ဘာစီလိုနာရဲ့အခြေအနေ ဆိုးသထက်ဆိုးရွားလာ။ ကိုးမန်းနှင့် ဒီဂျောင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

ရော်နယ်ကိုးမန်းလက်ထက် ဘာစီလိုနာရဲ့အခြေအနေမှာဆိုးသထက်ဆိုးရွားလာဖို့ရှိနေပြီဖြစ်ပါတယ်။စပိန်ဘောလုံးအဖွဲ့ချုပ်ဟာဘာစီလိုနာနည်းပြကိုးမန်းကိုနှစ်ပွဲပယ်ပြစ်ဒဏ်နှင့် ကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်ကိုတစ်ပွဲပယ်ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။

ရော်နယ်ကိုးမန်းနှင့်ဖရန့်ကီဒီဂျောင်တို့ဟာကြာသပတေးနေ့တုန်းကကာဒစ်ဇ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသူများဖြစ်ပါတယ်။

ကိုးမန်းဦးဆောင်တဲ့ဘာစီလိုနာဟာလာလီဂါအဖွင့်ပွဲငါးပွဲငါးနှစ်ပွဲတည်းသာအနိုင်ရရှိထားကာရုန်းကန်နေရပါတယ်။

ကိုးမန်းဟာတနင်္ဂနွေနေ့တွင်လီဗန်တေးအားဧည့်ခံကစားရမယ့်အိမ်ကွင်းပွဲစဉ်နှင့်အောက်တိုဘာလအစောပိုင်းတွင်အက်သလက်တီကိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲတို့ကိုကြီးကြပ်နိုင်မှာမဟုတ်ပါဘူး။

ဖရန့်ကီဒီဂျောင်ကတော့လီဗန်တေးနှင့်ပွဲမှာပါဝင်နိုင်မှာမဟုတ်ပေမယ့်အက်သလက်တီကိုနှင့်ပွဲမှာပါဝင်လာပါမယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာကာဒစ်ဇ်နှင့်ပွဲစဉ်မှဒီဂျောင်ရဲ့ဒုတိယအဝါကတ်ကိုဖယ်ရှားပေးရန်အယူခံဝင်ထားပါတယ်။ဒါ့အပြင်ဘာစီလိုနာဟာပွဲပြီးခါနီးတွင်ဘက်စကွက်ဇ်က ကာဒစ်ဇ်ရဲ့တန်ပြန်တိုက်စစ်ကိုကွင်းအတွင်းရှိနေတဲ့ဒုတိယဘောလုံးဖြင့်ကန်ပြီးတားဆီးခဲ့မှုအတွက်အဝါကတ်ပြသခံရမှုကိုလည်းဖယ်ရှားရန်အယူခံဝင်ထားပါတယ်။

ZawGyi

ဘာစီလိုနာရဲ႕အေျခအေန ဆိုးသထက္ဆိုး႐ြားလာ။ ကိုးမန္းႏွင့္ ဒီေဂ်ာင္ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရ

ေရာ္နယ္ကိုးမန္းလက္ထက္ ဘာစီလိုနာရဲ႕အေျခအေနမွာဆိုးသထက္ဆိုး႐ြားလာဖို႔ရွိေနၿပီျဖစ္ပါတယ္။စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဘာစီလိုနာနည္းျပကိုးမန္းကိုႏွစ္ပြဲပယ္ျပစ္ဒဏ္ႏွင့္ ကြင္းလယ္ကစားသမားဖရန္ကီဒီေဂ်ာင္ကိုတစ္ပြဲပယ္ျပစ္ဒဏ္အသီးသီးခ်မွတ္လိုက္ပါတယ္။

ေရာ္နယ္ကိုးမန္းႏွင့္ဖရန႔္ကီဒီေဂ်ာင္တို႔ဟာၾကာသပေတးေန႔တုန္းကကာဒစ္ဇ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရသူမ်ားျဖစ္ပါတယ္။

ကိုးမန္းဦးေဆာင္တဲ့ဘာစီလိုနာဟာလာလီဂါအဖြင့္ပြဲငါးပြဲငါးႏွစ္ပြဲတည္းသာအႏိုင္ရရွိထားကာ႐ုန္းကန္ေနရပါတယ္။

ကိုးမန္းဟာတနဂၤေႏြေန႔တြင္လီဗန္ေတးအားဧည့္ခံကစားရမယ့္အိမ္ကြင္းပြဲစဥ္ႏွင့္ေအာက္တိုဘာလအေစာပိုင္းတြင္အက္သလက္တီကိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲတို႔ကိုႀကီးၾကပ္ႏိုင္မွာမဟုတ္ပါဘူး။

ဖရန႔္ကီဒီေဂ်ာင္ကေတာ့လီဗန္ေတးႏွင့္ပြဲမွာပါဝင္ႏိုင္မွာမဟုတ္ေပမယ့္အက္သလက္တီကိုႏွင့္ပြဲမွာပါဝင္လာပါမယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာကာဒစ္ဇ္ႏွင့္ပြဲစဥ္မွဒီေဂ်ာင္ရဲ႕ဒုတိယအဝါကတ္ကိုဖယ္ရွားေပးရန္အယူခံဝင္ထားပါတယ္။ဒါ့အျပင္ဘာစီလိုနာဟာပြဲၿပီးခါနီးတြင္ဘက္စကြက္ဇ္က ကာဒစ္ဇ္ရဲ႕တန္ျပန္တိုက္စစ္ကိုကြင္းအတြင္းရွိေနတဲ့ဒုတိယေဘာလုံးျဖင့္ကန္ၿပီးတားဆီးခဲ့မႈအတြက္အဝါကတ္ျပသခံရမႈကိုလည္းဖယ္ရွားရန္အယူခံဝင္ထားပါတယ္။