ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နှင့် ဆက်သွယ်မှုမရှိကြောင်း ဂျိုးအာချင်လောငြင်းဆို

ဂျိုးအာချင်လောက၎င်းမှာဘာစီလိုနာ(သို့မဟုတ်)ရီးရဲလ်မက်ဒရစ်တို့ရဲ့ဆက်သွယ်မှုမရရှိထားကြောင်းနှင့်ကလပ်နည်းပြလောကသို့ဝင်ရောက်ရန်မစဉ်းစားသေးကြောင်းပြောကြားလိုက်ပါတယ်။

ဂျိုးအာချင်လောဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်၁၇နှစ်ကြာကိုင်တွယ်လာခဲ့တဲ့ဂျာမနီနည်းပြရာထူးမှထွက်ခွာပါမယ်။

ရီးရဲလ်မက်ဒရစ်ဟာဇီဒန်းထွက်ခွာသွားပြီးနောက်နည်းပြသစ်ရှာဖွေနေသလိုဘာစီလိုနာမှာလည်းကိုးမန်းနေရာတွင်အစားထိုးဖို့နည်းပြရှာနေပါတယ်။

ဂျိုးအာချင်လောက “ဘယ်သူမှကျွန်တော့်ကိုမဆက်သွယ်ပါဘူး။လွန်ခဲ့တဲ့လအနည်းငယ်ခန့်ကတည်းကပြောထားပြီးသားပါ။ကျွန်တော်ခဏတဖြုတ်အနားယူပါမယ်။ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး။ကလပ်အသင်းတစ်သင်းကိုဦးဆောင်နိုင်မယ်လို့မထင်ပါဘူး။ကျွန်တော်ဟာဂျာမနီဘောလုံးအဖွဲ့ချုပ်မှာ၁၇နှစ်တာဝန်ထမ်းဆောင်လာခဲ့သူပါ။နှလုံးသားနီးစပ်ဖို့လိုပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ဂျိုးအာချင်လောဟာ၂၀၀၄ခုနှစ်တွင်ဂျာမနီနည်းပြကလင်းစမန်းရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်၂နှစ်အကြာတွင်ဂျာမနီအသင်းကိုဦးဆောင်ခဲ့ပါတယ်။သူ့လက်ထက်မှာဂျာမနီအသင်းဟာ၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ZawGyi

ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔ႏွင့္ ဆက္သြယ္မႈမရွိေၾကာင္း ဂ်ိဳးအာခ်င္ေလာျငင္းဆို

ဂ်ိဳးအာခ်င္ေလာက၎မွာဘာစီလိုနာ(သို႔မဟုတ္)ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ဆက္သြယ္မႈမရရွိထားေၾကာင္းႏွင့္ကလပ္နည္းျပေလာကသို႔ဝင္ေရာက္ရန္မစဥ္းစားေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂ်ိဳးအာခ်င္ေလာဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္၁၇ႏွစ္ၾကာကိုင္တြယ္လာခဲ့တဲ့ဂ်ာမနီနည္းျပရာထူးမွထြက္ခြာပါမယ္။

ရီးရဲလ္မက္ဒရစ္ဟာဇီဒန္းထြက္ခြာသြားၿပီးေနာက္နည္းျပသစ္ရွာေဖြေနသလိုဘာစီလိုနာမွာလည္းကိုးမန္းေနရာတြင္အစားထိုးဖို႔နည္းျပရွာေနပါတယ္။

ဂ်ိဳးအာခ်င္ေလာက “ဘယ္သူမွကြၽန္ေတာ့္ကိုမဆက္သြယ္ပါဘူး။လြန္ခဲ့တဲ့လအနည္းငယ္ခန႔္ကတည္းကေျပာထားၿပီးသားပါ။ကြၽန္ေတာ္ခဏတျဖဳတ္အနားယူပါမယ္။ဘာမွေျပာင္းလဲမွာမဟုတ္ပါဘူး။ကလပ္အသင္းတစ္သင္းကိုဦးေဆာင္ႏိုင္မယ္လို႔မထင္ပါဘူး။ကြၽန္ေတာ္ဟာဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္မွာ၁၇ႏွစ္တာဝန္ထမ္းေဆာင္လာခဲ့သူပါ။ႏွလုံးသားနီးစပ္ဖို႔လိုပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ိဳးအာခ်င္ေလာဟာ၂၀၀၄ခုႏွစ္တြင္ဂ်ာမနီနည္းျပကလင္းစမန္းရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ၿပီးေနာက္၂ႏွစ္အၾကာတြင္ဂ်ာမနီအသင္းကိုဦးေဆာင္ခဲ့ပါတယ္။သူ႔လက္ထက္မွာဂ်ာမနီအသင္းဟာ၂၀၁၄ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။