ဘာစီလိုနာသို့ လီဝန်ဒေါ့စကီး ရောက်လာချိန်တွင် ပွဲထွက်နေရာအတွက် လက်လျှော့လိုက်တဲ့ အူဘာမီယန်

ရောဘတ်လီဝန်ဒေါ့စကီးဟာဘာစီလိုနာရဲ့အမေရိကန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်ဘာစီလိုနာကစားဖော်သစ်များနှင့်ပူးပေါင်းခဲ့ပါတယ်။

အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်ကနေဘာစီလိုနာသို့ပေါင်၄၂.၅သန်းဖြင့်ပြောင်းခဲ့ပါတယ်။

သူဟာဘိုင်ယန်မြူးနစ်အတွက်၃၇၅ပွဲကစားခဲ့ရာမှာ၃၄၄ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။

သူဟာဘာစီလိုနာနှင့်လေးနှစ်စာချုပ်ချုပ်ပြီးနောက်မီယာမီတွင်ဘာစီလိုနာကစားသမားအဖြစ်မိတ်ဆက်ခဲ့ပါတယ်။

သူဟာမီယာမီကမ်းခြေတွင်ဓာတ်ပုံနှင့်ဗီဒီယိုများရိုက်ကူးခဲ့ပြီးနောက် ဘာစီလိုနာကစားဖော်သစ်များအား အတူတကွာစားသောက်နေချိန်တွင်သွားရောက်တွေ့ဆုံခဲ့ပါတယ်။

သူရောက်လာမှုကအူဘာမီယန်အတွက်သတင်းဆိုးဖြစ်ပါတယ်။အူဘာမီယန်ဟာဇန်နဝါရီလကမှအာဆင်နယ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့တာပါ။

လီဝန်ဒေါ့စကီးဟာဇာဗီးရဲ့ဦးစားပေးတိုက်စစ်မှူးဖြစ်လာဖို့သေချာနေရာအူဘာမီယန်တစ်ယောက် နေရာအတွက်တိုက်ပွဲဝင်ရတော့မှာဖြစ်လို့မပျော်မရွှင်ဖြစ်နေပါတယ်။

ဘာစီလိုနာကတင်လာတဲ့ဗီဒီယိုဖိုင်တွင်လီဝန်ဒေါ့စကီးဟာဘာစီလိုနာကစားဖော်သစ်များကိုမိတ်ဆက်ခဲ့ရာမှာ အူဘာမီယန်လည်းစောင့်ကြည့်နေခဲ့တာတွေ့ရပါတယ်။

ယင်းဗီဒီယိုဖိုင်ကိုကြည့်ပြီး ပရိသတ်များကအူဘာမီယန်ဟာဘာစီလိုနာနေရာအတွက်လီဝန်ဒေါ့စကီးကိုအလျှော့ပေးလိုက်ပြီလို့ဟာသနှောရေးသားနေကြပါတယ်။

ပရိသတ်တစ်ဦးက “အူဘာမီယန်ရဲ့မျက်နှာကိုလည်းကြည့်ပါဦး။သူလက်လျှော့လိုက်ပြီ”လို့ရေးသားသွားပါတယ်။အခြားတစ်ဦးကလည်း “လီဝါကိုအူဘာကြည့်နေတာသတိထားမိကြလား”လို့ဆိုသွားပါတယ်။နောက်တစ်ဦးကလည်း “ဒီအသင်းမှာသူ့နေရာအဆုံးသတ်သွားပြီဆိုတာသူသိနေတယ်”လို့ဆိုသွားပါတယ်။

အူဘာမီယန်ဟာဘာစီလိုနာသို့ရောက်လာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၂၃ပွဲကစားခဲ့ရာမှာ၁၃ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

ဘာစီလိုနာသို႔ လီဝန္ေဒါ့စကီး ေရာက္လာခ်ိန္တြင္ ပြဲထြက္ေနရာအတြက္ လက္ေလွ်ာ့လိုက္တဲ့ အူဘာမီယန္

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘာစီလိုနာရဲ႕အေမရိကန္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္တြင္ဘာစီလိုနာကစားေဖာ္သစ္မ်ားႏွင့္ပူးေပါင္းခဲ့ပါတယ္။

အသက္၃၃ႏွစ္ရွိလီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ကေနဘာစီလိုနာသို႔ေပါင္၄၂.၅သန္းျဖင့္ေျပာင္းခဲ့ပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္အတြက္၃၇၅ပြဲကစားခဲ့ရာမွာ၃၄၄ဂိုးအထိသြင္းယူေပးခဲ့ပါတယ္။

သူဟာဘာစီလိုနာႏွင့္ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ၿပီးေနာက္မီယာမီတြင္ဘာစီလိုနာကစားသမားအျဖစ္မိတ္ဆက္ခဲ့ပါတယ္။

သူဟာမီယာမီကမ္းေျခတြင္ဓာတ္ပုံႏွင့္ဗီဒီယိုမ်ား႐ိုက္ကူးခဲ့ၿပီးေနာက္ ဘာစီလိုနာကစားေဖာ္သစ္မ်ားအား အတူတကြာစားေသာက္ေနခ်ိန္တြင္သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

သူေရာက္လာမႈကအူဘာမီယန္အတြက္သတင္းဆိုးျဖစ္ပါတယ္။အူဘာမီယန္ဟာဇန္နဝါရီလကမွအာဆင္နယ္မွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့တာပါ။

လီဝန္ေဒါ့စကီးဟာဇာဗီးရဲ႕ဦးစားေပးတိုက္စစ္မႉးျဖစ္လာဖို႔ေသခ်ာေနရာအူဘာမီယန္တစ္ေယာက္ ေနရာအတြက္တိုက္ပြဲဝင္ရေတာ့မွာျဖစ္လို႔မေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။

ဘာစီလိုနာကတင္လာတဲ့ဗီဒီယိုဖိုင္တြင္လီဝန္ေဒါ့စကီးဟာဘာစီလိုနာကစားေဖာ္သစ္မ်ားကိုမိတ္ဆက္ခဲ့ရာမွာ အူဘာမီယန္လည္းေစာင့္ၾကည့္ေနခဲ့တာေတြ႕ရပါတယ္။

ယင္းဗီဒီယိုဖိုင္ကိုၾကည့္ၿပီး ပရိသတ္မ်ားကအူဘာမီယန္ဟာဘာစီလိုနာေနရာအတြက္လီဝန္ေဒါ့စကီးကိုအေလွ်ာ့ေပးလိုက္ၿပီလို႔ဟာသေႏွာေရးသားေနၾကပါတယ္။

ပရိသတ္တစ္ဦးက “အူဘာမီယန္ရဲ႕မ်က္ႏွာကိုလည္းၾကည့္ပါဦး။သူလက္ေလွ်ာ့လိုက္ၿပီ”လို႔ေရးသားသြားပါတယ္။အျခားတစ္ဦးကလည္း “လီဝါကိုအူဘာၾကည့္ေနတာသတိထားမိၾကလား”လို႔ဆိုသြားပါတယ္။ေနာက္တစ္ဦးကလည္း “ဒီအသင္းမွာသူ႔ေနရာအဆုံးသတ္သြားၿပီဆိုတာသူသိေနတယ္”လို႔ဆိုသြားပါတယ္။

အူဘာမီယန္ဟာဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၃ပြဲကစားခဲ့ရာမွာ၁၃ဂိုးသြင္းႏိုင္ခဲ့ပါတယ္။