ဘာဆုဖလားမှရလာမှာမဟုတ်လို့ အထုတ်မခံရမီ ခေါင်းမော့ရင်ကော့ ထွက်ခွာသွားရန် ဆိုးလ်ရှားကို ဖာဒီနန်တိုက်တွန်း

ရီယိုဖာဒီနန်ကအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်ကလပ်ရဲ့အရှက်တကွဲအကျိုးနည်းထုတ်ပယ်ခြင်းမခံရမီ ခေါင်းမော့ရင်ကော့ကာရာထူးမှနုတ်ထွက်သွားရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်ဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ခါးသီးလှတဲ့ပြိုင်ဘက်မန်စီးတီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဟာယခုရာသီတွင်အိုးထရက်ဖို့ဒ်မှာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဖိအားပိုင်းအမြင့်မားဆုံးဖြစ်လာခဲ့ပေမယ့်စပါးစ်ကိုအဝေးကွင်းမှာအနိုင်ရရှိမှုနဲ့အတူအသက်ရှုအနည်းငယ်ချောင်ခဲ့ပါတယ်။ဒါပေမယ့်ဆိုးလ်ရှားဟာမန်စီးတီးကိုရှုံးနိမ့်မှုနဲ့အတူဖိအားအလွန်မြင့်မားလာခဲ့ပြန်ပါတယ်။

အသက်၄၈နှစ်ရှိနည်းပြဟာနိုင်ငံတကာပွဲစဉ်များရှိမှုနဲ့အတူ လက်ရွေးစင်အသင်းတွင်ရွေးချယ်ခြင်းမခံရတဲ့ကစားသမားများနှင့် နည်ပြအဖွဲ့ဝင်များကိုတစ်ပတ်ကြာအနားပေးပြီးတနင်္လာနေ့တုန်းကမိသားစုဝင်များနှင့်အတူ မွေးရပ်မြေနော်ဝေသို့စင်းလုံးငှားလေယာဉ်ဖြင့်ထွက်ခွာသွားပါတယ်။

ဇူလိုင်လတုန်းကမှမန်ယူနှင့်သုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ဆိုးလ်ရှားဟာလတ်တလောတွင်ထုတ်ပယ်ခြင်းခံရဖွယ်မရှိသေးဘဲနိုင်ငံတကာပွဲအပြီးတွင်ကစားရမယ့်ဝက်ဖို့ဒ်နှင့်အဝေးကွင်းပွဲအားကိုင်တွယ်ခွင့်ရရှိထားကာယင်းပွဲတွင်အသင်းကိုအလှည့်အပြောင်းဖြစ်အောင်ပြုလုပ်ရန်အခွင့်အရေးရရှိထားတယ်လို့ယူဆရပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာလက်စတာစီးတီးနည်းပြဘရန်ဒန်ရော်ဂျာကိုဆက်သွယ်မှုပြုလုပ်နေတယ်လို့သတင်းများထွက်ပေါ်နေပေမယ့်လည်း ဆိုးလ်ရှားကိုအပြည့်အဝထောက်ခံဆဲဖြစ်တယ်လို့ယုံကြည်ရပါတယ်။

ရီယိုဖာဒီနန်ဟာယခင်တုန်းကဆိုးလ်ရှားကိုအပြည့်အဝထောက်ခံခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ယခုတစ်ကြိမ်တွင်တော့ရီယိုဖာဒီနန်ဟာဆိုးလ်ရှားနှင့်ပတ်သက်ပြီးသူ့အမြင်ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။

