ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးဂန္ထဝင်ပြောင်းရွှေ့

ဆာဂျီယိုအဂူရိုဟာဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်တရားဝင်ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာဘာစီလိုနာနှင့်၂နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။သူဟာမန်စီးတီးတွင်၁၀ရာသီကြာကစားပြီးနောက်စာချုပ်သက်တမ်းကုန်ဆုံးမှုနဲ့အတူထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

ဆာဂျီယိုအဂူရိုဟာဘာစီလိုနာနှင့်၂၀၂၂-၂၃ရာသီအကုန်အထိချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကပေါင်၈၆သန်းပေးရမယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ဆာဂျီယိုအဂူရိုဟာယခုနွေရာသီမှာဘာစီလိုနာအသင်းခေါ်ယူလိုက်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

အဂူရိုဟာမန်စီးတီးတွင်ကစားတဲ့၁၀ရာသီအတွင်းတွင်ဂိုး၂၆၀သွင်းယူကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။

အဂူရိုဟာမန်စီးတီးသို့မပြောင်းမီအက်သလက်တီကိုတွင်ငါးရာသီကြာကစားခဲ့ဖူးပြီး၁၀၂ဂိုးသွင်းယူခဲ့ဖူးပါတယ်။

အဂူရိုရောက်လာမှုနဲ့အတူလီယွန်နယ်မက်ဆီဟာလည်းဘာစီလိုနာတွင်ပင်ဆက်လက်ကစားသွားဖို့ရှိနေပါတယ်။အဂူရိုနှင့်မက်ဆီတို့ဟာအလွန်ချစ်ခင်ကြသူများဖြစ်ပြီးအာဂျင်တီးနားအသင်းနှင့်နိုင်ငံတကာပွဲစဉ်အတွင်းတစ်ခန်းတည်းအတူနေလေ့ရှိကြသူများလည်းဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာသို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ မန္စီးတီးဂႏၴဝင္ေျပာင္းေ႐ႊ႕

ဆာဂ်ီယိုအဂူ႐ိုဟာဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္တရားဝင္ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။သူဟာမန္စီးတီးတြင္၁၀ရာသီၾကာကစားၿပီးေနာက္စာခ်ဳပ္သက္တမ္းကုန္ဆုံးမႈနဲ႔အတူထြက္ခြာလာခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီယိုအဂူ႐ိုဟာဘာစီလိုနာႏွင့္၂၀၂၂-၂၃ရာသီအကုန္အထိခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါကေပါင္၈၆သန္းေပးရမယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဆာဂ်ီယိုအဂူ႐ိုဟာယခုေႏြရာသီမွာဘာစီလိုနာအသင္းေခၚယူလိုက္တဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။

အဂူ႐ိုဟာမန္စီးတီးတြင္ကစားတဲ့၁၀ရာသီအတြင္းတြင္ဂိုး၂၆၀သြင္းယူကာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနပါတယ္။

အဂူ႐ိုဟာမန္စီးတီးသို႔မေျပာင္းမီအက္သလက္တီကိုတြင္ငါးရာသီၾကာကစားခဲ့ဖူးၿပီး၁၀၂ဂိုးသြင္းယူခဲ့ဖူးပါတယ္။

အဂူ႐ိုေရာက္လာမႈနဲ႔အတူလီယြန္နယ္မက္ဆီဟာလည္းဘာစီလိုနာတြင္ပင္ဆက္လက္ကစားသြားဖို႔ရွိေနပါတယ္။အဂူ႐ိုႏွင့္မက္ဆီတို႔ဟာအလြန္ခ်စ္ခင္ၾကသူမ်ားျဖစ္ၿပီးအာဂ်င္တီးနားအသင္းႏွင့္ႏိုင္ငံတကာပြဲစဥ္အတြင္းတစ္ခန္းတည္းအတူေနေလ့ရွိၾကသူမ်ားလည္းျဖစ္ပါတယ္။