ဘာတိုမြူလက်ထက်မှငွေပေးချေမှုများကို ဘာစီလိုနာစစ်ဆေးသွားမည်

ဘာစီလိုနာဟာဟိုဆေးမာရီယာဘာတိုမြူလက်ထက်တုန်းကချုပ်ဆိုခဲ့တဲ့စာချုပ်များနှင့်ပတ်သက်ပြီးတိုင်ကြားမှုများရှိနေမှုနှင့်အတူစစ်ဆေးမှုများပြုလုပ်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဥက္ကဌဟောင်းဘာတိုမြူလက်ထက်တုန်းကချုပ်ဆိုခဲ့တဲ့ကန်ထရိုက်တာများဟာစာချုပ်ပါအချက်အတိုင်းပစ္စည်းထောက်ပံ့ရန်ပျက်ကွက်တဲ့အပြင်အချို့မှာလည်းလုပ်ဆောင်မှုပြီးပြတ်မှုမရှိကြောင်းတွေ့ရှိပါတယ်။

ဘာစီလိုနာဥက္ကဌဟောင်းဘာတိုမြူဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာတုန်းကဘာစီလိုနာဥက္ကဌရာထူးမှနုတ်ထွက်ခဲ့ရသူဖြစ်ပြီးယခုနှစ်အစောပိုင်းတုန်းကလာပေါ်တာကဥက္ကဌသစ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

ဘာတိုမြူလက်ထက်တုန်းကဘာစီလိုနာဟာကုမ္ပဏီအမြောက်အမြားတို့ကိုအသင်းအတွက်အလုပ်လုပ်ပေးရန်ငှားရမ်းမှုပြုလုပ်ခဲ့သော်လည်းအများစုမှာပြီးပြတ်မှုမရှိကြောင်းတွေ့ရပါတယ်။

ZawGyi