ဖာဒီနန်က “ကျွန်တော်တို့အမှတ်ပေးဖလားအတွက်စိန်ခေါ်နိုင်တော့မယ်လို့မထင်တော့ပါဘူး။အပတ်တိုင်းကိုယ့်အသင်းကိုကြည့်ရတာဘာနည်းဗျူဟာသုံးနေလဲဆိုတာနဲ့ပတ်သက်ပြီးအံ့ဩသင့်နေရတယ်။ဘာဖီလော်ဆိုဖီမှမမြင်ရသလိုမန်ယူကစားပုံကမန်နေဂျာအဖွဲ့ကညွန်ကြားသလိုလည်းကစားနေပုံမရပါဘူး။အသင်းကိုကြည့်ရင်းစိတ်ပျက်နေရတယ်။အသင်းကိုချန်ပီယံဖြစ်အောင်လုပ်ပေးနိုင်မယ်ထင်လား။ကျွန်တော်ကတော့လုံးဝကိုမယုံပါဘူး။လုပ်နိုင်မယ်လို့လည်းမထင်ဘူး။ရာသီအစမှာရောအခုရောအသင်းကိုမြင်တွေ့ရတဲ့ပုံမျိုးနဲ့ဆိုရင်သူ့အနေနဲ့ဘက်တန်(နည်းပြရာထူး)ကိုကျွန်တော်တို့ကိုဦးဆောင်မှုပေးနိုင်တဲ့သူဆီကိုလွဲပေးလိုက်တာအကောင်းဆုံးပါ။အခုကရာသီအစပဲရှိသေးတော့အိုလီအတွက်အခုအချိန်မှာခေါင်းမော့ရင်ကော့ပြီးထွက်ခွာသွားတာအကောင်းဆုံးလို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာမန်စီးတီးအားရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာတွင်ရပ်တည်နေပြီးအဆင့်၄နေရာမှလီဗာပူးနှင့်၄မှတ်၊ထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၉မှတ်အသီးသီးကွာဟနေပါတယ်။

ZawGyi

ဘာဆုဖလားမွရလာမွာမဟုတ္လို႔ အထုတ္မခံရမီ ေခါင္းေမာ့ရင္ေကာ့ ထြက္ခြာသြားရန္ ဆိုးလ္ရွားကို ဖာဒီနန္တိုက္တြန္း

ရီယိုဖာဒီနန္ကအိုလီဂန္းနားဆိုးလ္ရွားအေနျဖင့္ကလပ္ရဲ႕အရွက္တကြဲအက်ိဳးနည္းထုတ္ပယ္ျခင္းမခံရမီ ေခါင္းေမာ့ရင္ေကာ့ကာရာထူးမွႏုတ္ထြက္သြားရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ခ်က္စတာယူႏိုက္တက္ဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ခါးသီးလွတဲ့ၿပိဳင္ဘက္မန္စီးတီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပဟာယခုရာသီတြင္အိုးထရက္ဖို႔ဒ္မွာလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဖိအားပိုင္းအျမင့္မားဆုံးျဖစ္လာခဲ့ေပမယ့္စပါးစ္ကိုအေဝးကြင္းမွာအႏိုင္ရရွိမႈနဲ႔အတူအသက္ရႈအနည္းငယ္ေခ်ာင္ခဲ့ပါတယ္။ဒါေပမယ့္ဆိုးလ္ရွားဟာမန္စီးတီးကိုရႈံးနိမ့္မႈနဲ႔အတူဖိအားအလြန္ျမင့္မားလာခဲ့ျပန္ပါတယ္။

အသက္၄၈ႏွစ္ရွိနည္းျပဟာႏိုင္ငံတကာပြဲစဥ္မ်ားရွိမႈနဲ႔အတူ လက္ေ႐ြးစင္အသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံရတဲ့ကစားသမားမ်ားႏွင့္ နည္ျပအဖြဲ႕ဝင္မ်ားကိုတစ္ပတ္ၾကာအနားေပးၿပီးတနလၤာေန႔တုန္းကမိသားစုဝင္မ်ားႏွင့္အတူ ေမြးရပ္ေျမေနာ္ေဝသို႔စင္းလုံးငွားေလယာဥ္ျဖင့္ထြက္ခြာသြားပါတယ္။

