ဘာစီလိုနာအဝတ်အစားလဲခန်းအတွင်း ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ် သတိပေးစာကပ်ထား

ဘာစီလိုနာအသင်းရဲ့အဝတ်အစားလဲခန်းမှာခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီး လီယွန်နယ်မက်ဆီနှင့်ကစားဖော်များမြင်တွေ့နိုင်ရန်ကြေညာစာတစ်ခုကိုကပ်ထားကြောင်းတွေ့ရပါတယ်။

AS သတင်းစာကဖော်ပြလာတဲ့ ဘာစီလိုနာရဲ့ Ciutat Esportiva Joan Gamper လေ့ကျင့်ရေးစခန်းတွင်းဓာတ်ပုံကြောင့် ဘာစီလိုနာအဝတ်အစားလဲခန်းအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီးအဓိကသတိပေးစာကပ်ထားတာမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်မှာကစားတဲ့ကိုးနှစ်တာကာလအတွင်းတွင်ဘာစီလိုနာအသင်းကိုအကြီးအကျယ်ဒုက္ခပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဘာစီလိုနာအသင်းအဝတ်အစားလဲခန်းမှာကပ်ထားတဲ့စာမှာခရစ္စတီယာနိုရော်နယ်ဒိုဆိုတဲ့စာသားပါဝင်ပေမယ့်ကိုဗစ်ကိုရည်ညွှန်းသတိပေးစာကပ်ထားတာပါ။

ယင်းစာထဲမှာ “Cristiano returns to test positive for COVID-19 and is low against Barca” လို့ရေးသားထားတာပါ။

ယင်းစာကဘာစီလိုနာကစားသမားများအပါအဝင်မည်သည့်အားကစားသမားမဆိုကိုဗစ်ကြောင့်ထိခိုက်နိုင်ကြောင်း ရည်ညွှန်းတာပါ။

ယင်းစာရဲ့အောက်ဘက်တွင်လည်း “The Competition is at stake” နှင့် ” The Rules are to be met.”လို့ရေးထားပါသေးတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကဘာစီလိုနာနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုရော်နယ်ဒိုမှာကိုဗစ်ကြောင့်လွဲချော်မည်လို့ဆိုလိုတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုမပါဝင်တဲ့ယင်းပွဲစဉ်မှာဘာစီလိုနာကဂျူဗင်တပ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

နှစ်သင်းလုံးဟာနောက်တစ်ဆင့်သို့တက်ခဲ့ပေမယ့်၁၆သင်းရှုံးထွက်အဆင့်မှာပီအက်စ်ဂျီနှင့်ပေါ်တိုကိုရှုံးနိမ့်ပြီးချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပါတယ်။

ZawGyi

ဘာစီလိုနာအဝတ္အစားလဲခန္းအတြင္း ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး စိတ္ဝင္စားဖြယ္ သတိေပးစာကပ္ထား

ဘာစီလိုနာအသင္းရဲ႕အဝတ္အစားလဲခန္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး လီယြန္နယ္မက္ဆီႏွင့္ကစားေဖာ္မ်ားျမင္ေတြ႕ႏိုင္ရန္ေၾကညာစာတစ္ခုကိုကပ္ထားေၾကာင္းေတြ႕ရပါတယ္။

AS သတင္းစာကေဖာ္ျပလာတဲ့ ဘာစီလိုနာရဲ႕ Ciutat Esportiva Joan Gamper ေလ့က်င့္ေရးစခန္းတြင္းဓာတ္ပုံေၾကာင့္ ဘာစီလိုနာအဝတ္အစားလဲခန္းအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီးအဓိကသတိေပးစာကပ္ထားတာျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္မွာကစားတဲ့ကိုးႏွစ္တာကာလအတြင္းတြင္ဘာစီလိုနာအသင္းကိုအႀကီးအက်ယ္ဒုကၡေပးခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဘာစီလိုနာအသင္းအဝတ္အစားလဲခန္းမွာကပ္ထားတဲ့စာမွာခရစၥတီယာႏိုေရာ္နယ္ဒိုဆိုတဲ့စာသားပါဝင္ေပမယ့္ကိုဗစ္ကိုရည္ၫႊန္းသတိေပးစာကပ္ထားတာပါ။

ယင္းစာထဲမွာ “Cristiano returns to test positive for COVID-19 and is low against Barca” လို႔ေရးသားထားတာပါ။

ယင္းစာကဘာစီလိုနာကစားသမားမ်ားအပါအဝင္မည္သည့္အားကစားသမားမဆိုကိုဗစ္ေၾကာင့္ထိခိုက္ႏိုင္ေၾကာင္း ရည္ၫႊန္းတာပါ။

ယင္းစာရဲ႕ေအာက္ဘက္တြင္လည္း “The Competition is at stake” ႏွင့္ ” The Rules are to be met.”လို႔ေရးထားပါေသးတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကဘာစီလိုနာႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ကိုေရာ္နယ္ဒိုမွာကိုဗစ္ေၾကာင့္လြဲေခ်ာ္မည္လို႔ဆိုလိုတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုမပါဝင္တဲ့ယင္းပြဲစဥ္မွာဘာစီလိုနာကဂ်ဴဗင္တပ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ႏွစ္သင္းလုံးဟာေနာက္တစ္ဆင့္သို႔တက္ခဲ့ေပမယ့္၁၆သင္းရႈံးထြက္အဆင့္မွာပီအက္စ္ဂ်ီႏွင့္ေပၚတိုကိုရႈံးနိမ့္ၿပီးခ်န္ပီယံလိဂ္မွထြက္ခြာခဲ့ရပါတယ္။