ဘာစီလိုနာသို့ မပြောင်းမီ ဘိုင်ယန်ကစားဖော်များကို နှုတ်ဆက်ခဲ့တဲ့ လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာဘာစီလိုနာသို့မပြောင်းမီဘိုင်ယန်မြူးနစ်ကစားဖော်များကိုနှုတ်ဆက်ခဲ့ပြီးဘိုင်ယန်တွင်ကစားတဲ့ရှစ်နှစ်တာကာလကစပါယ်ရှယ်ကာလများဖြစ်ကြောင်းပြောကြားသွားပါတယ်။

လီဝန်ဒေါ့စကီးဟာစနေနေ့တွင်ဘာစီလိုနာသို့ပြောင်းရွှေ့ရေးအတွက်မီယာမီသို့သွာရောက်ကာဆေးစစ်ဆေးမှုမခံယူမီ ဘိုင်ယန်မြူးနစ်နည်းပြဂျူလီယန်နာဂျယ်မန်းနှင့်ဘိုင်ယန်မြူးနစ်ကစားသမားဖော်များကိုနှုတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးက “ကျွန်တော်ပြန်လာမယ်။ပြီးတော့ဝန်ထမ်းအားလုံးကိုနှုတ်ဆက်ပါဦးမယ်။အခုကအချိန်သိပ်မရတော့လို့ပါ။ဒီမှာကစားခဲ့တဲ့ရှစ်နှစ်ကစပါယ်ရှယ်နှစ်တွေပါ။ဒါတွေကိုမေ့လို့မရပါဘူး။မြူးနစ်မှာကြီးကျယ်တဲ့ကာလကြုံခဲ့ရတယ်။အခုချက်ချင်းသွားရတော့မယ်။လေ့ကျင့်ခန်းအစီအစဉ်ပြီးရင်တော့ပြန်လာမယ်။ပြီးတော့နှုတ်ဆက်မယ်။ပွဲတချို့လုပ်သွားမယ်။ဒီနေ့ကွင်းမှာရှိတဲ့သူတွေအားလုံးကိုနှုတ်ဆက်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာလေ့ကျင့်ရေးကွင်းမှမထွက်ခွာမီဂျူလီယန်နာဂျယ်မန်းကိုပွေ့ဖက်ခဲ့တာတွေ့ရပါတယ်။လီဝန်ဒေါ့စကီးဟာ နာဂျယ်မန်းနှင့်အဆင်မပြေဖြစ်ကာထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းထွက်ခဲ့ဖူးပါတယ်။

ဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးကိုပြောင်းရွှေ့ကြေးပေါင်၄၂သန်းအပြင်ပေါင်၅သန်းထပ်မံပေးရမယ့်အချက်ဖြင့်သဘောတူညီမှုရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်စီအီးအိုအိုလီဗာခန်းက “ရောဘတ်လီဝန်ဒေါ့စကီးအတွက်ဘာစီလိုနာနဲ့သဘောတူညီမှုရထားပြီးပါပြီ။နှုတ်အားဖြင့်သဘောတူညီမှုရထားတာပါ။အပြီးသတ်ဖို့လုပ်ဆောင်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ကမ္ဘာ့ဘောလုံးလောကတွင်အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့လီဝန်ဒေါ့စကီးဟာဇွန်လတုန်းပိုလန်အသင်းနှင့်ပူးပေါင်းစဉ် ဘိုင်ယန်မြူးနစ်နှင့်သူ့ဇာတ်လမ်းမှာပြီးဆုံးသွားပြီဖြစ်ပြီး စိန်ခေါ်မှုသစ်ရင်ဆိုင်ရန်ဘာစီလိုနာသို့ပြောင်းလိုကြောင်းဖွင့်ဟခဲ့သူဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ရာသီတုန်းကဘိုင်ယန်မြူးနစ်အတွက်၄၆ပွဲကစားကာဂိုး၅၀သွင်းယူပေးခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၁၉-၂၀ရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၅၅ဂိုးသွင်းယူကာ Ballon d’Or ဆုအတွ်ကရေပန်းစားခဲ့ပေမဲ့ ကိုဗစ်ကြောင့်ဆုမချီးမြှင့်မှုနဲ့အတူ လွဲချော်ခဲ့ရပါတယ်။သူဟာနောက်တစ်ရာသီမှာလည်း၄၈ဂိုးသွင်းယူကာ Ballon d’Or ဆုတွင်ဒုတိယချိတ်ခဲ့ပါတယ်။

