ဘာစီလိုနာရဲ့မည်သည့်အကြပ်ကိုင်မှုကိုမှ လက်ခံမည်မဟုတ်လို့ တုံ့ပြန်လာတဲ့ ဒမ်ဘီလီ

အူစမန်နီဒမ်ဘီလီကစာချုပ်သစ်မချုပ်ဆိုလျှင်ထွက်ခွာရမည်လို့ကြေညာလာတဲ့ ဘာစီလိုနာအား မည်သည့်အကြပ်ကိုင်မှုကိုမှလက်ခံသွားမည်မဟုတ်ကြောင်းထုတ်ပြန်တုံ့ပြန်မှုပြုလုပ်လာပါတယ်။

ကြာသပတေးနေ့တုန်းကဘာစီလိုနာရဲ့ဘောလုံးဒါရိုက်တာအလီမန်းနီက အသက်၂၄နှစ်ရှိဒမ်ဘီလီမှာဘာစီလိုနာမှထွက်ခွာလိုနေကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်နည်းပြဇာဗီးကလည်းဒမ်ဘီလီအနေဖြင့်စာချုပ်သစ်မချုပ်ဆိုလျှင်ယခုလတွင်ထွက်ခွာရမည်ဖြစ်ကြောင်းဆိုထားပါတယ်။

ပြင်သစ်လက်ရွေးစင်စတားဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားပါတယ်။

ဒမ်ဘီလီက “ဒီနေ့တော့အဆုံးသတ်သွားပါပြီ”လို့အင်စတာဂရမ်တွင်ရေးသားကာ ပြီးခဲ့တဲ့နှစ်များအတွင်းသူနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့သတင်းများကိုရည်ညွှန်းကာအင်စတာဂရမ်တွင်ရေးသားသွားပါတယ်။

ဆက်လက်ပြီး၎င်းက “ဒီနေ့ကစပြီးဘယ်ကြပ်ကိုင်မှုကိုမှလက်မခံဘဲရိုးသားစွာဘဲတုံ့ပြန်သွားပါတော့မယ်။အားကစားစီမံကိန်းအတွက်မပေးဆပ်ဘူးလို့ တွေးတာတွေကိုတားမြစ်ပါမယ်။ကျွန်တော်မလုပ်တာကိုလုပ်တယ်လို့ ဖြန့်ဝေလာမှုကိုတားပါမယ်”လို့ဆက်လက်ရေးသွားပါတယ်။

ဒမ်ဘီလီဟာ၂၀၁၇ခုနှစ်တွင်ဒေါ့မွန်မှဘာစီလိုနာပေါင်၁၃၅.၅သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။လက်ရှိအနေအထားအရဘာစီလိုနာအနေဖြင့်ဒမ်ဘီလီဘက်ကသာငြင်းဆိုပါကနွေရာသီတွင်ငွေတပြားမှမရဘဲလက်လွှတ်ရဖို့ရှိပါတယ်။

ဒမ်ဘီလီဟာမနေ့ညတုန်းကဘီလ်ဘာအိုကိုရှုံးနိမ့်ကာကိုပါဒယ်ရေးမှထွက်ခွာခဲ့ရတဲ့ပွဲတွင်ဘာစီလိုနာလူစာရင်းမှချန်လှပ်ခံခဲ့ရပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့ချုပ်ကဘာစီလိုနာအနေဖြင့် ဒမ်ဘီလီဘက်ကစာချုပ်သစ်မချုပ်ဆိုမှုကြောင့်လူစာရင်းတွင်ချန်လှပ်ကာအတင်းကြပ်ဖိအားပေးတာမျိုးမလုပ်ရန်ကြေညာထားပါတယ်။

ZawGyi

ဘာစီလိုနာရဲ႕မည္သည့္အၾကပ္ကိုင္မႈကိုမွ လက္ခံမည္မဟုတ္လို႔ တုံ႔ျပန္လာတဲ့ ဒမ္ဘီလီ

အူစမန္နီဒမ္ဘီလီကစာခ်ဳပ္သစ္မခ်ဳပ္ဆိုလွ်င္ထြက္ခြာရမည္လို႔ေၾကညာလာတဲ့ ဘာစီလိုနာအား မည္သည့္အၾကပ္ကိုင္မႈကိုမွလက္ခံသြားမည္မဟုတ္ေၾကာင္းထုတ္ျပန္တုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

ၾကာသပေတးေန႔တုန္းကဘာစီလိုနာရဲ႕ေဘာလုံးဒါ႐ိုက္တာအလီမန္းနီက အသက္၂၄ႏွစ္ရွိဒမ္ဘီလီမွာဘာစီလိုနာမွထြက္ခြာလိုေနေၾကာင္းေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္နည္းျပဇာဗီးကလည္းဒမ္ဘီလီအေနျဖင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုလွ်င္ယခုလတြင္ထြက္ခြာရမည္ျဖစ္ေၾကာင္းဆိုထားပါတယ္။

ျပင္သစ္လက္ေ႐ြးစင္စတားဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားပါတယ္။

ဒမ္ဘီလီက “ဒီေန႔ေတာ့အဆုံးသတ္သြားပါၿပီ”လို႔အင္စတာဂရမ္တြင္ေရးသားကာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းသူနဲ႔ပတ္သက္ၿပီးထြက္ေပၚလာတဲ့သတင္းမ်ားကိုရည္ၫႊန္းကာအင္စတာဂရမ္တြင္ေရးသားသြားပါတယ္။

ဆက္လက္ၿပီး၎က “ဒီေန႔ကစၿပီးဘယ္ၾကပ္ကိုင္မႈကိုမွလက္မခံဘဲ႐ိုးသားစြာဘဲတုံ႔ျပန္သြားပါေတာ့မယ္။အားကစားစီမံကိန္းအတြက္မေပးဆပ္ဘူးလို႔ ေတြးတာေတြကိုတားျမစ္ပါမယ္။ကြၽန္ေတာ္မလုပ္တာကိုလုပ္တယ္လို႔ ျဖန႔္ေဝလာမႈကိုတားပါမယ္”လို႔ဆက္လက္ေရးသြားပါတယ္။

ဒမ္ဘီလီဟာ၂၀၁၇ခုႏွစ္တြင္ေဒါ့မြန္မွဘာစီလိုနာေပါင္၁၃၅.၅သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။လက္ရွိအေနအထားအရဘာစီလိုနာအေနျဖင့္ဒမ္ဘီလီဘက္ကသာျငင္းဆိုပါကေႏြရာသီတြင္ေငြတျပားမွမရဘဲလက္လႊတ္ရဖို႔ရွိပါတယ္။

ဒမ္ဘီလီဟာမေန႔ညတုန္းကဘီလ္ဘာအိုကိုရႈံးနိမ့္ကာကိုပါဒယ္ေရးမွထြက္ခြာခဲ့ရတဲ့ပြဲတြင္ဘာစီလိုနာလူစာရင္းမွခ်န္လွပ္ခံခဲ့ရပါတယ္။

ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားအဖြဲ႕ခ်ဳပ္ကဘာစီလိုနာအေနျဖင့္ ဒမ္ဘီလီဘက္ကစာခ်ဳပ္သစ္မခ်ဳပ္ဆိုမႈေၾကာင့္လူစာရင္းတြင္ခ်န္လွပ္ကာအတင္းၾကပ္ဖိအားေပးတာမ်ိဳးမလုပ္ရန္ေၾကညာထားပါတယ္။