ဘာစီလိုနာအတွက် ပထမဆုံးခေါ်ယူမှုအတွက် အယ်ဆတ်ကစားသမားကို ခေါ်ယူဖို့ရှိနေတဲ့ နည်းပြသစ်ဇာဗီး

ဘာစီလိုနာနည်းပြဇာဗီးဟာနန်ဒက်ဇ်ဟာဘာစီလိုနာနည်းပြအဖြစ်ပထမဆုံးခေါ်ယူမှုအဖြစ်သူယခင်ကိုင်တွယ်ခဲ့တဲ့အယ်ဆတ်မှတိုက်စစ်မှူးဘက်ဂ်ဒက်ဘောင်ဂျာကိုခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။

ဇာဗီးဟာမနေ့ညတုန်းကဘာစီလိုနာနည်းပြသစ်အဖြစ်၂နှစ်ခွဲစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၁နှစ်ရှိဘာစီလိုနာဂန္ထဝင်အလယ်တန်းကစားသမားဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တိုက်စစ်ကိုအဓိကအားဖြည့်ရန်စီစဉ်နေပါတယ်။

လက်ရှိအချိန်တွင်အဂွဲရိုးမှာနှလုံးခုန်နှုန်းမမှန်မှုကြောင့်၂၀၂၂ခုနှစ်အထိအနားယူနေရပြီးဒမ်ဘီလီနှင့်ဘရစ်ဝေးတို့မှာလည်းဒဏ်ရာကြောင့်အနားယူနေရသလိုအန်ဆူးဖာတီမှာလည်းတံကောက်ကြောဒဏ်ရာရရှိနေပါတယ်။

ဒါကြောင့်လည်းဇာဗီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ဘောင်ဂျာကိုခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။ဘောင်ဂျာဟာအယ်ဆတ်ကိုဇာဗီးကိုင်တွယ်တုန်းကအဓိကကစားသမားအဖြစ်ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။

အယ်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာယခုရာသီတွင်အယ်ဆတ်အတွက်၉ပွဲကစားထားရာတွင်၁၁ဂိုးအထိသွင်းယူထားသူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းကစတားလိဂ်ဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

အယ်ဂျီးရီးယားနည်းပြဒီဂျာမယ်ဘယ်လ်မာဒီကဘောင်ဂျာတွင်နူးကမ့်တွင်အောင်မြင်မှုရယူနိုင်တဲ့အရည်အချင်းအားလုံးရှိကြောင်းထောက်ခံပြောကြားထားပါတယ်။

ဘယ်လ်မာဒီက “ဘက်ဂ်ဒက်မှာအင်မတန်ကြီးကျယ်တဲ့အရာတွေကိုလုပ်ဆောင်ပြနေပါတယ်။ဘာစီလိုနာသို့ဘက်ဂ်ဒက်ပြောင်းဖို့အရေးနဲ့ပတ်သက်ပြီးပြောချင်တာလား။ဇာဗီးကသူ့အကြောင်းကျွန်တော့်ထက်တောင်ပိုသိပါသေးတယ်။ဘက်ဂ်ဒက်ကိုပထမဦးစားပေး(သို့မဟုတ်)ဒုတိယဦးစားပေးအဖြစ်စဉ်းစားထားပါလိမ့်မယ်။ဒါကအခြားသူတွေအတွက်အံ့ဩစရာဖြစ်ကောင်းဖြစ်နေလိမ့်မယ်။သူ့အကြောင်းသိပ်မသိကြဘူးလေ။ဖြစ်လာမဖြစ်လာဘူးဆိုတာကတော့ဘုရားသခင်ဘဲသိပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ဇာဗီးဟာနိုင်ငံတကာပွဲစဉ်များအပြီးအက်စ်ပန်ညိုနှင့်ရင်ဆိုင်ကစားရမယ့်ကက်တလန်ဒါဘီပွဲစဉ်တွင်ဘာစီလိုနာအတွက်ပထမဆုံးပွဲစဉ်အားကြီးကြပ်သွားပါမယ်။