ZawGyi

ဘာစီလိုနာသို႔ မေျပာင္းမီ ဘိုင္ယန္ကစားေဖာ္မ်ားကို ႏႈတ္ဆက္ခဲ့တဲ့ လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘာစီလိုနာသို႔မေျပာင္းမီဘိုင္ယန္ျမဴးနစ္ကစားေဖာ္မ်ားကိုႏႈတ္ဆက္ခဲ့ၿပီးဘိုင္ယန္တြင္ကစားတဲ့ရွစ္ႏွစ္တာကာလကစပါယ္ရွယ္ကာလမ်ားျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

လီဝန္ေဒါ့စကီးဟာစေနေန႔တြင္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေရးအတြက္မီယာမီသို႔သြာေရာက္ကာေဆးစစ္ေဆးမႈမခံယူမီ ဘိုင္ယန္ျမဴးနစ္နည္းျပဂ်ဴလီယန္နာဂ်ယ္မန္းႏွင့္ဘိုင္ယန္ျမဴးနစ္ကစားသမားေဖာ္မ်ားကိုႏႈတ္ဆက္ခဲ့တာလည္းျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးက “ကြၽန္ေတာ္ျပန္လာမယ္။ၿပီးေတာ့ဝန္ထမ္းအားလုံးကိုႏႈတ္ဆက္ပါဦးမယ္။အခုကအခ်ိန္သိပ္မရေတာ့လို႔ပါ။ဒီမွာကစားခဲ့တဲ့ရွစ္ႏွစ္ကစပါယ္ရွယ္ႏွစ္ေတြပါ။ဒါေတြကိုေမ့လို႔မရပါဘူး။ျမဴးနစ္မွာႀကီးက်ယ္တဲ့ကာလႀကဳံခဲ့ရတယ္။အခုခ်က္ခ်င္းသြားရေတာ့မယ္။ေလ့က်င့္ခန္းအစီအစဥ္ၿပီးရင္ေတာ့ျပန္လာမယ္။ၿပီးေတာ့ႏႈတ္ဆက္မယ္။ပြဲတခ်ိဳ႕လုပ္သြားမယ္။ဒီေန႔ကြင္းမွာရွိတဲ့သူေတြအားလုံးကိုႏႈတ္ဆက္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၃၃ႏွစ္ရွိလီဝန္ေဒါ့စကီးဟာေလ့က်င့္ေရးကြင္းမွမထြက္ခြာမီဂ်ဴလီယန္နာဂ်ယ္မန္းကိုေပြ႕ဖက္ခဲ့တာေတြ႕ရပါတယ္။လီဝန္ေဒါ့စကီးဟာ နာဂ်ယ္မန္းႏွင့္အဆင္မေျပျဖစ္ကာထြက္ခြာရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသတင္းထြက္ခဲ့ဖူးပါတယ္။

ဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၄၂သန္းအျပင္ေပါင္၅သန္းထပ္မံေပးရမယ့္အခ်က္ျဖင့္သေဘာတူညီမႈရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္စီအီးအိုအိုလီဗာခန္းက “ေရာဘတ္လီဝန္ေဒါ့စကီးအတြက္ဘာစီလိုနာနဲ႔သေဘာတူညီမႈရထားၿပီးပါၿပီ။ႏႈတ္အားျဖင့္သေဘာတူညီမႈရထားတာပါ။အၿပီးသတ္ဖို႔လုပ္ေဆာင္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ကမာၻ႔ေဘာလုံးေလာကတြင္အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရတဲ့လီဝန္ေဒါ့စကီးဟာဇြန္လတုန္းပိုလန္အသင္းႏွင့္ပူးေပါင္းစဥ္ ဘိုင္ယန္ျမဴးနစ္ႏွင့္သူ႔ဇာတ္လမ္းမွာၿပီးဆုံးသြားၿပီျဖစ္ၿပီး စိန္ေခၚမႈသစ္ရင္ဆိုင္ရန္ဘာစီလိုနာသို႔ေျပာင္းလိုေၾကာင္းဖြင့္ဟခဲ့သူျဖစ္ပါတယ္။

ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ရာသီတုန္းကဘိုင္ယန္ျမဴးနစ္အတြက္၄၆ပြဲကစားကာဂိုး၅၀သြင္းယူေပးခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၁၉-၂၀ရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၅၅ဂိုးသြင္းယူကာ Ballon d’Or ဆုအတြ္ကေရပန္းစားခဲ့ေပမဲ့ ကိုဗစ္ေၾကာင့္ဆုမခ်ီးျမႇင့္မႈနဲ႔အတူ လြဲေခ်ာ္ခဲ့ရပါတယ္။သူဟာေနာက္တစ္ရာသီမွာလည္း၄၈ဂိုးသြင္းယူကာ Ballon d’Or ဆုတြင္ဒုတိယခ်ိတ္ခဲ့ပါတယ္။