ဘာစီလိုနာမှ မက်ဆီထွက်ခွာမှုအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ် မဆီမဆိုင် စွပ်စွဲခံရ

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာဘာစီလိုနာမှလီယွန်နယ်မက်ဆီထွက်ခွာရမှုနှင့်ပတ်သက်ပြီးနောက်ကွယ်မှပါဝင်ပတ်သက်နေတယ်လို့မဆီမဆိုင်စွပ်စွဲခြင်းခံနေခဲ့ရပါတယ်။

မက်ဆီနှင့်ဘာစီလိုနာတို့ဟာငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန်အားလုံးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့်ဘာစီလိုနာရဲ့ဘဏ္ဍာရေးအကြပ်အတည်းကြောင့်လာလီဂါရဲ့အသုံးစရိတ်ကန့်သတ်ခံရမှုနဲ့အတူစာချုပ်မချုပ်ဆိုနိုင်ခဲ့ပါဘူး။

မက်ဆီဟာဘာစီလိုနာမှထွက်ခွာပြီးနောက်မနေ့တုန်းကပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့သွားခဲ့ပါတယ်။ပီအက်စ်ဂျီဟာမက်ဆီအားခေါ်ယူနိုင်ခဲ့မှုနဲ့အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရန်မျှော်လင့်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာမှမက်ဆီထွက်ခွာရမှုအပေါ်ပရိသတ်များကကလပ်(သို့မဟုတ်)ကစားသမားရဲ့အမှားကြောင့်လို့ယုံကြည်ပေမယ့်လည်းEspai Baca Commission ဟောင်းဂျာမီလိုပစ်ကရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကြောင့်လို့မဆီမဆိုင်စွပ်စွဲခဲ့ကြပါတယ်။

ဒါကြောင့်လည်းပီရက်ဇ်က “ကျွန်တော့်ဘဝမှာသူနဲ့နှစ်ကြိမ်တည်းဘဲဆုံစည်းခဲ့ဖူးတာပါ။တစ်ကြိမ်လွန်ခဲ့တဲ့လေးလတုန်းကဆုံခဲ့တာပါ။နောက်ဆုံးတစ်ကြိမ်ကပြီးခဲ့တဲ့စနေနေ့တုန်းကဖြစ်ပါတယ်။ဘာစီလိုနာမှာပြုလုပ်တဲ့ဥက္ကဌဂျိုဟန်လာပေါ်တာ၊ဥက္ကဌအင်ဒရေအက်ဂနယ်လီတို့နဲ့တွေ့ဆုံတုန်းကပါ။အဲဒီတုန်းကဘာစီလိုနာကမက်ဆီထွက်ခွာကြောင်းကြေညာထားပြီးဖြစ်ပါတယ်။မက်ဆီ(သို့မဟုတ်)ဘာစီလိုနာနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်မှာကျွန်တော်ပါဝင်ပတ်သက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဂျာမီလိုပစ်အနေနဲ့သူ့ထုတ်ပြန်ချက်ကအမှားဆိုတာသိပြီးချက်ချင်းပြန်ပြင်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘာစီလိုနာမွ မက္ဆီထြက္ခြာမႈအတြက္ ရီးရဲလ္မက္ဒရစ္ဥကၠဌပီရက္ဇ္ မဆီမဆိုင္ စြပ္စြဲခံရ

ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာဘာစီလိုနာမွလီယြန္နယ္မက္ဆီထြက္ခြာရမႈႏွင့္ပတ္သက္ၿပီးေနာက္ကြယ္မွပါဝင္ပတ္သက္ေနတယ္လို႔မဆီမဆိုင္စြပ္စြဲျခင္းခံေနခဲ့ရပါတယ္။

မက္ဆီႏွင့္ဘာစီလိုနာတို႔ဟာငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အားလုံးသေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေပမယ့္ဘာစီလိုနာရဲ႕ဘ႑ာေရးအၾကပ္အတည္းေၾကာင့္လာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္ခံရမႈနဲ႔အတူစာခ်ဳပ္မခ်ဳပ္ဆိုႏိုင္ခဲ့ပါဘူး။

မက္ဆီဟာဘာစီလိုနာမွထြက္ခြာၿပီးေနာက္မေန႔တုန္းကပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ပီအက္စ္ဂ်ီဟာမက္ဆီအားေခၚယူႏိုင္ခဲ့မႈနဲ႔အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ရန္ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။

ဘာစီလိုနာမွမက္ဆီထြက္ခြာရမႈအေပၚပရိသတ္မ်ားကကလပ္(သို႔မဟုတ္)ကစားသမားရဲ႕အမွားေၾကာင့္လို႔ယုံၾကည္ေပမယ့္လည္းEspai Baca Commission ေဟာင္းဂ်ာမီလိုပစ္ကရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ေၾကာင့္လို႔မဆီမဆိုင္စြပ္စြဲခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းပီရက္ဇ္က “ကြၽန္ေတာ့္ဘဝမွာသူနဲ႔ႏွစ္ႀကိမ္တည္းဘဲဆုံစည္းခဲ့ဖူးတာပါ။တစ္ႀကိမ္လြန္ခဲ့တဲ့ေလးလတုန္းကဆုံခဲ့တာပါ။ေနာက္ဆုံးတစ္ႀကိမ္ကၿပီးခဲ့တဲ့စေနေန႔တုန္းကျဖစ္ပါတယ္။ဘာစီလိုနာမွာျပဳလုပ္တဲ့ဥကၠဌဂ်ိဳဟန္လာေပၚတာ၊ဥကၠဌအင္ဒေရအက္ဂနယ္လီတို႔နဲ႔ေတြ႕ဆုံတုန္းကပါ။အဲဒီတုန္းကဘာစီလိုနာကမက္ဆီထြက္ခြာေၾကာင္းေၾကညာထားၿပီးျဖစ္ပါတယ္။မက္ဆီ(သို႔မဟုတ္)ဘာစီလိုနာနဲ႔ပတ္သက္ၿပီးဆုံးျဖတ္ခ်က္မွာကြၽန္ေတာ္ပါဝင္ပတ္သက္ဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။ဂ်ာမီလိုပစ္အေနနဲ႔သူ႔ထုတ္ျပန္ခ်က္ကအမွားဆိုတာသိၿပီးခ်က္ခ်င္းျပန္ျပင္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။