ဘာစီလိုနာလစာနှင့်ပတ်သက်ပြီး သတင်းအမှားကို ဖရန်ကီဒီဂျောင်ဝေဖန်

ဘာစီလိုနာစတားဖရန်ကီဒီဂျောင်ကနူးကမ့်တွင်လုပ်ခလျှော့ယူရန်ငြင်းဆိုနေတယ်ဆိုတဲ့သတင်းကိုငြင်းဆိုလိုက်ပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာနွေရာသီတုန်းကမန်ချက်စတာယူနိုက်တက်နှင့်ချဲလ်ဆီးတို့ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာဟာအသက်၂၅နှစ်ရှိဒီဂျောင်ကိုရောင်းချရန်ကြိုးပမ်းခဲ့ပေမဲ့လည်းကစားသမားကထွက်ခွာရန်ငြင်းဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြောင့်အသင်းရဲ့အသုံးစရိတ်ဟန်ချက်ညီရန်ဖရန်ကီဒီဂျောင်ကိုလုပ်ခလျှော့ယူရေးပြောဆိုခဲ့ရာတွင်ငြင်းဆိုခဲ့ကြောင်း Mundo Deportivo ကဖော်ပြလာပါတယ်။

ဒါပေမဲ့ဖရန်ကီဒီဂျောင်က “အလိမ်အညာတွေကအများကြီးပါ။ကျွန်တော့်လစာနဲ့ပတ်သက်ပြီးသတင်းမှားတွေဖြန့်ကြတယ်။ကျွန်တော်ဒီမှာကစားတဲ့ပထမသုံးနှစ်လုံးလုပ်ခလျှော့ယူခဲ့တယ်။အဲဒီငွေတွေအားလုံးပြန်ရတယ်။ပုံမှန်ရသင့်တာပေါ့။လူတွေအနေနဲ့ဒါနဲ့ပတ်သက်ပြီးနားလည်ကြမယ်မထင်ဘူး။ဒါပေမဲ့မီဒီယာတွေကသတင်းမှားဖြန့်နေကြတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘာစီလိုနာလစာႏွင့္ပတ္သက္ၿပီး သတင္းအမွားကို ဖရန္ကီဒီေဂ်ာင္ေဝဖန္

ဘာစီလိုနာစတားဖရန္ကီဒီေဂ်ာင္ကႏူးကမ့္တြင္လုပ္ခေလွ်ာ့ယူရန္ျငင္းဆိုေနတယ္ဆိုတဲ့သတင္းကိုျငင္းဆိုလိုက္ပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဟာေႏြရာသီတုန္းကမန္ခ်က္စတာယူႏိုက္တက္ႏွင့္ခ်ဲလ္ဆီးတို႔ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာဟာအသက္၂၅ႏွစ္ရွိဒီေဂ်ာင္ကိုေရာင္းခ်ရန္ႀကိဳးပမ္းခဲ့ေပမဲ့လည္းကစားသမားကထြက္ခြာရန္ျငင္းဆိုခဲ့ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာေၾကာင့္အသင္းရဲ႕အသုံးစရိတ္ဟန္ခ်က္ညီရန္ဖရန္ကီဒီေဂ်ာင္ကိုလုပ္ခေလွ်ာ့ယူေရးေျပာဆိုခဲ့ရာတြင္ျငင္းဆိုခဲ့ေၾကာင္း Mundo Deportivo ကေဖာ္ျပလာပါတယ္။

ဒါေပမဲ့ဖရန္ကီဒီေဂ်ာင္က “အလိမ္အညာေတြကအမ်ားႀကီးပါ။ကြၽန္ေတာ့္လစာနဲ႔ပတ္သက္ၿပီးသတင္းမွားေတြျဖန႔္ၾကတယ္။ကြၽန္ေတာ္ဒီမွာကစားတဲ့ပထမသုံးႏွစ္လုံးလုပ္ခေလွ်ာ့ယူခဲ့တယ္။အဲဒီေငြေတြအားလုံးျပန္ရတယ္။ပုံမွန္ရသင့္တာေပါ့။လူေတြအေနနဲ႔ဒါနဲ႔ပတ္သက္ၿပီးနားလည္ၾကမယ္မထင္ဘူး။ဒါေပမဲ့မီဒီယာေတြကသတင္းမွားျဖန႔္ေနၾကတယ္”လို႔ေျပာၾကားသြားပါတယ္။