ဘာစီလိုနာသို့ ပြောင်းရွှေ့ကစားရန် ဝီနယ်ဒမ်သဘောတူညီမှုရရှိ

လီဗာပူးကွင်းလယ်ကစားသမားဂျီနီဝီနယ်ဒမ်ဟာယခုနွေရာသီအပြောင်းအရွှေ့တွင်ဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ဒတ်ချ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာဘာစီလိုနာနှင့်၂၀၂၄ခုနှစ်၊ဇွန်လအထိစာချုပ်ဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရနယူးကာဆယ်ကွင်းလယ်ကစားသမားဟာလာမယ့်ရက်ပိုင်းအတွင်းတွင်ဘာစီလိုနာနှင့်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဟာယခုနွေရာသီတွင်အသင်းကိုအပြောင်းအလဲများပြုလုပ်ရန်လုပ်ဆောင်နေပေမယ့်ဘဏ္ဍာရေးပြဿနာများကြုံတွေ့ရမှုနဲ့အတူမန်စီးတီးနောက်ခံလူအဲရစ်ဂါစီယာ၊လိုင်ယွန်တောင်ပံကစားသမားမမ်ဖစ်ဒီပေးတို့ကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပါတယ်။

ဝီနယ်ဒမ်ဟာ၂၀၁၆ခုနှစ်နွေရာသီတွင်နယူးကာဆယ်မှပေါင်၂၃သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်လီဗာပူးနှင့်အတူပရီးမီးယားလိဂ်ဖလား၊ချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလား၊ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာသို႔ ေျပာင္းေ႐ႊ႕ကစားရန္ ဝီနယ္ဒမ္သေဘာတူညီမႈရရွိ

လီဗာပူးကြင္းလယ္ကစားသမားဂ်ီနီဝီနယ္ဒမ္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဒတ္ခ်္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာဘာစီလိုနာႏွင့္၂၀၂၄ခုႏွစ္၊ဇြန္လအထိစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္ကြင္းလယ္ကစားသမားဟာလာမယ့္ရက္ပိုင္းအတြင္းတြင္ဘာစီလိုနာႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာယခုေႏြရာသီတြင္အသင္းကိုအေျပာင္းအလဲမ်ားျပဳလုပ္ရန္လုပ္ေဆာင္ေနေပမယ့္ဘ႑ာေရးျပႆနာမ်ားႀကဳံေတြ႕ရမႈနဲ႔အတူမန္စီးတီးေနာက္ခံလူအဲရစ္ဂါစီယာ၊လိုင္ယြန္ေတာင္ပံကစားသမားမမ္ဖစ္ဒီေပးတို႔ကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိထားပါတယ္။

ဝီနယ္ဒမ္ဟာ၂၀၁၆ခုႏွစ္ေႏြရာသီတြင္နယူးကာဆယ္မွေပါင္၂၃သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္လီဗာပူးႏွင့္အတူပရီးမီးယားလိဂ္ဖလား၊ခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလား၊ဖီဖာကမာၻ႔ကလပ္ဖလားတို႔ဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။