ဘာစီလိုနာမှ ပေါ်တူဂီစတားထရန်ကာအိုအား အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် ဝုဗ်အငှားဖြင့်ခေါ်ယူ

ဝုဗ်ကဘာစီလိုနာမှပေါ်တူဂီတိုက်စစ်သမားဖရန်ဆစ္စကိုထရန်ကာအိုအားတစ်ရာသီအငှားဖြင့်ခေါ်ယူလိုက်ပါတယ်။

ဝုဗ်ဟာအသက်၂၁နှစ်ရှိထရန်ကာအိုအားအငှားဖြင့်ခေါ်ယူရာမှာလာမယ့်နှစ်တွေတွင်ပေါင်၂၅သန်းဖြင့်အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။အသက်၂၁နှစ်ရှိပေါ်တူဂီလက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘာစီလိုနာအတွက်၄၂ပွဲကစားကာ၃ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဝုဗ်ဟာယခုနွေရာသီတွင်ကိုလံဘီယာနောက်ခံလူယာဆင်မိုစကွီရာအားခေါ်ယူပြီးနောက်ထရန်ကာအိုအားခေါ်ယူခဲ့တာဖြစ်ပါတယ်။ဝုဗ်ဟာပြီးခဲ့တဲ့ရာသီတုန်းကအငှားဖြင့်လာရောက်ကစားခဲ့တဲ့ပြင်သစ်ဘယ်နောက်ခံလူရာယန်အိုက်နူရီကိုလည်းပေါင်၁၀သန်းဖြင့်အပြီးသတ်ခေါ်ယူထားပြီးဖြစ်ပါတယ်။

ထရန်ကာအိုဟာ၂၀၁၉-၂၀ဘောလုံးရာသီတုန်းကဘရာဂါအတွက်၉ဂိုးသွင်းကာ၁၃ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက်ဘာစီလိုနာသို့ပေါင်၂၈သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာဘာစီလိုနာသို့ရောက်လာပြီးနောက်၄၂ပွဲအထိကစားခွင့်ရခဲ့သော်လည်းရုန်းကန်ခဲ့ရပါတယ်။

ဘယ်သန်တောင်ပံတိုက်စစ်သမားဟာအထောင်တိုက်စစ်မှူးအဖြစ်လည်းကစားနိုင်သူဖြစ်ပြီးပေါ်တူဂီအတွက်၆ပွဲကစားထားပါတယ်။

ZawGyi

ဘာစီလိုနာမွ ေပၚတူဂီစတားထရန္ကာအိုအား အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္ ဝုဗ္အငွားျဖင့္ေခၚယူ

ဝုဗ္ကဘာစီလိုနာမွေပၚတူဂီတိုက္စစ္သမားဖရန္ဆစၥကိုထရန္ကာအိုအားတစ္ရာသီအငွားျဖင့္ေခၚယူလိုက္ပါတယ္။

ဝုဗ္ဟာအသက္၂၁ႏွစ္ရွိထရန္ကာအိုအားအငွားျဖင့္ေခၚယူရာမွာလာမယ့္ႏွစ္ေတြတြင္ေပါင္၂၅သန္းျဖင့္အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္ေခၚယူလိုက္တာလည္းျဖစ္ပါတယ္။အသက္၂၁ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘာစီလိုနာအတြက္၄၂ပြဲကစားကာ၃ဂိုးသြင္းယူေပးခဲ့သူျဖစ္ပါတယ္။

ဝုဗ္ဟာယခုေႏြရာသီတြင္ကိုလံဘီယာေနာက္ခံလူယာဆင္မိုစကြီရာအားေခၚယူၿပီးေနာက္ထရန္ကာအိုအားေခၚယူခဲ့တာျဖစ္ပါတယ္။ဝုဗ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကအငွားျဖင့္လာေရာက္ကစားခဲ့တဲ့ျပင္သစ္ဘယ္ေနာက္ခံလူရာယန္အိုက္ႏူရီကိုလည္းေပါင္၁၀သန္းျဖင့္အၿပီးသတ္ေခၚယူထားၿပီးျဖစ္ပါတယ္။

ထရန္ကာအိုဟာ၂၀၁၉-၂၀ေဘာလုံးရာသီတုန္းကဘရာဂါအတြက္၉ဂိုးသြင္းကာ၁၃ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ဘာစီလိုနာသို႔ေပါင္၂၈သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္၄၂ပြဲအထိကစားခြင့္ရခဲ့ေသာ္လည္း႐ုန္းကန္ခဲ့ရပါတယ္။

ဘယ္သန္ေတာင္ပံတိုက္စစ္သမားဟာအေထာင္တိုက္စစ္မႉးအျဖစ္လည္းကစားႏိုင္သူျဖစ္ၿပီးေပၚတူဂီအတြက္၆ပြဲကစားထားပါတယ္။