ဘာစီလိုနာရဲ့ကျောနံပါတ် ၁၀ ပိုင်ရှင်သစ်ဖြစ်လာပြီဖြစ်တဲ့ ကော်တင်ဟို

ဖီးလစ်ပီကော်တင်ဟိုဟာဘာစီလိုနာမှလီယွန်နီမက်ဆီထွက်ခွာသွားပြီးနောက်ကျောနံပါတ်၁၀အားလွဲပြောင်းဆက်ခံလိုက်ပါတယ်။

ကော်တင်ဟိုဟာဂန္ထဝင်ကစားသမားမက်ဆီဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုလက်ခံရရှိတယ်ဆိုပေမယ့်ယခုအခါဘာစီလိုနာရဲ့ဂန္ထဝင်ကျောနံပါတ်ဖြစ်တဲ့ကျောနံပါတ်၁၀ကိုလွဲပြောင်းရရှိသွားပြီဖြစ်ပါတယ်။

ကော်တင်ဟိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကျောနံပါတ်၁၄ကိုဝတ်ဆင်ကစားခဲ့ပေမယ့်လည်းဂန္ထဝင်နည်းပြဂျိုဟန်ခရိုက်ဖ်ရဲ့ကျောနံပါတ်ကိုပထမအသင်းသို့တက်လှမ်းလာတဲ့လူငယ်ကစားသမားမာနာအားလွဲပြောင်းပေးလိုက်ရပါတယ်။

ဘာစီလိုနာဟာမက်ဆီဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုအနားပေးရန်ပရိသတ်များရဲ့တောင်းဆိုခြင်းခံရပေမယ့်လာလီဂါစည်းမျဉ်းအရအနားပေးနိုင်ခြင်းမရှိပါဘူး။

ယခုအခါဘာစီလိုနာဟာကျောနံပါတ်၁၀အားကော်တင်ဟိုအားလွဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ကော်တင်ဟိုရဲ့ကျောနံပါတ်၁၀အင်္ကျီကိုဘရာဇီးနိုင်ငံ၊ဆာအိုပေါ်လိုရှိဘာစီလိုနာစတိုးတွင်ချိတ်ဆွဲရောင်းချနေပြီလည်းဖြစ်ပါတယ်။

ဘာစီလိုနာဘက်ကတော့ကော်တင်ဟိုကိုမက်ဆီရဲ့ကျောနံပါတ်ကိုလွဲပြောင်းပေးကြောင်းတရားဝင်ကြေညာခြင်းတော့မရှိသေးပါဘူး။

ZawGyi






