ဘာစီလိုနာသို့ ပြောင်းမည်ဟု မန်စီးတီးနောက်ခံလူအဲရစ်ဂါစီယာအတည်ပြု

မန်စီးတီးနောက်ခံလူအဲရစ်ဂါစီယာကအသင်းဟောင်းစပိန်ဘီလူးဘာစီလိုနာသို့ပြောင်းရွှေ့တော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၂၀နှစ်ရှိစပိန်လက်ရွေးစင်နောက်ခံလူဟာဘာစီလိုနာတွင်မွေးဖွားသူဖြစ်ပြီး၂၀၁၇ခုနှစ်အထိဘာစီလိုနာအကယ်ဒမီတွင်ကစားခဲ့သူဖြစ်ပါတယ်။

သူဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကဘာစီလိုနာမှထွက်ခွာကာမန်စီးတီးသို့ပြောင်းခဲ့ပါတယ်။သူဟာမန်စီးတီးတွင်ကစားတဲ့သုံးရာသီအတွင်းမှာပထမအသင်းအတွက်၃၅ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

သူဟာဇွန်လအကုန်တွင်မန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းဟောင်းဘာစီလိုနာနှင့်ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပါတယ်။

အဲရစ်ဂါစီယာက “အနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော့်အတွက်ဘာအကောင်းဆုံးလဲဆိုတာစဉ်းစားခဲ့ပါတယ်။ဒါကသတ္တိရှိတဲ့ဆုံးဖြတ်ချက်လို့ထင်ပါတယ်။ကျွန်တော်လှမ်းခဲ့တဲ့ခြေလှမ်းအပေါ်မှာအရမ်းယုံကြည်မှုရှိပါတယ်”လို့ပြောကြားသွားပါတယ်။

အဲရစ်ဂါစီယာကဲ့သို့ပင်ဘာစီလိုနာနောက်ခံလူပီကေးဟာလည်းဘာစီလိုနာမှထွက်ခွာပြီးမန်ယူသို့ပြောင်းကစားခဲ့သော်လည်းလေးရာသီကစားပြီးနောက်နူးကမ့်သို့ပြန်ခဲ့ပါတယ်။

 

ဒါပေမယ့်ဂါစီယာက “ကျွန်တော်တို့ကကွဲပြားတဲ့ကစားသမားတွေဖြစ်တာကြောင့်ဒါနဲ့ပတ်သက်ပြီးဂရုမစိုက်ပါဘူး။ဒီအချက်နဲ့ပတ်သက်ပြီးဂရုမစိုက်ပါဘူး။ပီကေးကအောင်မြင်မှုအားလုံးရယူထားတဲ့သူပါ။ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးပါ။ကျွန်တော့်အသက်က၂၀နှစ်ပဲရှိပါသေးတယ်။ဘောလုံးကစားသမားဘဝစတင်ရုံဘဲရှိပါသေးတယ်။နှိုင်းယှဉ်လို့ရတာကတော့ကျွန်တော်တို့နှစ်ဦးလုံးကဘာစီလိုနာအကယ်ဒမီထွက်ဆိုတာပါ။ဒါပေမယ့်သူကအသင်းကောင်းမှာမကစားခဲ့ရဘူး။ကျွန်တော်ကတော့ကံကောင်းတယ်။ကျွန်တော်ကတော့မန်ချက်စတာကအကောင်းဆုံးအသင်းမှာကစားခဲ့ရတယ်။ဒါကတော့သူ့အတွက်ရှက်စရာပါ”လို့ပြောကြားကာပီကေးနှင့်နှိုင်းယှဉ်မှုအားတုံ့ပြန်ရာမှာမြို့ခံပြိုင်ဘက်မန်ယူကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။

ZawGyi

ဘာစီလိုနာသို႔ ေျပာင္းမည္ဟု မန္စီးတီးေနာက္ခံလူအဲရစ္ဂါစီယာအတည္ျပဳ

မန္စီးတီးေနာက္ခံလူအဲရစ္ဂါစီယာကအသင္းေဟာင္းစပိန္ဘီလူးဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၂၀ႏွစ္ရွိစပိန္လက္ေ႐ြးစင္ေနာက္ခံလူဟာဘာစီလိုနာတြင္ေမြးဖြားသူျဖစ္ၿပီး၂၀၁၇ခုႏွစ္အထိဘာစီလိုနာအကယ္ဒမီတြင္ကစားခဲ့သူျဖစ္ပါတယ္။

သူဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းကဘာစီလိုနာမွထြက္ခြာကာမန္စီးတီးသို႔ေျပာင္းခဲ့ပါတယ္။သူဟာမန္စီးတီးတြင္ကစားတဲ့သုံးရာသီအတြင္းမွာပထမအသင္းအတြက္၃၅ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။

သူဟာဇြန္လအကုန္တြင္မန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအသင္းေဟာင္းဘာစီလိုနာႏွင့္ျပန္လည္ပူးေပါင္းေတာ့မွာျဖစ္ပါတယ္။

အဲရစ္ဂါစီယာက “အနာဂတ္နဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္အတြက္ဘာအေကာင္းဆုံးလဲဆိုတာစဥ္းစားခဲ့ပါတယ္။ဒါကသတၱိရွိတဲ့ဆုံးျဖတ္ခ်က္လို႔ထင္ပါတယ္။ကြၽန္ေတာ္လွမ္းခဲ့တဲ့ေျခလွမ္းအေပၚမွာအရမ္းယုံၾကည္မႈရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဲရစ္ဂါစီယာကဲ့သို႔ပင္ဘာစီလိုနာေနာက္ခံလူပီေကးဟာလည္းဘာစီလိုနာမွထြက္ခြာၿပီးမန္ယူသို႔ေျပာင္းကစားခဲ့ေသာ္လည္းေလးရာသီကစားၿပီးေနာက္ႏူးကမ့္သို႔ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ဂါစီယာက “ကြၽန္ေတာ္တို႔ကကြဲျပားတဲ့ကစားသမားေတြျဖစ္တာေၾကာင့္ဒါနဲ႔ပတ္သက္ၿပီးဂ႐ုမစိုက္ပါဘူး။ဒီအခ်က္နဲ႔ပတ္သက္ၿပီးဂ႐ုမစိုက္ပါဘူး။ပီေကးကေအာင္ျမင္မႈအားလုံးရယူထားတဲ့သူပါ။ကမာၻ႔အေကာင္းဆုံးေနာက္ခံလူေတြထဲကတစ္ဦးပါ။ကြၽန္ေတာ့္အသက္က၂၀ႏွစ္ပဲရွိပါေသးတယ္။ေဘာလုံးကစားသမားဘဝစတင္႐ုံဘဲရွိပါေသးတယ္။ႏႈိင္းယွဥ္လို႔ရတာကေတာ့ကြၽန္ေတာ္တို႔ႏွစ္ဦးလုံးကဘာစီလိုနာအကယ္ဒမီထြက္ဆိုတာပါ။ဒါေပမယ့္သူကအသင္းေကာင္းမွာမကစားခဲ့ရဘူး။ကြၽန္ေတာ္ကေတာ့ကံေကာင္းတယ္။ကြၽန္ေတာ္ကေတာ့မန္ခ်က္စတာကအေကာင္းဆုံးအသင္းမွာကစားခဲ့ရတယ္။ဒါကေတာ့သူ႔အတြက္ရွက္စရာပါ”လို႔ေျပာၾကားကာပီေကးႏွင့္ႏႈိင္းယွဥ္မႈအားတုံ႔ျပန္ရာမွာၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကိုလည္းတိုက္ခိုက္ခဲ့ပါတယ္။