ဘာစီလိုနာရဲ့မီဒီယာမှတဆင့်နှိပ်ကွပ်ရန်စီစဉ်နေမှုကို အာဏာပိုင်ထံ အသိပေးလာတဲ့ ဖရန်ကီဒီဂျောင်ရဲ့ရှေ့နေများ

ဖရန်ကီဒီဂျောင်ဟာသူ့ကိုမီဒီယာများအားအသုံးချကာအဓိကတရားခံအဖြစ်အပြစ်တင်ရန်ဘာစီလိုနာရဲ့စီစဉ်ထားမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

ဖရန်ကီဒီဂျောင်ဟာအပြောင်းအရွှေ့စတင်ကတည်းကယူနိုက်တက်ရဲ့ပစ်မှတ်ထားခြင်းခံလာရပေမဲ့ထွက်ခွာရန်ငြင်းဆိုနေသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာလုပ်ခလျှော့ချနိုင်ရန်အတွက်ဖရန်ကီဒီဂျောင်ကိုရောင်းချလိုနေပါတယ်။ဒါပေမဲ့ဒီဂျောင်ဟာဘာစီလိုနာထံမှလုပ်ခကြွေးမြီရရန်ရှိနေသေးတဲ့အပြင်စာချုပ်ပါအချက်များအရနောက်ပိုင်းတွင်ပိုမိုအကျိုးခံစားခွင့်ရရှိလာမှာဖြစ်လို့ထွက်ခွာရန်ငြင်းဆိုနေပါတယ်။

မကြာသေးမီတုန်းကဘာစီလိုနာဟာဖရန်ကီဒီဂျောင်ရဲ့လက်ရှိစာချုပ်မှာအကျုံးမဝင်ဟုဆိုကာစာချုပ်သစ်ချုပ်ဆိုရေးအတွက်တရားစွဲဆိုရန်စီစဉ်နေကြောင်းသတင်းထွက်လာခဲ့ပါတယ်။

ယင်းလုပ်ဆောင်မှုကိုဖရန်ကီဒီဂျောင်ကဘာစီလိုနာဘက်ကသူ့ကိုအသင်းမှထွက်ခွာလျှင်ထွက်ခွာ၊မထွက်ခွာလျှင်လုပ်ခလျှော့ယူရမယ်လို့အကျပ်ကိုင်လုပ်ဆောင်နေတာလို့ယုံကြည်နေပါတယ်။

ဒါကြောင့်လည်းဖရန်ကီဒီဂျောင်ဟာသူ့ရှေ့နေများကိုဆက်သွယ်ကာ ဘာစီလိုနာကသူ့ကိုမီဒီယာများအားအသုံးချကာနှိပ်ကွပ်ရန်စီစဉ်နေတယ်ဆိုပြီးစပိန်ဘောလုံးအဖွဲ့ချုပ်ကိုအကြောင်းကြားအသိပေးမှုပြုလုပ်စေခဲ့ကြောင်း Mundo Deportivo ကဖော်ပြလာပါတယ်။

ဒါပေမဲ့လည်းဖရန်ကီဒီဂျောင်ဟာစိတ်ဓာတ်ပိုင်းဆိုင်ရာတောင့်တင်းသန်မာနေဆဲဖြစ်ကာဘာစီလိုနာနှင့်ရာသီသစ်စတင်ရန်စိတ်အားထက်သန်နေပါတယ်။ဘာစီလိုနာဟာစနေနေ့တွင်ဗယ်လီကာနိုနှင့်လာလီဂါအဖွင့်ပွဲကစားရပါမယ်။

ZawGyi

ဘာစီလိုနာရဲ႕မီဒီယာမွတဆင့္ႏွိပ္ကြပ္ရန္စီစဥ္ေနမႈကို အာဏာပိုင္ထံ အသိေပးလာတဲ့ ဖရန္ကီဒီေဂ်ာင္ရဲ႕ေရွ႕ေနမ်ား

ဖရန္ကီဒီေဂ်ာင္ဟာသူ႔ကိုမီဒီယာမ်ားအားအသုံးခ်ကာအဓိကတရားခံအျဖစ္အျပစ္တင္ရန္ဘာစီလိုနာရဲ႕စီစဥ္ထားမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

ဖရန္ကီဒီေဂ်ာင္ဟာအေျပာင္းအေ႐ႊ႕စတင္ကတည္းကယူႏိုက္တက္ရဲ႕ပစ္မွတ္ထားျခင္းခံလာရေပမဲ့ထြက္ခြာရန္ျငင္းဆိုေနသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာလုပ္ခေလွ်ာ့ခ်ႏိုင္ရန္အတြက္ဖရန္ကီဒီေဂ်ာင္ကိုေရာင္းခ်လိုေနပါတယ္။ဒါေပမဲ့ဒီေဂ်ာင္ဟာဘာစီလိုနာထံမွလုပ္ခေႂကြးၿမီရရန္ရွိေနေသးတဲ့အျပင္စာခ်ဳပ္ပါအခ်က္မ်ားအရေနာက္ပိုင္းတြင္ပိုမိုအက်ိဳးခံစားခြင့္ရရွိလာမွာျဖစ္လို႔ထြက္ခြာရန္ျငင္းဆိုေနပါတယ္။

မၾကာေသးမီတုန္းကဘာစီလိုနာဟာဖရန္ကီဒီေဂ်ာင္ရဲ႕လက္ရွိစာခ်ဳပ္မွာအက်ဳံးမဝင္ဟုဆိုကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္တရားစြဲဆိုရန္စီစဥ္ေနေၾကာင္းသတင္းထြက္လာခဲ့ပါတယ္။

ယင္းလုပ္ေဆာင္မႈကိုဖရန္ကီဒီေဂ်ာင္ကဘာစီလိုနာဘက္ကသူ႔ကိုအသင္းမွထြက္ခြာလွ်င္ထြက္ခြာ၊မထြက္ခြာလွ်င္လုပ္ခေလွ်ာ့ယူရမယ္လို႔အက်ပ္ကိုင္လုပ္ေဆာင္ေနတာလို႔ယုံၾကည္ေနပါတယ္။

ဒါေၾကာင့္လည္းဖရန္ကီဒီေဂ်ာင္ဟာသူ႔ေရွ႕ေနမ်ားကိုဆက္သြယ္ကာ ဘာစီလိုနာကသူ႔ကိုမီဒီယာမ်ားအားအသုံးခ်ကာႏွိပ္ကြပ္ရန္စီစဥ္ေနတယ္ဆိုၿပီးစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုအေၾကာင္းၾကားအသိေပးမႈျပဳလုပ္ေစခဲ့ေၾကာင္း Mundo Deportivo ကေဖာ္ျပလာပါတယ္။

ဒါေပမဲ့လည္းဖရန္ကီဒီေဂ်ာင္ဟာစိတ္ဓာတ္ပိုင္းဆိုင္ရာေတာင့္တင္းသန္မာေနဆဲျဖစ္ကာဘာစီလိုနာႏွင့္ရာသီသစ္စတင္ရန္စိတ္အားထက္သန္ေနပါတယ္။ဘာစီလိုနာဟာစေနေန႔တြင္ဗယ္လီကာႏိုႏွင့္လာလီဂါအဖြင့္ပြဲကစားရပါမယ္။