ZawGyi

ဘာစီလိုနာအတြက္ ပထမဆုံးေခၚယူမႈအတြက္ အယ္ဆတ္ကစားသမားကို ေခၚယူဖို႔ရွိေနတဲ့ နည္းျပသစ္ဇာဗီး

ဘာစီလိုနာနည္းျပဇာဗီးဟာနန္ဒက္ဇ္ဟာဘာစီလိုနာနည္းျပအျဖစ္ပထမဆုံးေခၚယူမႈအျဖစ္သူယခင္ကိုင္တြယ္ခဲ့တဲ့အယ္ဆတ္မွတိုက္စစ္မႉးဘက္ဂ္ဒက္ေဘာင္ဂ်ာကိုေခၚယူရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ဇာဗီးဟာမေန႔ညတုန္းကဘာစီလိုနာနည္းျပသစ္အျဖစ္၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

အသက္၄၁ႏွစ္ရွိဘာစီလိုနာဂႏၴဝင္အလယ္တန္းကစားသမားဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တိုက္စစ္ကိုအဓိကအားျဖည့္ရန္စီစဥ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္အဂြဲ႐ိုးမွာႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္၂၀၂၂ခုႏွစ္အထိအနားယူေနရၿပီးဒမ္ဘီလီႏွင့္ဘရစ္ေဝးတို႔မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရသလိုအန္ဆူးဖာတီမွာလည္းတံေကာက္ေၾကာဒဏ္ရာရရွိေနပါတယ္။

ဒါေၾကာင့္လည္းဇာဗီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ေဘာင္ဂ်ာကိုေခၚယူရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ေဘာင္ဂ်ာဟာအယ္ဆတ္ကိုဇာဗီးကိုင္တြယ္တုန္းကအဓိကကစားသမားအျဖစ္ေျခစြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။

အယ္ဂ်ီးရီးယားလက္ေ႐ြးစင္တိုက္စစ္မႉးဟာယခုရာသီတြင္အယ္ဆတ္အတြက္၉ပြဲကစားထားရာတြင္၁၁ဂိုးအထိသြင္းယူထားသူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းကစတားလိဂ္ဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

အယ္ဂ်ီးရီးယားနည္းျပဒီဂ်ာမယ္ဘယ္လ္မာဒီကေဘာင္ဂ်ာတြင္ႏူးကမ့္တြင္ေအာင္ျမင္မႈရယူႏိုင္တဲ့အရည္အခ်င္းအားလုံးရွိေၾကာင္းေထာက္ခံေျပာၾကားထားပါတယ္။

ဘယ္လ္မာဒီက “ဘက္ဂ္ဒက္မွာအင္မတန္ႀကီးက်ယ္တဲ့အရာေတြကိုလုပ္ေဆာင္ျပေနပါတယ္။ဘာစီလိုနာသို႔ဘက္ဂ္ဒက္ေျပာင္းဖို႔အေရးနဲ႔ပတ္သက္ၿပီးေျပာခ်င္တာလား။ဇာဗီးကသူ႔အေၾကာင္းကြၽန္ေတာ့္ထက္ေတာင္ပိုသိပါေသးတယ္။ဘက္ဂ္ဒက္ကိုပထမဦးစားေပး(သို႔မဟုတ္)ဒုတိယဦးစားေပးအျဖစ္စဥ္းစားထားပါလိမ့္မယ္။ဒါကအျခားသူေတြအတြက္အံ့ဩစရာျဖစ္ေကာင္းျဖစ္ေနလိမ့္မယ္။သူ႔အေၾကာင္းသိပ္မသိၾကဘူးေလ။ျဖစ္လာမျဖစ္လာဘူးဆိုတာကေတာ့ဘုရားသခင္ဘဲသိပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ဇာဗီးဟာႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးအက္စ္ပန္ညိဳႏွင့္ရင္ဆိုင္ကစားရမယ့္ကက္တလန္ဒါဘီပြဲစဥ္တြင္ဘာစီလိုနာအတြက္ပထမဆုံးပြဲစဥ္အားႀကီးၾကပ္သြားပါမယ္။