ဇူလိုင္လတုန္းကမွမန္ယူႏွင့္သုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ဆိုးလ္ရွားဟာလတ္တေလာတြင္ထုတ္ပယ္ျခင္းခံရဖြယ္မရွိေသးဘဲႏိုင္ငံတကာပြဲအၿပီးတြင္ကစားရမယ့္ဝက္ဖို႔ဒ္ႏွင့္အေဝးကြင္းပြဲအားကိုင္တြယ္ခြင့္ရရွိထားကာယင္းပြဲတြင္အသင္းကိုအလွည့္အေျပာင္းျဖစ္ေအာင္ျပဳလုပ္ရန္အခြင့္အေရးရရွိထားတယ္လို႔ယူဆရပါတယ္။

မန္ယူဘုတ္အဖြဲ႕ဟာလက္စတာစီးတီးနည္းျပဘရန္ဒန္ေရာ္ဂ်ာကိုဆက္သြယ္မႈျပဳလုပ္ေနတယ္လို႔သတင္းမ်ားထြက္ေပၚေနေပမယ့္လည္း ဆိုးလ္ရွားကိုအျပည့္အဝေထာက္ခံဆဲျဖစ္တယ္လို႔ယုံၾကည္ရပါတယ္။

ရီယိုဖာဒီနန္ဟာယခင္တုန္းကဆိုးလ္ရွားကိုအျပည့္အဝေထာက္ခံခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ယခုတစ္ႀကိမ္တြင္ေတာ့ရီယိုဖာဒီနန္ဟာဆိုးလ္ရွားႏွင့္ပတ္သက္ၿပီးသူ႔အျမင္ေျပာင္းလဲလာခဲ့ၿပီျဖစ္ပါတယ္။

ဖာဒီနန္က “ကြၽန္ေတာ္တို႔အမွတ္ေပးဖလားအတြက္စိန္ေခၚႏိုင္ေတာ့မယ္လို႔မထင္ေတာ့ပါဘူး။အပတ္တိုင္းကိုယ့္အသင္းကိုၾကည့္ရတာဘာနည္းဗ်ဴဟာသုံးေနလဲဆိုတာနဲ႔ပတ္သက္ၿပီးအံ့ဩသင့္ေနရတယ္။ဘာဖီေလာ္ဆိုဖီမွမျမင္ရသလိုမန္ယူကစားပုံကမန္ေနဂ်ာအဖြဲ႕ကၫြန္ၾကားသလိုလည္းကစားေနပုံမရပါဘူး။အသင္းကိုၾကည့္ရင္းစိတ္ပ်က္ေနရတယ္။အသင္းကိုခ်န္ပီယံျဖစ္ေအာင္လုပ္ေပးႏိုင္မယ္ထင္လား။ကြၽန္ေတာ္ကေတာ့လုံးဝကိုမယုံပါဘူး။လုပ္ႏိုင္မယ္လို႔လည္းမထင္ဘူး။ရာသီအစမွာေရာအခုေရာအသင္းကိုျမင္ေတြ႕ရတဲ့ပုံမ်ိဳးနဲ႔ဆိုရင္သူ႔အေနနဲ႔ဘက္တန္(နည္းျပရာထူး)ကိုကြၽန္ေတာ္တို႔ကိုဦးေဆာင္မႈေပးႏိုင္တဲ့သူဆီကိုလြဲေပးလိုက္တာအေကာင္းဆုံးပါ။အခုကရာသီအစပဲရွိေသးေတာ့အိုလီအတြက္အခုအခ်ိန္မွာေခါင္းေမာ့ရင္ေကာ့ၿပီးထြက္ခြာသြားတာအေကာင္းဆုံးလို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာမန္စီးတီးအားရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၆ေနရာတြင္ရပ္တည္ေနၿပီးအဆင့္၄ေနရာမွလီဗာပူးႏွင့္၄မွတ္၊ထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၉မွတ္အသီးသီးကြာဟေနပါတယ္။