ဘာစီလိုနာသို့ နည်းပြ(သို့မဟုတ်)အားကစားဒါရိုက်တာအဖြစ် ပြန်လာဖို့ ရှိနေတဲ့ အင်နီယေစတာ

ဘာစီလိုနာဂန္ထဝင်အင်ဒရေအင်နီယေစတာဟာကစားသမားဘဝမှအနားယူပြီးပါကဘာစီလိုနာသို့ပြန်လာဖို့ရှိနေပါတယ်။

အသက်၃၈နှစ်ရှိအင်နီယေစတာဟာဘာစီလိုနာသမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၀၂ခုနှစ်တွင် La Masia အကယ်ဒမီမှထွက်ပေါ်လာပြီးနောက် စီနီယာအသင်းအတွက်၆၇၄ပွဲကစားကာ၅၇ဂိုးသွင်းယူပေးခဲ့ပါတယ်။

သူဟာဘာစီလိုနာပထမအသင်းတွင်၁၆ရာသီကြာကစားစဉ်အတွင်းလာလီဂါဖလား၉ကြိမ်၊ချန်ပီယံလိဂ်၄ကြိမ်၊ကိုပါဒယ်ရေး၆ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာလွန်ခဲ့တဲ့သုံးနှစ် ၂၀၁၈ခုနှစ်တုန်းကဂျပန်ကလပ်ဗစ်ဆယ်ကိုဘီသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။

အင်နီယေစတာဟာဂျပန်ဂျေလိဂ်ကလပ်တွင်သူ့ရဲ့ပဥ္စမြောက်ရာသီအထိဆက်ကစားသွားပါဦးမယ်။

စပိန်လက်ရွေးစင်ဟောင်းကဘာစီလိုနာသို့ချက်ချင်းပြန်ရန်စီစဉ်ထားခြင်းမရှိကြောင်း၊သို့ရာတွင်ကစားသမားဘဝမှအနားယူပြီးပါကဘာစီလိုနာတွင်တာဝန်တစ်ခုခုရယူလာနိုင်ကြောင်းဆိုလာပါတယ်။

အင်နီယေစတာက “ဒီမှာနောက်ထပ်တစ်နှစ်ရှိနေဦးမယ်။ပြီးတော့မှဘာဖြစ်လာမလဲကြည့်ရမယ်။ကျွန်တော်ကတော့ဘာစီလိုနာသို့ပြန်ချင်တာပေါ့။ဒါပေမဲ့ဘယ်နေရာမှာတာဝန်ယူရမလဲမသိပါဘူး။နည်းပြ၊အားကစားဒါရိုက်တာ(သို့မဟုတ်)အခြားပေါ့”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာအသင်းကိုအင်နီယေစတာရဲ့ကစားဖော်ဟောင်းဇာဗီးကကိုင်တွယ်လျက်ရှိပါတယ်။

ဘာစီလိုနာဟာယခုရာသီတွင်လာလီဂါတွင်တာထွက်ကောင်းလျက်ရှိပြီးလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။၎င်းတို့ဟာလာမယ့်တနင်္ဂနွေနေ့တွင်ဘာနေဗျူးသို့သွားရောက်ကာအယ်ကလက်စီကိုပွဲကစားသွားရပါမယ်။

ZawGyi

ဘာစီလိုနာသို႔ နည္းျပ(သို႔မဟုတ္)အားကစားဒါ႐ိုက္တာအျဖစ္ ျပန္လာဖို႔ ရွိေနတဲ့ အင္နီေယစတာ

ဘာစီလိုနာဂႏၴဝင္အင္ဒေရအင္နီေယစတာဟာကစားသမားဘဝမွအနားယူၿပီးပါကဘာစီလိုနာသို႔ျပန္လာဖို႔ရွိေနပါတယ္။

အသက္၃၈ႏွစ္ရွိအင္နီေယစတာဟာဘာစီလိုနာသမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၀၂ခုႏွစ္တြင္ La Masia အကယ္ဒမီမွထြက္ေပၚလာၿပီးေနာက္ စီနီယာအသင္းအတြက္၆၇၄ပြဲကစားကာ၅၇ဂိုးသြင္းယူေပးခဲ့ပါတယ္။

သူဟာဘာစီလိုနာပထမအသင္းတြင္၁၆ရာသီၾကာကစားစဥ္အတြင္းလာလီဂါဖလား၉ႀကိမ္၊ခ်န္ပီယံလိဂ္၄ႀကိမ္၊ကိုပါဒယ္ေရး၆ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာလြန္ခဲ့တဲ့သုံးႏွစ္ ၂၀၁၈ခုႏွစ္တုန္းကဂ်ပန္ကလပ္ဗစ္ဆယ္ကိုဘီသို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

အင္နီေယစတာဟာဂ်ပန္ေဂ်လိဂ္ကလပ္တြင္သူ႔ရဲ႕ပၪၥေျမာက္ရာသီအထိဆက္ကစားသြားပါဦးမယ္။

စပိန္လက္ေ႐ြးစင္ေဟာင္းကဘာစီလိုနာသို႔ခ်က္ခ်င္းျပန္ရန္စီစဥ္ထားျခင္းမရွိေၾကာင္း၊သို႔ရာတြင္ကစားသမားဘဝမွအနားယူၿပီးပါကဘာစီလိုနာတြင္တာဝန္တစ္ခုခုရယူလာႏိုင္ေၾကာင္းဆိုလာပါတယ္။

အင္နီေယစတာက “ဒီမွာေနာက္ထပ္တစ္ႏွစ္ရွိေနဦးမယ္။ၿပီးေတာ့မွဘာျဖစ္လာမလဲၾကည့္ရမယ္။ကြၽန္ေတာ္ကေတာ့ဘာစီလိုနာသို႔ျပန္ခ်င္တာေပါ့။ဒါေပမဲ့ဘယ္ေနရာမွာတာဝန္ယူရမလဲမသိပါဘူး။နည္းျပ၊အားကစားဒါ႐ိုက္တာ(သို႔မဟုတ္)အျခားေပါ့”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာအသင္းကိုအင္နီေယစတာရဲ႕ကစားေဖာ္ေဟာင္းဇာဗီးကကိုင္တြယ္လ်က္ရွိပါတယ္။

ဘာစီလိုနာဟာယခုရာသီတြင္လာလီဂါတြင္တာထြက္ေကာင္းလ်က္ရွိၿပီးလာလီဂါအမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနပါတယ္။၎တို႔ဟာလာမယ့္တနဂၤေႏြေန႔တြင္ဘာေနဗ်ဴးသို႔သြားေရာက္ကာအယ္ကလက္စီကိုပြဲကစားသြားရပါမယ္။