ဘာစီလိုနာရဲ့မားကပ်စ်ရက်ဖို့ဒ်အား လူကပ်ကစားမှုကို ဗျူဟာသစ်သုံးပြီး ဖျက်ဆီးပစ်ခဲ့တဲ့ အဲရစ်တန်ဟက်

အဲရစ်တန်ဟက်ဟာဘာစီလိုနာရဲ့မားကပ်စ်ရက်ဖို့ဒ်အားလူကပ်ကစားကာထိန်းချုပ်ရန်ကြိုးပမ်းမှုအား ကစားသမားသုံးဦးကိုနေရာသစ်များတွက်ကစားစေကာဖျက်ဆီးပြခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့ဗျူဟာဟာနူးကမ့်တွင်အလုပ်ဖြစ်ခဲ့ပြီးရက်ဖို့ဒ်လည်းဂိုးသွင်းနိုင်ခဲ့ကာဘာစီလိုနာနှင့်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာမနေ့ညတုန်းကဘာစီလိုနာနှင့်ပွဲတွင်လီဆန်ဒရိုမာတီနက်ဇ်နှင့်ဆာဘစ်ဇာပွဲပယ်ခံထားရမှု၊ဒွန်နီဗန်ဒီဘိခ်၊အဲရစ်ဆင်၊မာရှယ်၊မက်တိုမီနေးနှင့်အန်တိုနီတို့ဒဏ်ရာရရှိနေမှုကြောင့်နည်းဗျူဟာပိုင်းချမှတ်ရန်အခက်အခဲများစွာရှိနေခဲ့တာပါ။

ဒါပေမဲ့အဲရစ်တန်ဟက်ဟာဘာစီလိုနာရဲ့ဗျူဟာကိုဖျက်ဆီးရေးအတွက်အံ့ဩစရာကောင်းတဲ့ဗျူဟာကိုခင်းကျင်းအသုံးပြုခဲ့ပါတယ်။

သူဟာအရပ်၆ပေ၊၆လက်မရှိတိုက်စစ်မှူးဝေါက်ဝက်ဟော့စ်ကိုအံ့ဩသင့်စရာကောင်းအောင်ကျောနံပါတ်၁၀နေရာမှာကစားစေခဲ့ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟာပင်နယ်တီဧရိယာတွင်လှုပ်ရှားကစားတဲ့အထောင်တိုက်စစ်မှူးအဖြစ်သာလူသိများသူဖြစ်ပါတယ်။

ဒါပေမဲ့တန်ဟက်ဟာဝက်ဟော့စ်ရဲ့ခန္ဓာကိုယ်သန်မာမှုနှင့်ခေါင်းတိုက်ကောင်းမှုကိုအသုံးချရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒတ်ချ်နည်းပြဟာပြီးခဲ့တဲ့အပတ်တုန်းကလိဒ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာယင်းစနစ်သုံးခဲ့ပါသေးတယ်။

ဒါ့အပြင်သူဟာဘရူနိုဖာနန်ဒက်စ်ကိုညာတောင်ပံသို့ထွက်ကစားစေပြီးဘာကာရဲ့နောက်တန်းကစားသမားများဘောလုံးပေးပို့မှုကို Press လုပ်စေခဲ့ပါတယ်။

တန်ဟက်နောက်ဆုံးလုပ်ခဲ့တဲ့အပြောင်းအလဲကတော့တောင်ပံတွင်ကစားလေ့ရှိတဲ့မားကပ်စ်ရက်ဖို့ဒ်ကိုကျောနံပါတ်၉နေရာမှာကစားစေခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာမားကပ်စ်ရက်ဖို့ဒ်ကိုထိန်းချုပ်ရန်အတွက်ဗဟိုနောက်ခံလူရော်နယ်အရူဂျိုကိုညာနောက်ခံလူအဖြစ်သုံးခဲ့ပါတယ်။ဒါ့အပြင်အဲရစ်တန်ဟက်ရဲ့နည်းပြပြောင်းလဲမှုကြောင့်အရူဂျိုမှာဆန်ချိုနှင့်သာထိပ်တိုက်ဆုံခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့အစီအစဉ်ကအလုပ်ဖြစ်ခဲ့ပြီးပထမပိုင်းမှာဂိုးမရှိသရေကျခဲ့ပါတယ်။

