းနှင့်ဘာစီလိုနာတွင်ကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲမှတ်တမ်းထွက်ပေါ်လာပါတယ်။

အာဂျင်တီးနားစူပါစတားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်စပိန်မှပြင်သစ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

မက်ဆီဟာကြားရက်တုန်းကဘရုဂျက်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာပါဝင်ကစားပြီးနောက်ကလပ်သစ်ပီအက်စ်ဂျီကစားထားတဲ့ပွဲနှစ်ပွဲရှိလာပြီဖြစ်ပါတယ်။

ဒါပေမယ့်မက်ဆီရဲ့ပီအက်စ်ဂျီမှာကစားတဲ့နှစ်ပွဲစွမ်းဆောင်ရည်ကိုဘာစီလိုနာမှာကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲစွမ်းဆောင်ရည်ကိုနှိုင်းယှဉ်ကြည့်ရင်ဘယ်လိုဖြစ်လာမလဲ?

မက်ဆီဟာဘာစီလိုနာနောက်ဆုံးနှစ်ပွဲတုန်းကမိနစ်၁၈၀အပြည့်ကစားခဲ့ပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီမှာတော့သူဟာ၁၁၄မိနစ်တည်းသာကစားခွင့်ရရှိထားပါသေးတယ်။

သူဟာဘာစီလိုနာနောက်ဆုံးနှစ်ပွဲတုန်းက၂ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်းပီအက်စ်ဂျီမှာတော့ဂိုးပေါက်တွေ့ခြင်းမရှိသေးပါဘူး။ဖန်တီးမှုလည်းမရှိပါဘူး။ဘာစီလိုနာနောက်ဆုံးနှစ်ပွဲတုန်းကလည်းမရှိခဲ့ပါဘူး။

ဒါ့အပြင်မက်ဆီဟာဘာစီလိုနာနောက်ဆုံးနှစ်ပွဲမှာဂိုးပေါက်ကန်ချက်၁၄ကြိမ်အထိပြုလုပ်ခဲ့ပြီးဂိုးပေါက်တည့်မှု၃ကြိမ်ရှိခဲ့ပါတယ်။ပီအက်စ်ဂျီမှာတော့မက်ဆီဟာဂိုးပေါက်ကန်သွင်းမှု၃ကြိမ်ပြုလုပ်ထားရာမှာ၁ကြိမ်ဂိုးပေါက်တည့်ပါတယ်။

ဖန်တီးမှုအပိုင်းမှာတော့မဆိုးပါဘူး။ဘာစီလိုနာနောက်ဆုံးနှစ်ပွဲမှာဂိုးရနိုင်တဲ့ဖန်တီးမှု၅ကြိမ်ပြုလုပ်ခဲ့ပြီးပီအက်စ်ဂျီမှာ၃ကြိမ်ပြုလုပ်ထားပါတယ်။

အနိုင်ရာခိုင်နှုန်းအပိုင်းမှာတော့မက်ဆီဟာပီအက်စ်ဂျီမှာပိုကောင်းပါတယ်။မက်ဆီဟာပီအက်စ်ဂျီအတွက်နှစ်ပွဲကစားထားရာမှာတစ်ပွဲနိုင်၊တစ်ပွဲသရေရလဒ်ရထားပါတယ်။ဘာစီလိုနာနောက်ဆုံးနှစ်ပွဲမှာတော့နိုင်ပွဲမရခဲ့ပါဘူး။

အခုအချိန်ကမက်ဆီအနေဖြင့်ပီအက်စ်ဂျီမှာအထိုင်ကျဖို့ကြိုးစားနေရတုန်းအချိန်ဖြစ်ပါတယ်။ပွဲတဖြည်းဖြည်းများလာပြီးအသားကျလာပြီဆိုရင်မက်ဆီရဲ့စွမ်းဆောင်ရည်ဘယ်လောက်အထိမြင့်တက်လာမလဲစိတ်ဝင်စားစရာတော့ကောင်းနေပါတယ်။

ZawGyi

ဘာစီလိုနာမွာတုန္းကထက္ ပီအက္စ္ဂ်ီမွာ မက္ဆီ ပိုေကာင္းသလား?

လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီမွာကစားတဲ့ပထမႏွစ္ပြဲမွတ္တမ္းႏွင့္ဘာစီလိုနာတြင္ကစားခဲ့တဲ့ေနာက္ဆုံးႏွစ္ပြဲမွတ္တမ္းထြက္ေပၚလာပါတယ္။

အာဂ်င္တီးနားစူပါစတားဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္စပိန္မွျပင္သစ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

မက္ဆီဟာၾကားရက္တုန္းကဘ႐ုဂ်က္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာပါဝင္ကစားၿပီးေနာက္ကလပ္သစ္ပီအက္စ္ဂ်ီကစားထားတဲ့ပြဲႏွစ္ပြဲရွိလာၿပီျဖစ္ပါတယ္။

ဒါေပမယ့္မက္ဆီရဲ႕ပီအက္စ္ဂ်ီမွာကစားတဲ့ႏွစ္ပြဲစြမ္းေဆာင္ရည္ကိုဘာစီလိုနာမွာကစားခဲ့တဲ့ေနာက္ဆုံးႏွစ္ပြဲစြမ္းေဆာင္ရည္ကိုႏႈိင္းယွဥ္ၾကည့္ရင္ဘယ္လိုျဖစ္လာမလဲ?

မက္ဆီဟာဘာစီလိုနာေနာက္ဆုံးႏွစ္ပြဲတုန္းကမိနစ္၁၈၀အျပည့္ကစားခဲ့ပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီမွာေတာ့သူဟာ၁၁၄မိနစ္တည္းသာကစားခြင့္ရရွိထားပါေသးတယ္။

သူဟာဘာစီလိုနာေနာက္ဆုံးႏွစ္ပြဲတုန္းက၂ဂိုးသြင္းႏိုင္ခဲ့ေပမယ့္လည္းပီအက္စ္ဂ်ီမွာေတာ့ဂိုးေပါက္ေတြ႕ျခင္းမရွိေသးပါဘူး။ဖန္တီးမႈလည္းမရွိပါဘူး။ဘာစီလိုနာေနာက္ဆုံးႏွစ္ပြဲတုန္းကလည္းမရွိခဲ့ပါဘူး။

ဒါ့အျပင္မက္ဆီဟာဘာစီလိုနာေနာက္ဆုံးႏွစ္ပြဲမွာဂိုးေပါက္ကန္ခ်က္၁၄ႀကိမ္အထိျပဳလုပ္ခဲ့ၿပီးဂိုးေပါက္တည့္မႈ၃ႀကိမ္ရွိခဲ့ပါတယ္။ပီအက္စ္ဂ်ီမွာေတာ့မက္ဆီဟာဂိုးေပါက္ကန္သြင္းမႈ၃ႀကိမ္ျပဳလုပ္ထားရာမွာ၁ႀကိမ္ဂိုးေပါက္တည့္ပါတယ္။

ဖန္တီးမႈအပိုင္းမွာေတာ့မဆိုးပါဘူး။ဘာစီလိုနာေနာက္ဆုံးႏွစ္ပြဲမွာဂိုးရႏိုင္တဲ့ဖန္တီးမႈ၅ႀကိမ္ျပဳလုပ္ခဲ့ၿပီးပီအက္စ္ဂ်ီမွာ၃ႀကိမ္ျပဳလုပ္ထားပါတယ္။

အႏိုင္ရာခိုင္ႏႈန္းအပိုင္းမွာေတာ့မက္ဆီဟာပီအက္စ္ဂ်ီမွာပိုေကာင္းပါတယ္။မက္ဆီဟာပီအက္စ္ဂ်ီအတြက္ႏွစ္ပြဲကစားထားရာမွာတစ္ပြဲႏိုင္၊တစ္ပြဲသေရရလဒ္ရထားပါတယ္။ဘာစီလိုနာေနာက္ဆုံးႏွစ္ပြဲမွာေတာ့ႏိုင္ပြဲမရခဲ့ပါဘူး။

အခုအခ်ိန္ကမက္ဆီအေနျဖင့္ပီအက္စ္ဂ်ီမွာအထိုင္က်ဖို႔ႀကိဳးစားေနရတုန္းအခ်ိန္ျဖစ္ပါတယ္။ပြဲတျဖည္းျဖည္းမ်ားလာၿပီးအသားက်လာၿပီဆိုရင္မက္ဆီရဲ႕စြမ္းေဆာင္ရည္ဘယ္ေလာက္အထိျမင့္တက္လာမလဲစိတ္ဝင္စားစရာေတာ့ေကာင္းေနပါတယ္။