ဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကို လူငယ်အသင်းလုပ်ခဖြင့်ကစားကာ ကူညီဖြေရှင်းပေးနေတဲ့ ဆာဂျီရောဘတ်တို

ဘာစီလိုနာရဲ့ဆာဂျီရောဘတ်တိုဟာကလပ်ရဲ့ဘဏ္ဍာရေးပြဿနာကိုဖြေရှင်းနိုင်ရန်အတွက်လူငယ်အသင်းလုပ်ခဖြင့်ကစားနေပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်လာခဲ့ရတဲ့အသင်းဖြစ်ပါတယ်။

၎င်းတို့ဟာငွေချေးမှုရယူခဲ့ရပြီး ဆုံးဖြတ်ချက်အမှားများပြုလုပ်ခဲ့သလိုလီယွန်နယ်မက်ဆီကိုလည်းဆုံးရှုံးခဲ့ရပါတယ်။

ဘာစီလိုနာဟာမကြာသေးမီတုန်းကကစားသမားဘဝမှအနားယူသွားတဲ့ဂါရတ်ဘေးလ်ကိုကြွေးမြီယူရိုသန်း၃၀ပေးရန်ကျန်နေသေးကြောင်းလည်းသိရပါတယ်။

ဒါပေမဲ့၎င်းတို့ဟာနွေရာသီတုန်းကကစားသမား၇ဦးအထိခေါ်ယူခဲ့ပါသေးတယ်။

ယခုအခါဘာစီလိုနာအတွက်၃၂၈ပွဲကစားထားကာလာလီဂါဖလား၆လုံး၊ချန်ပီယံလိဂ်ဖလား၂လုံးရယူထားတဲ့ဆာဂျီရောဘတ်တိုကကလပ်ရဲ့ငွေကြေးပြဿနာများကိုဖြေရှင်းရန်နွေရာသီတုန်းကတစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ရာမှာလူငယ်အသင်းလုပ်ခသာရယူခဲ့ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။

ဆာဂျီရောဘတ်တိုက “အခု (ခ)အသင်းကကစားသမားရသလိုရနေပါတယ်။ဒါပေမဲ့ဒီမှာဆက်ကစားချင်တဲ့အတွက်ဒီအတွက်ဂုဏ်ယူတယ်။ဒီမှာဆက်ကစားချင်တယ်။အခုရရှိနေမှုအပေါ်ပျော်ပါတယ်။ကျွန်တော့်အတွက်ငွေကြေးကအဓိကမကျပါဘူး။အခုနေချင်တဲ့နေရတဲ့အတွက်ပျော်တယ်”လို့ပြောကြားသွားပါတယ်။

ဆာဂျီရောဘတ်တိုရဲ့လက်ရှိစာချုပ်ဟာလာမယ့်နွေရာသီမှာကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သက်တမ်း၆လသာကျန်ပါတော့တယ်။

ဒါပေမဲ့ဘာစီလိုနာနှင့်ဆာဂျီရောဘတ်တိုတို့ဟာလာမယ့်ရက်သတ္တပတ်များအတွင်းတွင်စာချုပ်သစ်အတွက်စတင်ဆွေးနွေးလာဖို့ရှိပါတယ်။

ZawGyi

ဘာစီလိုနာရဲ႕ဘ႑ာေရးျပႆနာကို လူငယ္အသင္းလုပ္ချဖင့္ကစားကာ ကူညီေျဖရွင္းေပးေနတဲ့ ဆာဂ်ီေရာဘတ္တို

ဘာစီလိုနာရဲ႕ဆာဂ်ီေရာဘတ္တိုဟာကလပ္ရဲ႕ဘ႑ာေရးျပႆနာကိုေျဖရွင္းႏိုင္ရန္အတြက္လူငယ္အသင္းလုပ္ချဖင့္ကစားေနပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္လာခဲ့ရတဲ့အသင္းျဖစ္ပါတယ္။

၎တို႔ဟာေငြေခ်းမႈရယူခဲ့ရၿပီး ဆုံးျဖတ္ခ်က္အမွားမ်ားျပဳလုပ္ခဲ့သလိုလီယြန္နယ္မက္ဆီကိုလည္းဆုံးရႈံးခဲ့ရပါတယ္။

ဘာစီလိုနာဟာမၾကာေသးမီတုန္းကကစားသမားဘဝမွအနားယူသြားတဲ့ဂါရတ္ေဘးလ္ကိုေႂကြးၿမီယူ႐ိုသန္း၃၀ေပးရန္က်န္ေနေသးေၾကာင္းလည္းသိရပါတယ္။

ဒါေပမဲ့၎တို႔ဟာေႏြရာသီတုန္းကကစားသမား၇ဦးအထိေခၚယူခဲ့ပါေသးတယ္။

ယခုအခါဘာစီလိုနာအတြက္၃၂၈ပြဲကစားထားကာလာလီဂါဖလား၆လုံး၊ခ်န္ပီယံလိဂ္ဖလား၂လုံးရယူထားတဲ့ဆာဂ်ီေရာဘတ္တိုကကလပ္ရဲ႕ေငြေၾကးျပႆနာမ်ားကိုေျဖရွင္းရန္ေႏြရာသီတုန္းကတစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရာမွာလူငယ္အသင္းလုပ္ခသာရယူခဲ့ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။

ဆာဂ်ီေရာဘတ္တိုက “အခု (ခ)အသင္းကကစားသမားရသလိုရေနပါတယ္။ဒါေပမဲ့ဒီမွာဆက္ကစားခ်င္တဲ့အတြက္ဒီအတြက္ဂုဏ္ယူတယ္။ဒီမွာဆက္ကစားခ်င္တယ္။အခုရရွိေနမႈအေပၚေပ်ာ္ပါတယ္။ကြၽန္ေတာ့္အတြက္ေငြေၾကးကအဓိကမက်ပါဘူး။အခုေနခ်င္တဲ့ေနရတဲ့အတြက္ေပ်ာ္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဆာဂ်ီေရာဘတ္တိုရဲ႕လက္ရွိစာခ်ဳပ္ဟာလာမယ့္ေႏြရာသီမွာကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သက္တမ္း၆လသာက်န္ပါေတာ့တယ္။

ဒါေပမဲ့ဘာစီလိုနာႏွင့္ဆာဂ်ီေရာဘတ္တိုတို႔ဟာလာမယ့္ရက္သတၱပတ္မ်ားအတြင္းတြင္စာခ်ဳပ္သစ္အတြက္စတင္ေဆြးေႏြးလာဖို႔ရွိပါတယ္။