ဒုတိယပိုင်းတွင်မားကို့စ်အလွန်ဆိုကခေါင်းတိုက်ပြီးဘာကာအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ချဲလ်ဆီးနောက်ခံလူဟောင်းဟာဂိုးသွင်းပြီးနောက်ပြီးခဲ့တဲ့အပတ်ကကွယ်လွန်သွားခဲ့တဲ့ဖခင်ဖြစ်သူကိုရည်ရွယ်အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

မိနစ်အနည်းငယ်အကြာမှာအဲရစ်တန်ဟက်ရဲ့နည်းဗျူဟာအလုပ်ဖြစ်ကြောင်းသက်သေပြလာပါတယ်။မားကပ်စ်ရက်ဖို့ဒ်ကချေပဂိုးသွင်းလာတာဖြစ်ပါတယ်။

ယင်းနောက်၅မိနစ်ခန့်အကြာတွင်ရက်ဖို့ဒ်ရဲ့ဖြတ်တင်ဘောကနေကွန်ဒီ ကိုယ့်ဂိုးကိုယ်သွင်းမိပြီးဦးဆောင်ဂိုးရခဲ့ပါတယ်။ပွဲချိန်၇၆မိနစ်မှာရာဖင်ညာရဲ့ဖြတ်တင်ဘောဂိုးထဲတန်းဝင်သွားလို့ဘာစီလိုနာရဲ့ချေပဂိုးရပြီး၂ဂိုးစီသရေကျခဲ့ပါတယ်။

ယူနိုက်တက်ဟာဒုတိယအကျော့ပွဲစဉ်အဖြစ်လာမယ့်အပတ်မှာအိုးထရက်ဖို့ဒ်မှာဧည့်ခံကစားရပါမယ်။

ZawGyi

ဘာစီလိုနာရဲ႕မားကပ္စ္ရက္ဖို႔ဒ္အား လူကပ္ကစားမႈကို ဗ်ဴဟာသစ္သုံးၿပီး ဖ်က္ဆီးပစ္ခဲ့တဲ့ အဲရစ္တန္ဟက္

အဲရစ္တန္ဟက္ဟာဘာစီလိုနာရဲ႕မားကပ္စ္ရက္ဖို႔ဒ္အားလူကပ္ကစားကာထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈအား ကစားသမားသုံးဦးကိုေနရာသစ္မ်ားတြက္ကစားေစကာဖ်က္ဆီးျပခဲ့ပါတယ္။

အဲရစ္တန္ဟက္ရဲ႕ဗ်ဴဟာဟာႏူးကမ့္တြင္အလုပ္ျဖစ္ခဲ့ၿပီးရက္ဖို႔ဒ္လည္းဂိုးသြင္းႏိုင္ခဲ့ကာဘာစီလိုနာႏွင့္ႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာမေန႔ညတုန္းကဘာစီလိုနာႏွင့္ပြဲတြင္လီဆန္ဒ႐ိုမာတီနက္ဇ္ႏွင့္ဆာဘစ္ဇာပြဲပယ္ခံထားရမႈ၊ဒြန္နီဗန္ဒီဘိခ္၊အဲရစ္ဆင္၊မာရွယ္၊မက္တိုမီေနးႏွင့္အန္တိုနီတို႔ဒဏ္ရာရရွိေနမႈေၾကာင့္နည္းဗ်ဴဟာပိုင္းခ်မွတ္ရန္အခက္အခဲမ်ားစြာရွိေနခဲ့တာပါ။

ဒါေပမဲ့အဲရစ္တန္ဟက္ဟာဘာစီလိုနာရဲ႕ဗ်ဴဟာကိုဖ်က္ဆီးေရးအတြက္အံ့ဩစရာေကာင္းတဲ့ဗ်ဴဟာကိုခင္းက်င္းအသုံးျပဳခဲ့ပါတယ္။

သူဟာအရပ္၆ေပ၊၆လက္မရွိတိုက္စစ္မႉးေဝါက္ဝက္ေဟာ့စ္ကိုအံ့ဩသင့္စရာေကာင္းေအာင္ေက်ာနံပါတ္၁၀ေနရာမွာကစားေစခဲ့ပါတယ္။

