ဘာစီလိုနာရဲ့ရာသီသိမ်းပွဲတွင် မက်ဆီ ပါဝင်ကစားမည်မဟုတ်

လီယွန်နယ်မက်ဆီဟာတနင်္ဂနွေနေ့မှာအီဘာနှင့်ရင်ဆိုင်ကစားရမယ့်လာလီဂါရာသီသိမ်းပွဲစဉ်ကိုဝင်ရောက်ကစားသွားမည်မဟုတ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်တုန်းကဆဲလ်တာဗီဂိုအားရှုံးနိမ့်ပြီးနောက်လာလီဂါဖလားအတွက်မျှော်လင့်ချက်ကုန်ဆုံးသွားပြီဖြစ်ပါတယ်။၎င်းတို့ဟာမနက်ဖြန်မှာအီဘာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာရာသီသိမ်းပွဲစဉ်မှာအသင်းအတွက်အရေးပါခြင်းမရှိမှုနဲ့အတူလာမယ့်နွေတွင်ကျင်းပမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက်နားချိန်ပိုမိုရရှိစေရန်အတွက်မက်ဆီအားအနားပေးလိုက်တာလည်းဖြစ်ပါတယ်။

မက်ဆီဟာဇွန်လ၃၀ရက်နေ့တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးမန်စီးတီးသို့ပြောင်းမယ်လို့သတင်းထွက်ပေါ်နေပါတယ်။

မက်ဆီဟာလာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲပြီးတဲ့အချိန်အထိအနာဂတ်ကိုဆုံးဖြတ်ဦးမှာမဟုတ်သေးကြောင်းသိရပါတယ်။

ZawGyi

ဘာစီလိုနာရဲ႕ရာသီသိမ္းပြဲတြင္ မက္ဆီ ပါဝင္ကစားမည္မဟုတ္

လီယြန္နယ္မက္ဆီဟာတနဂၤေႏြေန႔မွာအီဘာႏွင့္ရင္ဆိုင္ကစားရမယ့္လာလီဂါရာသီသိမ္းပြဲစဥ္ကိုဝင္ေရာက္ကစားသြားမည္မဟုတ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္တုန္းကဆဲလ္တာဗီဂိုအားရႈံးနိမ့္ၿပီးေနာက္လာလီဂါဖလားအတြက္ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြားၿပီျဖစ္ပါတယ္။၎တို႔ဟာမနက္ျဖန္မွာအီဘာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာရာသီသိမ္းပြဲစဥ္မွာအသင္းအတြက္အေရးပါျခင္းမရွိမႈနဲ႔အတူလာမယ့္ေႏြတြင္က်င္းပမယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲအတြက္နားခ်ိန္ပိုမိုရရွိေစရန္အတြက္မက္ဆီအားအနားေပးလိုက္တာလည္းျဖစ္ပါတယ္။

မက္ဆီဟာဇြန္လ၃၀ရက္ေန႔တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးမန္စီးတီးသို႔ေျပာင္းမယ္လို႔သတင္းထြက္ေပၚေနပါတယ္။

မက္ဆီဟာလာမယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲၿပီးတဲ့အခ်ိန္အထိအနာဂတ္ကိုဆုံးျဖတ္ဦးမွာမဟုတ္ေသးေၾကာင္းသိရပါတယ္။