ဘာစီလိုနာသို့ပြောင်းရန် အဂူရို နီးစပ်နေကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာဖွင့်ဟ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကဆာဂျီယိုအဂူရိုမှာဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်နီးစပ်နေကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

အသက်၃၂နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာမန်စီးတီးအတွက်၃၈၉ပွဲကစားထားရာမှာဂိုး၂၆၀သွင်းယူခဲ့ပြီးမန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူဟာအဲဗာတန်နှင့်ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင်၂ဂိုးသွင်းယူနိုင်ပြီးနောက်ပရီးမီးယားလိဂ်တွင်ကလပ်တစ်ခုတည်းအတွက်ဂိုးအများဆုံးသွင်းယူသူအဖြစ်၁၈၄ဂိုးဖြင့်ရပ်တည်နိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာက “လျို့ဝှက်ချက်တစ်ခုကိုဖွင့်ချတာလည်းဖြစ်နိုင်ပါတယ်။သူဟာကျွန်တော့်နှလုံးသားထဲကကလပ်တစ်ခုဖြစ်တဲ့ဘာစီလိုနာသို့ပြောင်းဖို့နီးစပ်နေပါတယ်။သူဟာသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားမက်ဆီနဲ့အတူတွဲကစားသွားပါတော့မယ်။သူအဲဒီမှာပျော်လိမ့်မယ်လို့သေချာပေါက်ပြောရဲပါတယ်။ဘာစီလိုနာဟာသူကွင်းထဲမှာရှိနေတဲ့အချိန်မှာပိုပြီးတော့တောင့်တင်းကောင်းတောင့်တင်းနေပါလိမ့်မယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင်ပက်ဂွါဒီယိုလာကအသင်းအတွက်ပရီးမီးယားလိဂ်ဖလား၅ကြိမ်ဆွတ်ခူးပေးခဲ့တဲ့အဂူရိုရဲ့နေရာတွင်အစားထိုးနိုင်မယ့်ကစားသမားမရှိကြောင်းလည်းဆိုသွားပါတယ်။

မန်စီးတီးဟာအဂူရိုရဲ့နေရာမှာအစားထိုးဖို့တိုက်စစ်မှူးရှာဖွေနေပြီးစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းကိုခေါ်ဆောင်ဖို့ကြိုးပမ်းနေပါတယ်။ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်းတစ်ရာသီလျှင်ဂိုး၃၀သွင်းယူနိုင်တဲ့ဟယ်ရီကိန်းကိုခေါ်ဆောင်လိုကြောင်းဖွင့်ဟထားပါတယ်။

ZawGyi

ဘာစီလိုနာသို႔ေျပာင္းရန္ အဂူ႐ို နီးစပ္ေနေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာဖြင့္ဟ

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကဆာဂ်ီယိုအဂူ႐ိုမွာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္နီးစပ္ေနေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

အသက္၃၂ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာမန္စီးတီးအတြက္၃၈၉ပြဲကစားထားရာမွာဂိုး၂၆၀သြင္းယူခဲ့ၿပီးမန္စီးတီးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူဟာအဲဗာတန္ႏွင့္ပရီးမီးယားလိဂ္ရာသီသိမ္းပြဲစဥ္တြင္၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္ပရီးမီးယားလိဂ္တြင္ကလပ္တစ္ခုတည္းအတြက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္၁၈၄ဂိုးျဖင့္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဂြါဒီယိုလာက “လ်ိဳ႕ဝွက္ခ်က္တစ္ခုကိုဖြင့္ခ်တာလည္းျဖစ္ႏိုင္ပါတယ္။သူဟာကြၽန္ေတာ့္ႏွလုံးသားထဲကကလပ္တစ္ခုျဖစ္တဲ့ဘာစီလိုနာသို႔ေျပာင္းဖို႔နီးစပ္ေနပါတယ္။သူဟာသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားမက္ဆီနဲ႔အတူတြဲကစားသြားပါေတာ့မယ္။သူအဲဒီမွာေပ်ာ္လိမ့္မယ္လို႔ေသခ်ာေပါက္ေျပာရဲပါတယ္။ဘာစီလိုနာဟာသူကြင္းထဲမွာရွိေနတဲ့အခ်ိန္မွာပိုၿပီးေတာ့ေတာင့္တင္းေကာင္းေတာင့္တင္းေနပါလိမ့္မယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ပက္ဂြါဒီယိုလာကအသင္းအတြက္ပရီးမီးယားလိဂ္ဖလား၅ႀကိမ္ဆြတ္ခူးေပးခဲ့တဲ့အဂူ႐ိုရဲ႕ေနရာတြင္အစားထိုးႏိုင္မယ့္ကစားသမားမရွိေၾကာင္းလည္းဆိုသြားပါတယ္။

မန္စီးတီးဟာအဂူ႐ိုရဲ႕ေနရာမွာအစားထိုးဖို႔တိုက္စစ္မႉးရွာေဖြေနၿပီးစပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းကိုေခၚေဆာင္ဖို႔ႀကိဳးပမ္းေနပါတယ္။ပက္ဂြါဒီယိုလာကိုယ္တိုင္ကလည္းတစ္ရာသီလွ်င္ဂိုး၃၀သြင္းယူႏိုင္တဲ့ဟယ္ရီကိန္းကိုေခၚေဆာင္လိုေၾကာင္းဖြင့္ဟထားပါတယ္။