ဒတ္ခ်္တိုက္စစ္မႉးဟာပင္နယ္တီဧရိယာတြင္လႈပ္ရွားကစားတဲ့အေထာင္တိုက္စစ္မႉးအျဖစ္သာလူသိမ်ားသူျဖစ္ပါတယ္။

ဒါေပမဲ့တန္ဟက္ဟာဝက္ေဟာ့စ္ရဲ႕ခႏၶာကိုယ္သန္မာမႈႏွင့္ေခါင္းတိုက္ေကာင္းမႈကိုအသုံးခ်ရန္ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ဒတ္ခ်္နည္းျပဟာၿပီးခဲ့တဲ့အပတ္တုန္းကလိဒ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာယင္းစနစ္သုံးခဲ့ပါေသးတယ္။

ဒါ့အျပင္သူဟာဘ႐ူႏိုဖာနန္ဒက္စ္ကိုညာေတာင္ပံသို႔ထြက္ကစားေစၿပီးဘာကာရဲ႕ေနာက္တန္းကစားသမားမ်ားေဘာလုံးေပးပို႔မႈကို Press လုပ္ေစခဲ့ပါတယ္။

တန္ဟက္ေနာက္ဆုံးလုပ္ခဲ့တဲ့အေျပာင္းအလဲကေတာ့ေတာင္ပံတြင္ကစားေလ့ရွိတဲ့မားကပ္စ္ရက္ဖို႔ဒ္ကိုေက်ာနံပါတ္၉ေနရာမွာကစားေစခဲ့ပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာမားကပ္စ္ရက္ဖို႔ဒ္ကိုထိန္းခ်ဳပ္ရန္အတြက္ဗဟိုေနာက္ခံလူေရာ္နယ္အ႐ူဂ်ိဳကိုညာေနာက္ခံလူအျဖစ္သုံးခဲ့ပါတယ္။ဒါ့အျပင္အဲရစ္တန္ဟက္ရဲ႕နည္းျပေျပာင္းလဲမႈေၾကာင့္အ႐ူဂ်ိဳမွာဆန္ခ်ိဳႏွင့္သာထိပ္တိုက္ဆုံခဲ့ရပါတယ္။

ယူႏိုက္တက္ရဲ႕အစီအစဥ္ကအလုပ္ျဖစ္ခဲ့ၿပီးပထမပိုင္းမွာဂိုးမရွိသေရက်ခဲ့ပါတယ္။

ဒုတိယပိုင္းတြင္မားကို႔စ္အလြန္ဆိုကေခါင္းတိုက္ၿပီးဘာကာအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းဟာဂိုးသြင္းၿပီးေနာက္ၿပီးခဲ့တဲ့အပတ္ကကြယ္လြန္သြားခဲ့တဲ့ဖခင္ျဖစ္သူကိုရည္႐ြယ္ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။

မိနစ္အနည္းငယ္အၾကာမွာအဲရစ္တန္ဟက္ရဲ႕နည္းဗ်ဴဟာအလုပ္ျဖစ္ေၾကာင္းသက္ေသျပလာပါတယ္။မားကပ္စ္ရက္ဖို႔ဒ္ကေခ်ပဂိုးသြင္းလာတာျဖစ္ပါတယ္။

ယင္းေနာက္၅မိနစ္ခန႔္အၾကာတြင္ရက္ဖို႔ဒ္ရဲ႕ျဖတ္တင္ေဘာကေနကြန္ဒီ ကိုယ့္ဂိုးကိုယ္သြင္းမိၿပီးဦးေဆာင္ဂိုးရခဲ့ပါတယ္။ပြဲခ်ိန္၇၆မိနစ္မွာရာဖင္ညာရဲ႕ျဖတ္တင္ေဘာဂိုးထဲတန္းဝင္သြားလို႔ဘာစီလိုနာရဲ႕ေခ်ပဂိုးရၿပီး၂ဂိုးစီသေရက်ခဲ့ပါတယ္။

ယူႏိုက္တက္ဟာဒုတိယအေက်ာ့ပြဲစဥ္အျဖစ္လာမယ့္အပတ္မွာအိုးထရက္ဖို႔ဒ္မွာဧည့္ခံကစားရပါမယ္။