ဘာစီလိုနာသမိုင်းတွင် ပွဲအများဆုံးကစားသူအဖြစ် စံချိန်သစ်ရေးထိုးလာတဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာဆိုစီဒက်အားဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဘာစီလိုနာအတွက်ပွဲ၇၆၈ပွဲမြောက်ပွဲ ကစားကာဘာစီလိုနာသမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်မှတ်တမ်းသစ်ရေးထိုးလာပါတယ်။

မက်ဆီဟာဟူစကာနှင့်ပွဲစဉ်တွင်၇၆၇ပွဲမြောက်ပွဲကိုကစားခဲ့ပြီးဘာစီလိုနာဂန္ထဝင်ကစားသမားဇာဗီးနှင့်အ တူကလပ်သမိုင်းတွင်ပွဲအများဆုံးကစားသူဖြစ်လာခဲ့ပါတယ်။သူဟာမနေ့ညတုန်းကဆိုစီဒက်အား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပါဝင်ကစားပြီးနောက်၇၆၈ပွဲဖြင့်ဘာစီလိုနာသမိုင်းတွင်ပွဲအများဆုံးကစားသူ အဖြစ်သမိုင်းသစ်ရေးထိုးလာပါတယ်။

မက်ဆီဟာယခုရာသီမကုန်မီလက်ကျန်ပွဲများတွင်လည်းဘာစီလိုနာအတွက်ပွဲအများဆုံးကစားသူအဖြစ် ဆက်လက်မှတ်တမ်းရေးထိုးသွားဦးမှာဖြစ်ပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ချုပ်ဆို ဖြစ်ပါကပွဲအများဆုံးကစားသူအဖြစ်ဆက်လက်မှတ်တမ်းရေးထိုးသွားဦးမှာဖြစ်ပါတယ်။

ZawGyi




