ဘာစီလိုနာရဲ့အင်္ကျီစပွန်ဆာ Rakuten စီအီးအိုကို ဂရက်ဇ်မန်း ဖုန်းဆက်တောင်းပန်

ဘာစီလိုနာတိုက်စစ်သမားအန်တိုနီဂရက်ဇ်မန်းဟာအာရှသားများကိုလှောင်ပြောင်ထားတဲ့ဗီဒီယိုဖိုင်အွန်လိုင်းတွင်ပေါက်ကြားပျံ့နှံ့မှုဖြစ်ပွားပြီးနောက် ကလပ်ရဲ့အင်္ကျီစပွန်ဆာ Rakuten စီအီးအိုထံသို့ဖုန်းဆက်သွယ်ကာတောင်းပန်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အွန်လိုင်းတွင်ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွင်ဂရက်ဇ်မန်းဟာဘာစီလိုနာကစားဖော်ဒမ်ဘီလီနှင့်အတူ ရုပ်သံပြဿနာအားဖြေရှင်းပေးနေတဲ့ ဟိုတယ်ဝန်ထမ်းကိုလူမျိုးရေးခွဲခြားပြောဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဂရက်ဇ်မန်းဟာ၂၀၁၉ခုနှစ်တုန်းကဂျပန်နိုင်ငံသို့ရာသီကြိုခရီးစဉ်အတွင်းရောက်ရှိနေစဉ်အတွင်းဟိုတယ်ဝန်ထမ်းကို Ching Chong ဆိုပြီးပြောဆိုခဲ့တာပါ။

ယင်းသို့ပြောဆိုမှုကြောင့် ဒမ်ဘီလီနှင့်ဂရက်ဇ်မန်းတို့ဟာပြီးခဲ့တဲ့ရက်များအတွင်းတွင်လူမျိုးရေးခွဲခြားမှုပြုလုပ်တယ်ဆိုပြီးဝေဖန်မှုများခံခဲ့ရပါတယ်။

ဒမ်ဘီလီနှင့်ဂရက်ဇ်မန်းတို့ဟာအထက်ပါဖြစ်ရပ်နဲ့ပတ်သက်ပြီးလူသိရှင်ကြားတောင်းပန်မှုပြုလုပ်ခဲ့ကြရပြီးလည်းဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ဂရက်ဇ်မန်းဟာသူ့ရဲ့လုပ်ရပ်ကြောင့်ကလပ်နှင့်ဂျပန်ကုမ္ပဏီ Rakuten တို့အကြားတွင် ပြဿနာမဖြစ်စေလိုမှုကြောင့် ကုမ္ပဏီတည်ထောင်သူဟီရိုရှီမီကီတာနီထံသို့ကိုယ်တိုင်ဖုန်းဆက်ကာတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာဟာလည်းဂရက်ဇ်မန်းနှင့်ဒမ်ဘီလီတို့ရဲ့လက်မခံနိုင်စရာအပြုအမူအတွက် အကြီးအကျယ်စိတ်ပျက်ခဲ့ရပြီး ယင်းပြဿနာနှင့်ပတ်သက်ပြီးဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာရဲ႕အက်ႌစပြန္ဆာ Rakuten စီအီးအိုကို ဂရက္ဇ္မန္း ဖုန္းဆက္ေတာင္းပန္

ဘာစီလိုနာတိုက္စစ္သမားအန္တိုနီဂရက္ဇ္မန္းဟာအာရွသားမ်ားကိုေလွာင္ေျပာင္ထားတဲ့ဗီဒီယိုဖိုင္အြန္လိုင္းတြင္ေပါက္ၾကားပ်ံ႕ႏွံ႔မႈျဖစ္ပြားၿပီးေနာက္ ကလပ္ရဲ႕အက်ႌစပြန္ဆာ Rakuten စီအီးအိုထံသို႔ဖုန္းဆက္သြယ္ကာေတာင္းပန္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

အြန္လိုင္းတြင္ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္တြင္ဂရက္ဇ္မန္းဟာဘာစီလိုနာကစားေဖာ္ဒမ္ဘီလီႏွင့္အတူ ႐ုပ္သံျပႆနာအားေျဖရွင္းေပးေနတဲ့ ဟိုတယ္ဝန္ထမ္းကိုလူမ်ိဳးေရးခြဲျခားေျပာဆိုမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ဂရက္ဇ္မန္းဟာ၂၀၁၉ခုႏွစ္တုန္းကဂ်ပန္ႏိုင္ငံသို႔ရာသီႀကိဳခရီးစဥ္အတြင္းေရာက္ရွိေနစဥ္အတြင္းဟိုတယ္ဝန္ထမ္းကို Ching Chong ဆိုၿပီးေျပာဆိုခဲ့တာပါ။

ယင္းသို႔ေျပာဆိုမႈေၾကာင့္ ဒမ္ဘီလီႏွင့္ဂရက္ဇ္မန္းတို႔ဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္လူမ်ိဳးေရးခြဲျခားမႈျပဳလုပ္တယ္ဆိုၿပီးေဝဖန္မႈမ်ားခံခဲ့ရပါတယ္။

ဒမ္ဘီလီႏွင့္ဂရက္ဇ္မန္းတို႔ဟာအထက္ပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီးလူသိရွင္ၾကားေတာင္းပန္မႈျပဳလုပ္ခဲ့ၾကရၿပီးလည္းျဖစ္ပါတယ္။

ဒါတင္မကေသးပါဘူး။ဂရက္ဇ္မန္းဟာသူ႔ရဲ႕လုပ္ရပ္ေၾကာင့္ကလပ္ႏွင့္ဂ်ပန္ကုမၸဏီ Rakuten တို႔အၾကားတြင္ ျပႆနာမျဖစ္ေစလိုမႈေၾကာင့္ ကုမၸဏီတည္ေထာင္သူဟီ႐ိုရွီမီကီတာနီထံသို႔ကိုယ္တိုင္ဖုန္းဆက္ကာေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာဟာလည္းဂရက္ဇ္မန္းႏွင့္ဒမ္ဘီလီတို႔ရဲ႕လက္မခံႏိုင္စရာအျပဳအမူအတြက္ အႀကီးအက်ယ္စိတ္ပ်က္ခဲ့ရၿပီး ယင္းျပႆနာႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကၿပီးျဖစ္ပါတယ္။