ဘာစီလိုနာဥက္ကဌလာပေါ်တာအား ကိုးမန်းရဲ့အေးဂျင့်အပြင်းအထန်ဝေဖန်

ရော်နယ်ကိုးမန်းရဲ့ဘာစီလိုနာအနာဂတ်ကမရေမရာဖြစ်နေတုန်းဖြစ်ပါတယ်။ယင်းကဲ့သို့ဘာစီလိုနာဘက်ကကိုးမန်းရဲ့အနာဂတ်အားတိတိကျကျမဆုံးဖြတ်သေးမှုနဲ့အတူဒတ်ချ်လူမျိုးနည်းပြရဲ့အေးဂျင့်အဖွဲ့ကလည်းအကြီးအကျယ်ဒေါသထွက်လျက်ရှိနေပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့နှစ်တုန်းက၁၂နှစ်အတွင်းပထမဆုံးအကြိမ်ဖလားလက်မဲ့ရာသီနှင့်ကြုံပြီးနောက်ဆီတိန်းကိုထုတ်ပယ်ကာကိုးမန်းအား၂နှစ်စာချုပ်ဖြင့်ခန့်အပ်ခဲ့ပါတယ်။

ကိုးမန်းဟာဘာစီလိုနာကိုကိုင်တွယ်တဲ့ပထမဆုံးရာသီမှာကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့သော်လည်းလာလီဂါတွင်အဆင့်၃တွင်သာရပ်တည်နိုင်ခဲ့ကာချန်ပီယံလိဂ်တွင်လည်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပါတယ်။

ကိုးမန်းလက်ထက်မှာဘာစီလိုနာဟာတိုးတက်မှုများပြသနေပေမယ့်လည်းဘာစီလိုနာဥက္ကဌသစ်လာပေါ်တာဟာအနာဂတ်နှင့်ပတ်သက်ပြီးဆုံးဖြတ်ခြင်းမရှိသေးပါဘူး။ကိုးမန်းနှင့်အေးဂျင့်တို့ဟာဘာစီလိုနာဥက္ကဌလာပေါ်တာထံသို့သွားရောက်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသော်လည်းယခုတိုင်မဆုံးဖြတ်သေးပါဘူး။

ဒါကြောင့်လည်းကကိုးမန်းရဲ့ကိုယ်စားလှယ်အဖွဲ့ WassermanNetherlands က “မင်းကိုလက်တော့ထပ်မယ်။ဒါပေမယ့်သံသယတော့ရှိတယ်။ငါ့ကိုပိုကောင်းတဲ့တွဲဖက်ရှာဖို့နှစ်ပတ်အချိန်ပေး။သင့်တော်တဲ့သူရှာမရဘူးဆိုရင်တော့ဘယ်လိုဘဲဖြစ်ဖြစ်မင်းကိုဘဲလက်ထပ်မယ်”ဆိုပြီးတွစ်တာမှာတင်ကာဘာစီလိုနာတာဝန်ရှိသူများအားဝေဖန်သွားပါတယ်။

ZawGyi

ဘာစီလိုနာဥကၠဌလာေပၚတာအား ကိုးမန္းရဲ႕ေအးဂ်င့္အျပင္းအထန္ေဝဖန္

ေရာ္နယ္ကိုးမန္းရဲ႕ဘာစီလိုနာအနာဂတ္ကမေရမရာျဖစ္ေနတုန္းျဖစ္ပါတယ္။ယင္းကဲ့သို႔ဘာစီလိုနာဘက္ကကိုးမန္းရဲ႕အနာဂတ္အားတိတိက်က်မဆုံးျဖတ္ေသးမႈနဲ႔အတူဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ေအးဂ်င့္အဖြဲ႕ကလည္းအႀကီးအက်ယ္ေဒါသထြက္လ်က္ရွိေနပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့ႏွစ္တုန္းက၁၂ႏွစ္အတြင္းပထမဆုံးအႀကိမ္ဖလားလက္မဲ့ရာသီႏွင့္ႀကဳံၿပီးေနာက္ဆီတိန္းကိုထုတ္ပယ္ကာကိုးမန္းအား၂ႏွစ္စာခ်ဳပ္ျဖင့္ခန႔္အပ္ခဲ့ပါတယ္။

ကိုးမန္းဟာဘာစီလိုနာကိုကိုင္တြယ္တဲ့ပထမဆုံးရာသီမွာကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းလာလီဂါတြင္အဆင့္၃တြင္သာရပ္တည္ႏိုင္ခဲ့ကာခ်န္ပီယံလိဂ္တြင္လည္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရပါတယ္။

ကိုးမန္းလက္ထက္မွာဘာစီလိုနာဟာတိုးတက္မႈမ်ားျပသေနေပမယ့္လည္းဘာစီလိုနာဥကၠဌသစ္လာေပၚတာဟာအနာဂတ္ႏွင့္ပတ္သက္ၿပီးဆုံးျဖတ္ျခင္းမရွိေသးပါဘူး။ကိုးမန္းႏွင့္ေအးဂ်င့္တို႔ဟာဘာစီလိုနာဥကၠဌလာေပၚတာထံသို႔သြားေရာက္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကေသာ္လည္းယခုတိုင္မဆုံးျဖတ္ေသးပါဘူး။

ဒါေၾကာင့္လည္းကကိုးမန္းရဲ႕ကိုယ္စားလွယ္အဖြဲ႕ WassermanNetherlands က “မင္းကိုလက္ေတာ့ထပ္မယ္။ဒါေပမယ့္သံသယေတာ့ရွိတယ္။ငါ့ကိုပိုေကာင္းတဲ့တြဲဖက္ရွာဖို႔ႏွစ္ပတ္အခ်ိန္ေပး။သင့္ေတာ္တဲ့သူရွာမရဘူးဆိုရင္ေတာ့ဘယ္လိုဘဲျဖစ္ျဖစ္မင္းကိုဘဲလက္ထပ္မယ္”ဆိုၿပီးတြစ္တာမွာတင္ကာဘာစီလိုနာတာဝန္ရွိသူမ်ားအားေဝဖန္သြားပါတယ္။