ဘာစီလိုနာမှာ ကစားဖူးလို့ နာမည်ကျော်နိုက်ကလပ်သို့ ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ကစားသမားဟောင်း

ဘောလုံးသမားဟောင်းတစ်ဦးဟာဘာစီလိုနာမှာကစားခဲ့ဖူးမှုကြောင့် နာမည်ကျော်ထိပ်တန်းနိုက်ကလပ်တစ်ခုသို့ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

အသက်၃၅နှစ်ရှိမာ့ခရိုဆာဟာပြင်သစ်၊စကော့တလန်၊ရုရှားတို့တွင်ပွဲပေါင်း၂၀၈ပွဲကစားပြီးနောက်၂၀၁၇ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်းအလယ်တန်းကစားသမားဟောင်းဟာဘာစီလိုနာတွင်ကစားခဲ့ဖူးမှုနဲ့အတူမက္ကဆီကိုရှိလူသိများတဲ့နိုက်ကလပ်တစ်ခုသို့ဝင်ရောက်ခွင့်မရခဲ့ပါဘူး။

သူဟာဘာစီလိုနာရဲ့နာမည်ကျော် La Masia အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး၂၀၀၂ခုနှစ်တုန်းကဘာစီလိုနာအသင်းကြီးအတွက်စတင်ကစားခွင့်ရခဲ့ပါတယ်။

သူဟာဘာစီလိုနာအတွက်ကိုပါဒယ်ရေးနှင့်ချန်ပီယံလိဂ်တို့တွင်၇ပွဲကစားခွင့်ရခဲ့ပါတယ်။

သူဟာမက်ဆီနှင့်တွဲကစားခဲ့ဖူးပေမဲ့လည်းမက္ဆဆီကိုသို့ရောက်ချိန်မှာတော့နာမည်ကျော်နိုက်ကလပ်သို့ဝင်ခွင့်မရခဲ့ပါဘူး။

သူဟာသူငယ်ချင်းများနှင့်အတူပိုလန်ကိုရှိနိုက်ကလပ်တစ်ခုသို့သွားရောက်ရာမှာလုံခြုံရေးဝန်ထမ်းများကဘောလုံးသမားတစ်ဦးဖြစ်နေမှုကြောင့်ဝင်ခွင့်မရခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဘာစီလိုနာအပြင်လိုင်ယွန်၊ဆဲလ်တစ်၊ဗိုလ်ဂါတို့တွင်ကစားခဲ့သလိုမက္ကဆီကိုကလပ်ဆန်းတို့စ်လူဂူနာတွင်လည်းကစားခဲ့ဖူးပါတယ်။

သူဟာမက္ကဆီကိုနိုင်ငံသားခံယူပြီးတဲ့နောက်မက္ဆကိုမှာအခြေချနေထိုင်လျက်ရှိပါတယ်။

ZawGyi









